Ma MaDecember 14, 20121min39749
နှစ်တစ်နှစ်ရဲ့ အဆုံးဖြစ်တဲ့ ဒီဇင်ဘာမှာ…….. အလုပ်ပိတ်ရက်ရှည် ရကြလို့…….. နိုင်ငံရပ်ခြား ရောက်နေကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ အလည်ပြန်လာလေ့ရှိပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာတော့ နိုင်ငံခြားရောက်နေတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေ မိသားစု ပြန်လာပါတယ်။ မိသားစုလိုက်မို့ လည်ချင်တာ ဝယ်ချင်တာတွေ လိုက်ပို့ရင်း…… သူတို့ရဲ့ ရနှစ်ရှိပြီဖြစ်တဲ့ သားလေးနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ပါတယ်။ မြန်မာပြည်ကို ခုမှ ပထမဦးဆုံးအကြိမ်ရောက်လာတဲ့ ကလေးမို့ မြန်မာပြည်ဆောင်းတွင်းကို ပူလို့ဆိုပြီး အော်နေပါတယ်။ ဒါပေမယ့် လျှောက်သွား စားသောက်ရတာကိုတော့ အတော်ပျော်နေပုံ ပေါက်ပါတယ်။ ကလေးနဲ့စကားပြောရင်း မြန်မာပြည်ပြန်လာတာ ပျော်လားလို့ မေးကြည့်တော့… ပျော်တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲမေးတော့ Free Country လို့ ပြောပါတယ်။ ကိုယ်တိုင်လည်း E မကျွမ်းသူမို့ သူ့ကို အင်တာနေရှင်နယ် ဘော်ဒီလန်းဂွေ့တွေနဲ့ […]