PhyoSeptember 8, 20101min28822
ဒီတစ်လက အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ လိင်တူချစ်သူတွေအတွက်ဆိုရင် အရေးကြီး အရေးပါတဲ့ လတစ်လဆိုလို့ရှိရင်မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မေ ၁ရ ရက်နေ့က နိုင်ငံတကာ လိင်တူချစ်သူများအပေါ် မုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် ဖြစ်နေလို့ပါ။ အဲဒါကြောင့် ဒီတလရဲ့ In & Out ကဏ္ဍမှာ လိင်တူချစ်သူဖြစ်တဲ့အတွက် မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့  ခွဲခြားဖိနှိပ်မှုတွေကို ခါးစီးခံရင်း လိင်တူချစ်သူဘဝကို အောင်မြင်စွာနဲ့ဖြတ်သန်းလာခဲ့တဲ့  လိင်တူချစ်သူ တယောက်ရဲ့ ခံစားခဲ့ရသော ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့သူတယောက်နဲ့ တွေ့ဆုံအင်တာဗျူးခဲ့တာကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။ မေး။    ။ အစ်မရဲ့နာမည်နဲ့ နေရပ်လိပ်စာလေးကို ပြောပြပေးပါလား။ ဖြေ။    ။ ကျမနာမည် မမော်ဒယ် ဖြစ်ပါတယ်။ ကျမက မော်လမြိုင်ကလာတာ။ ကျမက ရနောင်းမြို့ တည်းခိုခန်းမှာ […]