PhyoAugust 25, 20101min24012
ယူရီနှင့် ခွန်မယ်ထီး ဒီတစ်လအတွက် လိင်တူ လက်ထပ်ထိမ်းမြားခြင်း ဟူသော ခေါင်းစဉ်နဲ့ အထူးအင်တာဗျူး ကဏ္ဍလေးကိုတော့ ကရင်အမျိုးသား အဆိုတော် ယူရီနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။ ယူရီဟာ ထိုင်းနိုင်ငံ အတွင်းမှာ ထိုင်းလူမျိုး ချစ်သူလေးနဲ့ နှစ်ဖက်မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေ အားလုံးရဲ့ သဘောတူညီချက် အပါအဝင် ခရစ်ယာန် ဘာသာကို ကိုးကွယ်ယုံကြည်သည့် အလျှောက် သင်းအုပ်ဆရာရဲ့ ရှေ့မှောက်မှာ တရားဝင် လက်မှတ်ရေးထိုး လက်ထပ်ထားပြီးတဲ့ လိင်တူချစ်သူ တယောက်ပဲ ဖြစ်ပါတယ်။ နာမည်လေးတွေကို စာဖတ်ပရိသတ်ကို တချက်လောက် မိတ်ဆက်ပေးပါဦး။ ကျွန်တော့်နာမည် ယူရီလို ့ခေါ်ပါတယ်။ ကျွန်တော့် ဘဝလက်တွဲဖော် နာမည်ကတော့ ခွန်မယ်ထီး လို့ ခေါ်ပါတယ် ခင်ဗျား။ ဘယ်အချိန်ကစပြီး ချစ်သူနှစ်ဦး ဆုံတွေ့ခဲ့ကြတာလဲ။ […]