နေဠု ၀င်းAugust 28, 20121min23013
မန္တလေးနည်းပညာတက္ကသိုလ်။ဒီနာမည်ကြားရင် လူတွေကနှာခေါင်းရှုံ့ချင်ကြတယ်။သူတို့သားသမီးတွေ GTC တက်ချင်တယ်လို့ပြောရင် ကန့်ကွက်ကြတယ်။ဒီကျောင်းတက်ရင်ပျက်စီးကြတယ်လို့ ထင်ကြတယ်။ထင်လည်းထင်ချင်စရာပါပဲ တက္ကသိုလ်ရှိတဲ့နေရာကိုက အိုးဘိုထောင်နားကမြို့ပြင်မှာ။ပတ်ပတ်လည်ကိုကြည့်လိုက် လယ်ကွင်းတွေချည်းပဲ။မြို့ထဲကနေ ၁၅မိနစ်လောက်သွားမှ ကျောင်းရောက်တယ်။ကျောင်းသားတွေ break time ဆင်းရင် ကန်တင်းသွားရင်သွား မသွားရင် beerဆိုင်တွေပဲရောက်နေတယ်။ကျောင်းကနေ ၁ဝမိနစ် လောက်သွားလိုက်ရင် ထန်းတောတွေများပေါမှပေါ။နည်းပညာတက္ကသိုလ်တဲ့ နာမည်နဲ့လိုက်အောင် ဆောက်ထားတဲ့အဆောင်တွေက ကျွံတဲ့ဟာကကျွံ၊အင်ဂျင်နီယာကျောင်းလို့ပြောရမှာတောင်ရှက်တယ်။ဆေးတက္ကသိုလ်ကျတော့ မြိုလယ်ခေါင်မှာ နည်းပညာတက္ကသိုလ်ကျတော့ မြို့ပြင်ထုတ်ထားတယ်။နိုင်ငံတစ်နိုင်ငံမှာဆေးပညာပဲ အရေးပါတာမဟုတ်ပါဘူး။နည်းပညာမရှိရင် ခေတ်နောက်ကျနေမှာ အသေအချာပါပဲ။ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်ဆိုရင် အထင်ကြီးကြတယ်။အထင်ကြီးတာလည်း မပြောနဲ့ ၁ဝတန်းအောင်ပြီးလို့အမှတ်ကောင်းရင် ဘယ်တက္ကသိုလ်တက်မှာလည်း မမေးနဲ့။ဆေးတက္ကသိုလ်လို့ပဲဖြေ မှာသေချာပါတယ်။ဒါကိုကြည့်ရင် လူတော်တွေ ဆေးတက္ကသိုလ်သွားပြီး လူညံ့တွေကို အခြားတက္ကသိုလ်တွေက မျှယူရသလိုဖြစ်နေတယ်။နိုင်ငံတိုးတက်ချင်ရင် အခြေခံကစပြီးပြင်ရမှာပါ။ကျောင်းသားတွေအမှတ်ကောင်းရင် ဆေးကျောင်းသားတွေဖြစ်ကုန်တော့တာပါပဲ။ဝါသနာပါလား၊မပါလားမမေးနဲ့။ရှေ့ကသွားတဲ့လူတွေက မှားရင် နောက်ကလိုက်တဲ့လူကမှားတာ မဆန်းပါဘူး။ဆေးတက္ကသိုလ်မကောင်းကြောင်းရေးတာမဟုတ်ပါဘူး။ကျောင်းသားတွေ၁ဝတန်းအောင်လို့ တက္ကသိုလ်ရွေးရင် ကိုယ်ဝါသနာပါတာကို ရွေးတာအကောင်းဆုံးပါပဲ။အမှတ်ကောင်းလို့ အမှတ်မြင့်တဲ့ တက္ကသိုလ်တက်တယ်ဆိုတာ ရေရှည်ကျရင် နိုင်ငံအတွက်မကောင်းပါဘူး။သားသမီးတွေတက်ချင်တဲ့ တက္ကသိုလ်ကို မိဘတွေက […]