fattyDecember 13, 20111min27714
ကျနော့အိမ်နီးနားချင်းတဦးဟာ မျက်စိရှေ့မှာတင်ဘဲ နေမကောင်းဖြစ်ပြီး ချက်ချင်းပိန်ကျသွားပါတယ်။ ပထမတော့ TB ဖြစ်တယ်လို့ပြောသေးတယ်။ ကျနော်ကတော့ရိတ်မိလိုက်ပြီ ဒီလူ HIV ဘဲနေမှာဆိုပြီး …။ နောက်တော့ အိမ်ထဲကနေထွက်မလာတော့ပါဘူး။ ရန်ကုန်မှာဆိုတော့ သိကြတဲ့အတိုင်း နယ်မှာလို မစပ်စုကြဘူးလေ သွားလဲမမေးကြပါဘူး။ နောက်တော့ပါတ်ဝန်းကျင်ကပါ သိလာပါတယ်။ သူတို့က ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားတယ်။ အဲဒီလူက သက်သာလာရင် အပြင်ပြန်ထွက်လာတယ်။ ရောဂါပြန်ထလာရင် အိမ်ထဲကမထွက်ပြန်ဘူး …။ အခုတလောတော့သက်သာနေလို့ ခေါက်ဆွဲတွေဘာတွေ ဝင်လုပ်နေပြီ .. အဲဒါ ကူးစက်တတ်ပါသလားလို့သိချင်ပါတယ်။ နားလည်သူများဖြေပေးစေချင်ပါတယ် .. အများကိုရောင်းနေတာမို့ပါ …။