လူတွေမှာ စိတ်ဓာတ်နှစ်မျိုးရှိတယ်.. တစ်မျိုးက ပြဌာန်းတဲ့စိတ် နောက်တစ်မျိုးက မပြဌာန်းတဲ့စိတ်…တဲ့။ (၁)မပြဌာန်းတဲ့စိတ်ပိုင်ရှင်ဟာ..တန်ခိုးမရှိဘူး။သူဟာ ခြေလက်ဂနာမငြိမ်ဘူး။တစ်နေရာတည်းမှာလည်း ကြာကြာမထိုင်ဘူး။အကြောင်းမဲ့ ခြေလက်ကို တစ်ခုခုလှုပ်ရှားနေတတ်တယ်။တချို့ဆို ဒူးတောင်နန့်နေတတ်တယ်။ ဟိုကြည့် ဒီကြည့်လုပ်နေတတ်တယ်။အဲဒီလိုပဲ ပါးစပ်ကလည်း မငြိမ်ဘူး။ပြောမိပြောရာ ပြောနေတတ်တယ်။မမေးဘဲနဲ့ သူကဖြေတတ်တယ်။ထူးထူးဆန်းဆန်း အကြောင်းအရာတစ်ခုတွေ့လာရင် မျိုသိပ်မထားတတ်ဘူး။တွေ့တဲ့သူကို ပြောတော့တာပဲ။သူ့မှာလျှို့ဝှက်တယ်၊သိုသိပ်တယ်ဆိုတဲ့ အရာဘာမှ မရှိဘူး။ သူ့မှာရှိတဲ့သောကတွေကို လူတစ်ဖက်သားပါစိတ်ညစ်အောင် ပြောပြတတ်တယ်။အဓိပ္ပာယ်ကတော့ သူဟာသောကရောက်နေပါတယ်။သူ့ကို သနားပါ၊ကူညီပါ ဆိုတဲ့ သဘောပေါ့။နည်းနည်းလေးသိတာကို အများကြီးသိတဲ့ဟန်ပန်မျိုးနဲ့ လျှောက်ပြောတတ်တယ်။သူကြုံတွေ့နေရတဲ့ သာမန်ဒုက္ခတွေဟာ တကယ့်ဒုက္ခကြီးလို သူကသဘောထားပြီး သူတစ်ပါးကို ပြောတတ်တယ်။သူတစ်ပါး ပြောတဲ့အခါမှာလည်း ပြောတဲ့လူရဲ့ မျက်နှာကိုကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ နားထောင်တတ်တယ်။ (၂)ပြဌာန်းတဲ့စိတ်ပိုင်ရှင်ကတော့… ခြေလက်ဂနာငြိမ်တယ်။ ကို်ယ်ကာယလည်း ငြိမ်တယ်။မျက်စိအကြည့်လည်း ဂနာငြိမ်တယ်။ဘယ်လိုထူးဆန်းတဲ့အကြောင်းအရာတွေကို ဘယ်လိုပဲတွေ့ခဲ့တွေ့ခဲ့ မလိုအပ်ရင် ဘာမှမပြောဘူး။သူ့မှာရှိတဲ့သောကတွေကိုလည်း သူတစ်ပါးကို မပြောပြတတ်ဘူး။သူတစ်ပါးရဲ့ အကူအညီကိုလည်းမလိုဘူး။ သူကြုံတွေ့နေရတဲ့ ဒုက္ခ၊သောကတွေကိုလည်း […]