မြင်နေရတာတွေကို ရင်ထဲမကောင်းပါ။ ဘယ်သူ့ကိုမှ ဘယ်ဘက်ကိုမှလည်း ဝေဖန် လေကန်မလုပ်လိုတော့။ ရှင်းရှင်းပြောရရင် ဒေါ်စုကိုယ်တိုင်က အချိန်တန်ပါတယ်။ ပြတ်သားသင့်ပါတယ်ဆိုရင် ကျွန်ုပ်တို့ဘက်က အပြည့်အဝမထောက်ခံနိုင်စရာအကြောင်းကိုမရှိ။ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ရှာမယ့် အဖြစ်မျိုးတွေမကြုံစေလိုတော့။ သွေးတိုးလှုံ့ဆော်ကြမယ့်အစား နားချဖျောင်းဖျပြီး ကိုယ့်ခေါင်းဆောင်ကောင်းကိုအရင်လမ်းဖွင့်ပေးကြစေချင်တယ်။ ကိုယ့်ထက်တတ်သိနားလည်တဲ့ ခေါင်းဆောင်တောင် ပြတ်ပြတ်သားသားမရပ်တည်နိုင်သေးတာမို့ ခဏလောက်သီးခံလိုက်ကြတာပိုမကောင်းဘူးလားလို့။   ဒေါ်စုကိုထောက်ခံသူတွေကပဲ ဒေါ်စုရဲ့Image ကိုဖျက်နေကြပြီလား။ :b: (ရင်ထဲတကယ်မကောင်းလို့ရေးမိတဲ့စာ) 😕