zaylayJune 12, 20101min1652
GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့ ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလား လို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ် အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့ တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ် အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို ပြန်တောင်းပန်ပြီ ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ် ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့ ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ် လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ် အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ် အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား […]


zaylayJune 12, 20101min1320
ထမင်းစားပြီးရှေင်ကြဉ်သင့်သောအချက်(၇)ချက် မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။ (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) ရေမချိုးပါနှင့်။ ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ […]


zaylayJune 12, 20101min1090
ဆရာ – မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁ဝ ရှိတယ်။ မင်းက သူဆီက ၆ ကျပ် မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။ မောင်ပု – ၁ဝ ပါ ဆရာ။ ဆရာ – မင်း က သချာင်္ ကို နားမလည်ဘူးပဲ။ မောင်ပု – ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။ ဆရာ – မာရီယာ ထွက်ခဲ.၊ ဟောဒီ ကမာ္ဘမြေပုံ ကနေ အမေရိကား တိုက်ကို ထောက်ပြစမ်း။ မာရီယာ – ဒီမှာ ပါ ဆရာ။ ဆရာ – မှန်တယ်။ ကဲ ကလေးတို.ရေ […]


zaylayJune 12, 20101min1662
ကွန်ပျူတာနှင့် တူသော မိန်းကလေးများ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာများ တိုးတက်နေသော ယနေ့ခေတ်ကြီးတွင် ကျွန်တော်သည် မြင်မြင်သမျှကို ကွန်ပျူတာတစ်လုံးနှင့် နှိုင်းယှဉ်ခံစားတတ်သော အလေ့အကျင့်ရှိသည်။ ဥပမာ လူတစ် ယောက်၏ ခန္စာကိုယ်ဖွဲ့တည်ဆောက်မှုသည် ကွန်ပျူတာဖြင့် ဆင်တူသည်ဟု ယူဆနေတတ်သည်။ ယခုလည်း ကျွန်တော်သည် အသက်အရွယ်အရ အိမ်ထောင်ပြုရမည့် အချိန်အခါသို့ ရောက်နေပေပြီ။ ထိုအခါ ကျွန်တော်နှင့် သက်ဆိုင်ရမည့် ဇနီးတစ်ယောက်အား ရှာဖွေရာတွင် ကျွန်တော်၏ အမူအကျင့် အတိုင်း ကွန်ပျူတာ အစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်လေ့လာ စဉ်းစားလျက် ရွေးချယ်ရ ခက်နေသည်။ စာဖတ်သူ အနေဖြင့် ကျွန်တော့် စဉ်းစားချက်များထဲမှ မည်ကဲ့သို့သော စရိုက်ရှိသူ အမျိုးကောင်း သမီးကို ရွေးချယ်သင့်သည်ကို ကူညီပေးပါရန် ကွန်ပျူတာနှင့် တူသော မိန်းကလေးများကို တင်ပြရသော်…… […]


zaylayJune 12, 20101min1712
ဆေးကျောင်းတခုတွင် ဖြစ်သည်.. ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်.. ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်… စစ် တဲ့ ပုံ စံ က တော့… ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်… ပြီး တော့. ကျောင်း သား၊ […]


zaylayJune 12, 20104min2013
Love is the master key that open every ward of the heart of man. -J.H. Evans အချစ်ဆိုတာ စိတ်ကူးယဉ်မှုက..ဖွား မိုက်မဲမှုက.. မွေး မျှော်လင့်ခြင်းက.. ကျွေးပြီး အကောင်းဆုံးအချိန်မှာ ပိုင်ဆိုင်လိုက်ရတဲ့အခိုက်မှာပဲ ဆုံးရှုံးသွားခဲ့တာပေါ့။ Love is begot by fancy bred by ignorance by expectation fed Destroyed by knowledge, and at best, Lost in the moment it’s possessed. -Baron Lansdowne George Granville အချစ်ဟာ နာရီတွေကို လတွေအဖြစ်ရေတွက်ပြီး […]


zaylayJune 12, 20101min1120
အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း လာတယ်လို့ ထောက်ခံထားကြတာပါ ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။ ၁။ နတ်သမီးအနမ်း ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို ခေါ်တာပါလို့ပြောကြပြန်တယ်။ ၂။ ပါးပြင်အနမ်း နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့ နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။ ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း […]


zaylayJune 12, 20101min1280
ပဒါးတလမ်း သံတလမ်း Mercury one way, Iron one way လက်လွတ်စပယ် Hand Free Jasmine ဆရာ မလုပ်နဲ ့ Don’t Make the Teacher ရေချိုးချင်တယ် I Want to Break the Water ဒီနေ ့ နေပွင့်တယ် Today, the Sun is Open ကျေးဇူးပြုပြီး မီးဖွင့်ပါ Please Open the Fire မီးပိတ်လိုက်တော့ Close the Fire ဗိုက်မဆာ ဘူးလား Stomach Not Hungry? ရေဝင်ပြေး Water Enter Run မနေ ့က […]


zaylayJune 12, 20101min1300
positive attitude ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။ သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။ ဖခင်။ ။ နေအုံး သား… ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။ သား။ ။ အော် ဒီလိုလား… အဖေ့ စကားနားထောင်လိုက်ပါမယ်။ ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး…. ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေး တစ်ယောက်တွေ့ထားတယ်။ ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။ ဖခင်။ ။ နေအုံး… ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် […]


zaylayJune 12, 20101min2151
The Cracked Pot (အက်ရာနဲ့ အိုးကလေး) the-cracked-pot.gif တစ်ခါက ရေထမ်းသမား တစ်ဦးမှာ ရေအိုး နှစ်လုံးရှိသတဲ့။ ရေထမ်းသမားက အဲ့ဒီ ရေအိုး နှစ်လုံးကို ထမ်းပိုး တစ်ဘက်တစ်ချက် ဆီမှာ ချိတ်ဆွဲပြီး ရေထမ်းထွက်လေ့ ရှိတယ်။ ရေအိုး တစ်လုံးမှာ အက်ရာရှိနေပြီး ရေတွေ စိမ့်ကျ ကျန်နေရစ်ခဲ့လို့ အဲ့ဒီ အိုးကလေးက ဘယ်တော့မှ ရေအပြည့် သယ်မပေးနိုင်ရှာဘူး။ ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ် အနာအဆာ လုံးဝ ကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။ အလွန်ဝေးတဲ့ ခရီး အတိုင်း ရေထမ်းသမား ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနဲ့ အိုးကလေးထဲက ရေဟာ အိုး တစ်ဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်က […]


zaylayJune 12, 20101min1321
no way out situation… ဖြေရှင်းမရနိုင်သောဖြစ်ရပ်… လယ်သမားတဦးသည်အရက်ဆိုင်တစ်ဆိုင်တွင်အရက်မူးနေလေ၏။ထိုအရက်ဆိုင်ထဲသို့လူစိမ်းတစ် ယောက်ဝင်လာကာလယ်သမားအားမေးလေ၏။ လူစိမ်း။ ဟေ့လူ၊ဒီလောက်ကောင်းတဲ့နေ့မှာဘာဖြစ်လို့ဒီမှာလာထိုင်ပြီးမူးနေရတာလဲ။ လယ်သမားကခေါင်းကိုတွင်တွင်ခါရမ်းလျှက်ပြန်ဖြေလိုက်သည်။ လယ်သမား။ ဖြေရှင်းလို့မရတဲ့အဖြစ်တခုကြောင့်ပေါ့ကွာ။ လူစိမ်းလည်းစိတ်ဝင်စားသွားကာလယ်သမားအနီးတွင်ဝင်ထိုင်ပြီးထပ်မေးလိုက်သည်။ လူစိမ်း။ ပြောစမ်းပါဦး၊ဘာတွေများဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့လဲ။ အဖြစ်ကတော့၊ လယ်သမားကသူ၏ဇာတ်လမ်းအားစတင်လိုက်လေသည်။ ဒီနေ့မနက်ကပေါ့၊ ငါကထုံးစမ်အတိုင်းငါ့နွားမကိုနို့ညှစ်နေခဲ့တာ။ နို့ပုံးပြည့်ခါနီးလောက်လဲရောက်ရော သေနာမက သူ့ဘယ်ခြေကိုမြှေုာက်ပြီးနို့ပုံးကိုပိတ်ကန်လိုက်တယ်လေ။ လူစိမ်း။ အင်း၊အဖြစ်ကဒီလောက်လဲမဆိုးသေးပါဘူး။ လယ်သမား။ တခါတလေကျတော့ဖြေရှင်းလို့မရဘူးကွ။ လူစိမ်း။ ထားပါတော့၊ပြီးတော့ဘာဆက်ဖြစ်သတုံး။ လယ်သမား။ ဒါနဲ့ငါလဲသူ့ဘယ်ခြေထောက်ကိုဆွဲ၊ ကြိုးနဲ့ဘယ်ဘက်ကတိုင်မှာချည်ထားလိုက် တယ်လေ။ လူစိမ်း။ ပြီးတော့ကော။ လယ်သမား။ ဒါနဲ့ငါလဲနို့ဆက်ညှစ်တာပေါ့။ နို့ပုံးပြည့်ခါနီးလဲရောက်ရော သောက်ဂန်းမက သူ့ ညာခြေကိုမြှောက်ပြီးနို့ပုံးကိုပိတ်ကန်ပြန်ရော။ လူစိမ်း။ နောက်တခါတောင်မှလား။ လယ်သမား။ တခါတလေကျတော့လဲဖြေရှင်းလို့မရဘူးကွ။ လူစိမ်း။ အဲဒီတော့ခင်ဗျားကဘာလုပ်လိုက်လဲ။ လယ်သမား။ ဒီတခါကျတော့ငါလဲသူ့ညာခြေထောက်ကိုဘေးကိုဆွဲ၊ ကြိုးနဲ့ညာဘက်ကတိုင်မှာချည် ထားလိုက်တာပေါ.။ လူစိမ်း။ ပြီးတော့ကော။ လယ်သမား။ ငါလဲပြန်ထိုင်ပြီး နို့ပြန်ညှစ်တာပေါ့။ […]


zaylayJune 12, 20101min2215
တစ်ရက်… အမျိုးသမီးတစ်ယောက် သူ့ယောက်ျားလုပ်သူကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။ ဆရာဝန်မလေးမှ မေးလိုက်သည်။ ]] ကဲ ကျွန်မဘာကူညီပေးရမလဲ }} အမျိုးသမီးမှ အနည်းငယ်ရှက်ရွံ့စွာဖြင့် ]] ဒေါက်တာ… ကျွန်မတို့နှစ်ယောက်မှာ အိမ်ထောင်ရေးသုခ အတွက် အဆင်မပြေဖြစ်နေလို့ပါ }} ဒေါက်တာ။ ။ ရှင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ အမျိုးသမီး။ ။ ၁ – နှစ်လောက်ရှိပါပြီရှင် ဒေါက်တာ။ ။ ကလေးတွေရောရှိပြီလား အမျိုးသမီး။ ။ မရှိသေးပါဘူးရှင် ဒေါက်တာ။ ။ မိဘတွေနဲ့ အတူနေတာလား အမျိုးသမီး။ ။ မဟုတ်ပါဘူး ဒေါက်တာ၊ နှစ်ယောက်တည်းနေတာပါ ဒေါက်တာ။ ။ ဟုတ်ပြီလေ၊ ကျွန်မ နှစ်ယောက်လုံးကိုဆေးစစ်ချက်လိုချင်တယ်။ အစ်မကို အရင်စစ်ဆေးကြည့်မယ်လေ ခဏအကြာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက် ဒေါက်တာ။ ။ […]


zaylayJune 12, 20101min1390
ဒေါက်တာရဲနိုင် ရေးတာပါ အဲဒီနည်းနဲ့လျော့တာ ပေါင် ၃၅ လောက်ကျတယ် စားရမယ့်အစီအစဉ်တွေက.. အဆီကျဟင်းရည် ကြက်သွန်နီဥကြီး ခြောက်လုံး ငရုတ်ပွ အစိမ်းနှစ်တောင့် ခရမ်းချဉ်သီး ခြောက်လုံး တရုတ်နံနံ တစ်စည်း ဂေါ်ဖီတစ်ထုတ် အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁ဝမိနစ်ထား နောက်မှမီးကို လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်ရပါမယ်… အဲဒီအရည်တွေကို ဝိတ်ချတဲ့ တစ်ပတ်လုံးသောက်ရပါမယ်… တတ်နိုင်ရင် အရွက်တွေပါစားရင်ပိုကောင်းတယ်။ ကျွန်မကတော့ အရည်ဘဲစစ်သောက်ဖြစ်တယ်… ပုံမှန်ဆို တစ်ပတ်ကို ၁ဝ ပေါင်ကျပေမယ့်… အရွက်တွေမစားတာရော လေ့ကျင့်ခန်းမလုပ်တာရောကြောင့် ၅ ပေါင်ဘဲကျပါတယ်… အနံ့အရသာရှိစေဖို့ ဆား ငရုပ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင်ပါတယ် ပထမနေ့ အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့ရတဲ့အစာတွေက လိမော်သီး ပန်းသီး သစ်တော်သီး မာလကာသီး ကျွဲကောသီး ကျန်တာ […]