လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။ ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့ ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ… ကိုယ့်ကိုယ်နှစ်သက် ဒီနေ့မှာ မနေ့ကလောက် ကိုယ့်ကိုယ်ကို မနှစ်သက်နိုင်ခဲ့ရင် မနက်ဖြန်က ကိုယ့်အတွက် ဘာအဓိပ္ပါယ်ရှိနိုင်မလဲ? သံသယများသူ တစ်ခါတလေမှာ လူတွေက သံသယများတတ်တယ်။ သံသယများတော့ ကိစ္စအသေးအမွှားတွေကအစ စိတ်ထဲထည့်မိတတ်တယ်။ တခြားလူ ကိုယ့်ကိုပိုကြည့်ဖြစ်ရင် ကိုယ့်ကို မနာလိုလု့ိ၊ ရန်ရှာချင်လို့လို့ ကိုယ်ထင်တတ်တယ်။ တခြားလူ ကိုယ့်ကိုမကြည့်ပြန်တော့ ကိုယ့်ကိုလျစ်လျူရှူထားတယ်လို့ ထင်မိပြန်တယ်။ သံသယများတဲ့လူရဲ့ နေ့စဉ်ဘဝက ပင်ပန်းလွန်းတယ်။ တခြားလူကြောင့် စိတ်ခံစားချက်တွေ အလွယ်တကူ ဖြစ်တတ်လို့ဖြစ်တယ်။ သံသယများတဲ့လူက တောင်တောင်မြောက်မြောက် လျှောက်တွေးနေတတ်လို့ အရှုပ်အထွေးတွေကြားမှာ ကိုယ့်စိတ်ကို ပိတ်မိနေတတ်တယ်။ ကိုယ်ဟာ သံလိုက်တစ်တုံး […]