we R oneOctober 15, 20121min1414
 လတ်တလော Facebook ရဲ ့ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမဘာတစ်လွားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ ့ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး […]


we R oneSeptember 1, 20111min29212
အွန်လိုင်း အဘိဓါန်လေးတစ်ခုပါ.. ဘာသာစကား ၂၄ ခုကနေ မြန်မာဘာသာကို ဘာသာပြန်ပေးနိုင်ပါတယ်.. ဆိုဒ်တည်ထောင်သူတို့ရဲ့ ရည်ညွှန်းချက်တစ်ခုက “မြန်မာတို့ အတွက် အသုံးဝင်သော အင်တာနက် အဘိဓာန် တစ်ခုဖြစ်ရန် နှင့် လိုချင်သောသူများအတွက် မိမိကိုယ်တိုင် အနက်ဖွင့် နိုင်သော အင်တာနက် စကားလုံး အလုပ်ရုံ ဖြစ်နိုင်ရန်အတွက် ကျွန်ုပ်တို့ ရည်ညွှန်း ထားပါတယ်။..” တဲ့..။ website address က  http://www.myordbok.com/dictionary ဖြစ်ပါတယ်။ web site ကိုဝင်လိုက်ရင် အောက်ကအတိုင်း မြင်ရပါမယ်။ အဲဒီမှာ more language to myanmar ကိုနှိပ်ပါ။ ဒါဆိုရင် အောက်မှာ ပြောင်းလို့ရတဲ့ ဘာသာတွေ ကျလာပါမယ်။ အဲဒီထဲက ကိုယ် translate လုပ်ချင်တဲ့ ဘာသာကိုရွေးပါ။ ကျွန်တော်က ဂျပန်က နေပြောင်းချင်တာ ဖြစ်တဲ့ […]


we R oneJuly 8, 20112min2053
Foxyproxy လိုပဲ IE7Pro ကတော့ Internet Explorer မှာသုံးရတဲ့ software လေးဖြစ်ပါတယ်. tool \options \proxy setting မှာ server no. တွေ သွားပြောင်းပေးနေရတဲ့ အချိန်ကုန် အလုပ်ရှုတ် သက်သာစေတဲ့ freeware တွေပါ. အရင်ဆုံး IE7Pro ကို ဒီမှာ download လုပ်ပါ။ ပြီးရင် install လုပ်ပါ။ Install လုပ်ပြီးရင် Internet Explore window တက်လာပြီး window အောက်ခြေမှာ IE7Pro icon လေးပေါ်လာပါလိမ့်မယ်။ အဲဒီ icon လေးကို double click လုပ်ပါ။ အောက်က pop up တစ်ခု မြင်ရပါမယ်။ ဘယ်ဖက် […]


panpanJuly 5, 20111min1797
ဟုတ်တာပဲလုပ်လုပ်.မဟုတ်တာပဲလုပ်လုပ်ပေါ့ဗျာ..ဒီအောက်က သတိပေးစာလေးကိုတော့      လျစ်လျူရှုထားလို့မရတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်။အီးမေးလ်မှ ရောက်လာတာကို မြတ်လေးငုံဘလော့ဂ် (http://myatlayngon.blogspot.com/2010/12/blog-post_929.html)မှပြန်ဖော်ပြထားတာလဲဖြစ်ပါတယ်။ အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။ keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၎င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ […]


we R oneJune 28, 20111min1144
ကမာ္ဘတစ်လွှား နာမည်ကျော် လူသုံးများသည့် Google Search Engine တွင် ဇွန်လ 14 ရက်နေ့ မှ စင်တင်ကာ အသံဖြင့်ရှာဖွေနိုင်သည့် Voice Search အပါအဝင် ရှာဖွေရေးနည်းပညာသစ်များ ထည့်သွင်းလာကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူအသိုင်းအဝိုင်း ထံမှ သိရသည်။ အဆိုပါ နည်းပညာသစ်များ တွင် Search box သို့ စာရိုက်ထည့်ရန်မလိုဘဲ မိုက်ခရိုဖုန်းမှ တစ်ဆင့် အသံဖြင့် ရှာဖွေနိုင်သည့် Voice Search ၊ Search Box တွင် သောချက်စကားလုံးများ ( Keyword)  များ အစား ဓါတ်ပုံများ ထည့်သွင်း ရှာဖွေနိုင်သည့် Search by Image နှင့် ရှာဖွေမှုရလဒ် Web Page […]


Linn LettSeptember 28, 20101min721
ပြီးရင် ကျွန့်တော့်ကို ကောင်မလေးတွေ ကြည့်မရဖြစ်သွားလိမ့်မယ်၊ဒါပေမဲ့ စေတနာတွေဆိုတာ နားလည်ပြီး အဲ့ဒါတွေကိုရှောင်ကြမယ်ဆိုရင်တော့ ့ အမုန်းခံရကျိုးနပ်ပါတယ် မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ =============================== (၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း ———————————————————————— (က)ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊ငါတော့မသေခင် ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို သွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊ (ခ)ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊ အရက်-ဘီယာသောက်ပါတယ်၊ဝိုင်သောက်ပါတယ်၊ပန်းခြံတွေမှာ ရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါ တယ်၊၊ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ INTERNET မှာVIDEOများ၊ဓါတ်ပုံများ အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော မိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် အိန္ဒြေသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ၊၊အမှန်တကယ် ရှိပါတယ် […]


fattySeptember 23, 20101min620
တချိန်တုံးက အလွန်ကြီးမားကျယ်ပြန့်လှတဲ့ကမ္ဘာကြီးဟာ ဒီကနေ့မှာတော့ကျုံ့ဝင်သွားသလိုဖြစ်နေပါပြီ။ တချိန်တုံးက ဆယ်ကျော်သက်များဖြစ်တဲ့ ကျနော်တို့လဲယခု မိဘနေရာတွေရောက်ကုန်ကြပါပြီ။ ကျနော်တို့ခေတ်တုံးကလူ့အဖွဲ့အစီးကလည်း ရိုးစင်းပြီးကျယ်ပြန့်မှုမရှိသေး ။ကလေးများ ဆယ်ကျော်သက်များ အပျိုလူပျိုဝင်ခါစများအတွက် အတုယူစရာ အားကျစရာက မိဘများသာဖြစ်နေခဲ့သည်။ ယနေ့ခေတ်သည်အဲဒီလိုမဟုတ်တော့ ..။ အပျိုလူပျိုဖြစ်ခါစ ..ခန္ဓာကိုယ်ပြောင်းလဲမှု .. စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ..များစတင်ဖြစ်ပေါ်ချိန် အင်တာနက်ဆိုသောဆရာကြီးနှင့်စတွေ့ဖို့အခွင့်အရေးရသွားပြီဖြစ်သည်။ ရန်ကုန် မန ္တလေး စသောမြို့ကြီးများရှိ လူငယ်များ ကလေးငယ်များ ၅တန်း ၆တန်း အရွယ်ဆို အင်တာနက်ဆိုင်ရောက်ကုန်ပြီ။ အဲဒီအရွယ်တွေက game ကစားကြတာဆိုတော်ပါသေးသည်။ အပျိုလူပျို ဝင်ကာစတွေကတော့game နဲ့တင် မကတော့ internet ဖွင့်ကုန်ကြပြီ။ မိန်းကလေးများသည်ယောကျာင်္းလေးများထက်စောစွာအရွယ်ရောက်တတ်ကြသည်။ အသက်၁ဝ နှစ်အရွယ်လောက်ကစပြီးပြောင်းလဲမှုစတင်တတ်သည်။အစောဆုံးအရွယ် ၈ နှစ်မှစပြီးနောက်အကျဆုံး ၁၆ နှစ်ဖြစ်သည်။ မိန်းကလေးများ ရင်သားကြီးထွားလာခြင်း ၊ ရင်သားကြီးထွားမှုနှိုင်းယှဉ်လာကြခြင်းဘယ်သူက ဘရာစီရာဝတ်ရပြီ ဘယ်သူကဖြင့်မဝတ်ရသေးဘူး […]


BaKoAugust 1, 20101min1052
လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများဆုံး သုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀ဝ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက်လိုင်းဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း  သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀ဝ ဝန်းကျင်ရှိကြောင်း သိရှိရသည်။ အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။  ‘အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal […]