Pink_Hell_Monkey_by_VampireHungerSt.jpg

zoxnetApril 28, 20101min1022
ရောက်ပြီးကတည်းက အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေပဲ ကြားနေရတယ်ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း အေဂျင်စီတစ်ခု ဖွင့်ထားတော့ ကျွန်တော်သူ့ဆီ တစ်ခါတစ်ခါ ရောက်သွားတဲ့ အချိန်တွေမှာ သူ့ဆီကနေ အဲဒီသတင်းတွေကို ကြားရတယ်။ တော်တော်များများ နာမည်ကြီး အေဂျင်စီတွေမှာ အလုပ်အပ်ပြီး လူလည်ကျသွားတာတွေ ခံလိုက်ရတော့ စိတ်ညစ်ညစ်နဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရောက်လာကြတယ်ဗျာ။ အဲဒီမှာ သူတို့ပြောသမျှ အကြောင်းစုံကို ကြားရတာပေါ့ဗျာ။ ဖြစ်ပုံတွေကတော့ အဖုံဖုံပေါ့။ တစ်ချို့ နာမည်ကြီးအေဂျင်စီတွေမှာ နာမည်ကြီးနိုင်ငံနဲ့ လစာကောင်းကောင်းကို ကြော်ငြာပြီး အင်တာဗျူးအတွက် လူခေါ်တယ်။ အင်တာဗျူးကြေးကို အနည်းဆုံး ၅၀၀ဝ ကနေအသီးသီးတောင်းကြတယ်။ လူတွေကတော့ လစာကိုမက်မောပြီး အလုအယက်သွားဖြေကြတာပေါ့။ ဖြေပြီးလို့မအောင်ဘူးဆိုရင် အဲဒီအင်တာဗျူးကြေးက အရှုံးပေါ့ဗျာ။ (တချို့တချို့ကျတော့ ဖြေဆိုသူအားလုံးကို မအောင်ဘူးဆိုပြီး ပြောပါတယ်။ အင်တာဗျူးကြေးတွေတော့ တော်တော်ရလိုက်ပါတယ်။) တကယ်တမ်း […]