ဇီဇီOctober 21, 20141min56030
ဒီ ရွာမှာ ကျုပ် အကိုကြီးတွေထဲ ဆာဆာ၊ ကျောက်(စ) နဲ့ အမတ်မင်းပြီးရင် ကျုပ်က ကိုကြီးဘလက် (Black Chaw) ကို အချစ်ဆုံးရယ်။ ကျုပ်နဲ့ တူတာတွေ အများကြီးးးးး  :mrgreenn: ပေါက်ကရတွေပြောတတ်လို့ ပေါက်တတ်ကရလုပ်တတ်တယ်လို့ အထင်ခံရတာ (အမှန်တော့ မဟုတ်တာကို မလစ်ရင် မလုပ်ပါဘူးး) ဘာလုပ်လုပ် စိတ်အားတက်ကြွစွာ လုပ်တာ။ သူများလည်း တက်တက်ကြွကြွ ပါစေချင်သေးတာ။ (အဲလိုမဟုတ်ရင် ဒေါသကြီးတာ စိတ်ကောက်တတ်တာကတော့ ထည့်မပြောတော့ဘူးး) အရေထူမယ် ထင်ရပြီး သူများ စကားတို့ အမူအရာတို့ကို အသေးစိတ်ထိခိုက်လွယ်တတ်တာ။ (ပြီးရင် ဂရုမစိုက်ပါဘူး ဆိုတာ ပြောပြောပြီး ထပ်တလဲလဲ စားမြုံ့ပြန်ပြီး ခံပြင်းတတ်သေးရဲ့) ကိုယ်မနိုင်ရတဲ့သူကို လက်လျှော့သလောက် နိုင်ရတဲ့သူဆို အင်မတန်နိုင်စားတာ၊ (ဘေးနား အနီးဆုံးရှိတဲ့သူ နာပြီသာမှတ်) […]


ဇီဇီMay 7, 20141min95741
ဟိုးရှေးရှေးတုန်းက တဲ့။ ဗေတားဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။ သူ့မှာတဲ့။ အမ ရ ယောက်ရှိတယ်တဲ့ကွယ်။ 😀 အမတွေကြားနေခဲ့ရတော့ လူက ပျော့သလိုလို နွဲ့သလိုလို နဲ့ ချွဲနွဲ့ပြီး အမတွေကြားထဲ လူလည်လုပ်ပြီး ညာစားနေတာပေါ့။  :mrgreenn: ဘယ်လောက်များ ညာစား၊ လှည့်စား၊ လိမ်စား၊ ချွဲစား၊ တစ်နပ်စား၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်တုန်းဆို (မှတ်ပလားးး နာ့ ကို အစားပုတ်လို့ ပြောဦးးးးး)   :mrgreenn: အမကြီး မွမွပြုံးဟာ ဗေတား နာမည် ကြားရုံနဲ့ သွေးတက်တတ်လို့ သီလရှင်ကျောင်းကဘူးစင်အောက်မှာ နေချာရယ်ဘူးသီး အလှနဲ့ နေရတာပဲ အေးချမ်းတယ် ဆိုပြီး ရှောင်နေသတဲ့။  :mrgreenn:   ဒုတိယ အမဖြစ်တဲ့ အမသဲကတော့ ဗေတား ရှုပ်သမျှ […]


ဇီဇီMarch 17, 20142min49319
17-Mar-2014 ဒီနေ့ တီချယ်နု မွေးနေ့ပါ။ မွေးနေ့ ပို့(စ) လေး ရေးချင်တော့ လွန်ခဲ့တဲ့ ၁၅/၁၆ နှစ် က တီချယ်နဲ့တွေ့ခဲ့တဲ့ အမှတ်တရလေးတွေ ကိုယ့်မှတ်ဉာဏ်ထဲက ပြန်ဖော်ရတယ်ရယ်။ သေချာစဉ်းစားကြည့်ပြီးမှ အချိန် ၁၆ နှစ်ဆိုတာကို သတိထားမိပြီး လန့်သွားတယ်။ ဟုတ်တယ်။ အဲဒီလောက်ကြာသွားပြီကွယ်။ ဒါပေမဲ့ ပြန်တွေးတော့လည်း မနေ့တနေ့ကလိုပဲ။ ၁၉၉၈ ကိုယ် ၁ဝ တန်း အောင်စာရင်းထွက်ပြီးခါစမှာ တီချယ်ဆီ စရောက်တာ။ မလာခင်ကတော့ တီချယ် တော်တာ၊ ထက်တာတွေ ကြားဖူးနေခဲ့တယ်။ ကိုယ့်ဖိုးဖိုးက သူ့ ကျောင်းက တော်တဲ့ ထက်တဲ့ သူတွေအကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ နောက်ပြီး ကိုယ့် မေမေဆို တီချယ် သား ကိုဖိုးချမ်းကို ထိန်းဖူးတာကိုးးး အဒေါ် ကျောင်းဆရာမတွေကလည်း […]


ဇီဇီOctober 5, 20131min55133
  မလန့်ပါနဲ့ ပလိတ်သတ်ကြီးးးးးးးး ကာရံညီအောင်ပေးရတာပါ။ ဂနေ့ ရွာ့ လူဗြိုဂျီး မွေးနေ့။ (အဲလေ) ဟုတ်ပေါင်! အဲလိုပြောရင်မကြိုက်လို့ ခရစ်(စ) ခေါ်သလို ခေါ်ရရင်  သတို့သားးးးးလူဗြိုဂျီး တဲ့။ ဟိ။ သူ့မှာ အပျိုဂျီးတွေက နာမည်တစ်ယောက်တစ်မျိုးစီ ခေါ်ကြတာလေ။ စကားပြောရင် ကျော်ကလေ ကျော်ကလေ နဲ့ ပြောတတ်လို့ မနေခြည်ကတော့ ဦးကျော်တဲ့။ နောက်မှ သူ့ထက်လပိုင်းငယ်မှန်းသိလို့ မောင်လေး ဦးကျော်ဆိုပဲ။ ဒါဇင်ပလွတ်က အိ ၂ အိ ကတော့ (အိတုန် နဲ့ ရွှေအိ) ကတော့ ကမတ် တဲ့။ မွန်မွန်ကတော့ ဘိုဂေးသား တဲ့။ မိဗုံက မူးမတ် တဲ့ အရပ်ကတို့။ ဝါးကတော့ ဝါးကတော့ အင်းးးးးးး တစ်လ ငါးထောင် […]


ဇီဇီSeptember 9, 20131min60336
ဒီ ပို့(စ) က စက်တင်ဘာမွေးတဲ့ သများရဲ့ချစ်သူတွေ ကို မွေးနေ့ဆုတောင်း ပို့(စ) ပေါ့။ ရှိသလောက် တင်ရရင် အများ မျက်စိနောက်မစိုးလို့ ပေါင်းတင်လိုက်တယ်။ စက်တင်ဘာမွေး ဗားဂိုးတွေမို့ ပိုချစ်ရတာပေါ့။ (လူတိုင်းကို အဲလိုပဲ ချစ်ကြောင်း အကြောင်းပြချက် အမျိုးမျိုးပေးတတ်လို့ သည်းခံကြပါ။) 😀 စက်တင်ဘာ (၉) ဒီနေ့ ဝါး ရဲ့ မွေးနေ့။ (နေတိုးနဲ့ တူတူပဲ။) စက်တင်ဘာ (၁၁) ရန်ဖြစ်ဖော် တဂျား မွေးနေ့။ ( O’Henry နဲ ့တူတူပဲ။) စက်တင်ဘာ (၁၆) မွန်မွန်လေး မွေးနေ့။ (မာ့ အန်ထော်နီ နဲ့ မွေးနေ့တူတူပဲ။ ခွိခွိ) စက်တင်ဘာ (၁၈) အလက်ဆင်းလေး မွေးနေ့။ (မင်းခိုက်စိုးစန်နဲ […]


ဇီဇီAugust 18, 20131min74836
ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ရွာထဲက ကျနော့ အချစ်ဆုံး ကလေးမ ၂ ယောက်ရဲ့ မွေးနေ့။ ကြည် ၂ ကြည် ပါ။ ရွှေကြည်နဲ့ ကြည်ပြာ။ ပျော်ရွှင်စရာ မွေးနေ့ ကျင်းပနိုင်ပြီး ဘဝမှာ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ။ နောက် တောင်းရမဲ့ ဆု တစ်ခုကလည်း တူတူပဲ။ လူတော်လူကောင်း EQ/IQ မြင့်သော သစ္စာရှိသော၊ ပြောစကားနားထောင်သော ဖူးစာရှင်နဲ့တွေ့ပါစေ။