18th June 2006 “မိုင်ခိ” “အင်း::” ဖြိုးခေါ်သံကို အင်း လိုက်ပြီး ရေ လက်စ ပိုက်ဆံ ဆက် ရေ နေလိုက်တယ်။ “ဟဲ့၊ ငါ ခေါ်နေတာ မကြားဘူးလား။” ဒီကလေးမလည်း ပြောမှာဖြင့် ပြောတာမဟုတ်။ စိတ်ရှုပ်ပြီး သူ့ကို ဘာသဘောလည်း မေးဆတ်ပြလိုက်တော့ မျက်စောင်းဒဏ် အရင်ခံလိုက်ရသေးတယ်။။ “ဒီမှာပြောမလို့ဟာကို နင့်ပိုက်ဆံတွေက နောက်မှ ရေ လေ။” ဘယ်လောက်ရောက်နေပြီလို စိတ်ထဲမှတ်ပြီးမှ…… “ပြောလေကွယ်၊ ရေ နေရင်းနားထောင်လို့ရတာပဲ။” “ဟိုကောင် မိန်းမယူတော့မယ်တဲ့။” ရုတ်တရက် ကိုယ့်နားတွေ အူသွားသလိုပဲ။ မျက်လုံး က ဘာမှ မမြင်ရတော့။ ပိုက်ဆံတွေ […]