Zaw WonnaNovember 15, 20101min1122
လက်တော့ပ် ကွန်ပြူတာကို ပေါင်ပေါ်တွင်တင်၍ အသုံးပြုခြင်းဖြင့် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည် ကျဆင်းစေနိုင်ကြောင်းကို ယခင်ကပင် သိရှိကြပြီးဖြစ်၏။ သို့သော် ယခုအသစ်တွေ့ရှိသော သုတေသနအရ အအေးခံပြားခံ၍ သုံးစွဲခြင်းဖြင့်လည်း ကာကွယ်မှုမပေးနိုင်ကြောင်း သိရှိရသည်။ နယူးယော့ တက္ကသိုလ်မှ ဆီးရောဂါ ပါရဂူအဖွဲ့သည် လူငယ် ၂၉ ဦးတို့အား အအေးခံပြားရှိနှင့် အအေးခံပြားမဲ့ လက်တော့ပ်များကို သုံးစွဲစေကာ စောင့်ကြည့်မှုပြုခဲ့ကြသည်။ အချို့အား ဒူးစေ့ထိုင်စေ၍ အချို့အား ၇ဝ ဒီဂရီခန့် ဒူးချဲ၍ ထိုင်စေသည်။ သုံးစွဲသူ အားလုံးတို့တွင် ကပ်ပယ်အိတ် အပူချိန်များမှာ 1.41°C မှ 2.31°C အထိ တက်ခဲ့ကြောင်း တွေ့ရှိရသည်။ အအေးခံပြားခံ၍ သုံးစွဲသူနှင့် ပောင်ကား၍ထိုင်ကာ သုံးစွဲသူများတွင်လည်း အပူချိန်ကွာခြားမှု အနည်းငယ်သာရှိကြောင်း တွေ့ရှိရသည်။ ထိုအပူချိန်မှာ မဖြစ်စလောက်ဟု ထင်ရသော်လည်း […]