manawphyulayAugust 10, 20101min1834
ကိုယ့်ရင်ထဲမှာ လတစ်စင်းသာနေမှတော့ ဧရာဝတီအကြောင်းလည်း မဖွဲ့ချင်တော့ဘူး ၊ မာယာကော့ဗ်စကီးအကြောင်းလည်း မပြောချင်တော့ဘူး ၊ ဘက်ခမ်းကိုလည်း မကျောချင်တော့ဘူး ၊ ဟစ်တလာကိုလည်း မကောချင်တော့ဘူး ၊ ရေထဲလည်း ဝီစကီမရောချင်တော့ဘူး ၊ ဘဝရေစုန်မှာလည်း မမျောချင်တော့ဘူး ၊ ခါးသီးမယ်ဆိုရင်တောင် အထီးကျန်ဆန်ဆန်ပဲ ကိုယ်ခါးသီပါရစေ ။ လမင်းရေ… လရောင်လွှမ်းမှ လန်းဆန်းခွင့်ရမယ့်သူ လရောင်ဆမ်းမှ ငြိမ်းချမ်းခွင့်ရမယ့်သူမို့ သွေးဆူတုန်းလည်းမမိုက်မဲ သွေးခဲတုန်းလည်းမရှုပ်ပွ လှပမှုကိုမြတ်နိုး ဆိုးမိုက်မှုကိုရွံမုန်း အပြုံးတွေကိုနှစ်သက်တတ်လာတာ ရင်ထဲကလ ပျောက်ရှသွားမှာစိုးလို့ပါ ။ လမင်းရေ… ဆယ့်ငါးရက်မှတစ်ခါ သာခွင့်ရတဲ့မင်းအပြုံး တစ်သက်လုံးစာ မဖူလှုံခဲ့ရင်တောင် မင်းရှိနေသမျှ ကိုယ့်ဘဝ ကိုယ့်ကမ္ဘာလေးဟာ လှပနေတယ် အေးမြနေတယ် တောက်ပနေတယ် ပြီးတော့ လောက်ငနေပါတယ်ကွယ် ။ လမင်းရေ… တကယ်တော့ မင်းရဲ့လရောင်ရည်ဟာ ကိုယ့်ဘဝရဲ့ခွန်အား […]