ပန်းချီ ပညာရှင်တစ်ယောက်က ပြသထားတဲ့ သူမရဲ့ ပန်းချီကားတွေ စိတ်ဝင်းစားမူ ရှိပါသလား လို့ ပြခန်း ပိုင်ရှင်ကို မေးပါတယ်။ “ရှိပါတယ်။ ကျွန်တော့်မှာ ခင်ဗျာအတွက် သတင်းကောင်းနဲ့ သတင်းဆိုး ပြောစရာရှိပါတယ်။” လို့ ပြခန်း ပိုင်ရှင်က တုံပြန်ပါတယ်။ “သတင်းကောင်းက လူကြီးလူကောင်းတစ်ယောက်က ခင်ဗျာ့ အလုပ်ကို သတိထားမိပြီး ခင်ဗျာ သေသွားပြီးရင် အဖိုးတန်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း အဖိုးတန်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါကြောင့် သူက ခင်ဗျားရဲ့ ပန်းချီကားချပ် (၁၀) ချပ်လုံးကို ဝယ်သွားခဲ့ပါတယ်။ ပန်းချီပညာရှင်က ထပ်ပြောပါတယ်။ “ကောင်းလိုက်တာ။ ဒါနဲ့ သတင်းဆိုးက ဘာများလဲ။” “အဲဒီ လူကြီးလူကောင်းက ခင်ဗျားရဲ့ ဆရာဝန်မို့လို့ပါ။”


အမျိုးသမီးငယ်တစ်ယောက်က အသက်နည်းနည်း ကြီးနေပြီဖြစ်တဲ့ အမျိုးသား တစ်ယောက်ဆီကို လျှောက်သွားပါတယ်။ သူက ဆင်ဝင်အောက်က ကုလားထိုင်တစ်လုံးတွင် ထိုင်နေပါတယ်။ အမျိုးသမီး – ရှင် ဘယ်လောက်ပျော်နေပုံရတယ် ဆိုတာကို ကျွန်မ သတိမထားမိဘဲ မနေနိုင်ဘူး။ ပျော်ရွှင် ကြာမြင့်တဲ့ ဘဝတစ်ခုရဲ့ ရှင့် လျှိ့ဝှက်ချက်က ဘာများလဲ။ အမျိုးသား – ငါက တစ်နေ့ကို စီးကရက် သုံးဗူးသောက်တယ်။ ပြီးတော့ တစ်ပတ်ကို ဝီစကီ တစ်ဖာလည်း သောက်သေးတယ်။ အဆီဖြစ်စေတဲ့ အစားအစာတွေကိုလည်း စားတယ်။ လေ့ကျင်ခန်းလည်း ဘယ်တော့မှ မလုပ်ဘူး။ အမျိုးသမီး – အံ့ဩစရာကောင်းတာပဲ။ ဒါနဲ့ ရှင့်အသက်က ဘယ်လောက်လဲ။ အမျိုးသား – နှစ်ဆယ့် ခြောက်နှစ်။


ဇနီးသည် – ကားက ပြသနာဖြစ်နေတယ်နဲ့တူတယ်။ ကာဗရက်တာထဲ ရေဝင်နေတာလား မသိဘူး။ ခင်ပွန်းသည် – ကာဗရက်တာထဲ ရေဝင်နေတာလား။ တော်တော် ဆိုးတာပဲ။ ဇနီးသည် – ကားက ကာဗရက်တာထဲ ရေဝင်နေတယ်လို့ ရှင်ကို ပြောနေတာ။ ခင်ပွန်းသည် – မင်းက ကာဗရက်တာဆိုတာ ဘာမှန်း မသိဘဲနဲ့။ ငါ စစ်ဆေးကြည့်လိုက်ဦးမယ်။ ကားက ဘယ်နေရာမှာလဲ။ ဇနီးသည် – ရေကန်ထဲမှာလေ။


အမျိုးသားတစ်ယောက်က ဘားတစ်ခုတွင် အမျိုးသမီးတစ်ယောက်ဆီကို လမ်းလျှောက်သွားပြီး ပြောပါတယ်။ “တဆိတ်လောက်ခင်ဗျာ၊ ဒေါ်လာ သန်း (၁၀၀) ပေးမယ်ဆိုရင် ခင်ဗျား မသိတဲ့ အမျိုးသား တစ်ယောက်နဲ့ ကာမ ဆက်ဆံဖို့ စိတ်ရှိပါသလား။” မိနစ်အနည်းငယ်လောက် သူမက အစီအစဉ်အကြောင်း စဉ်းစား နေပါတယ်။ ပြီးတော့ ပြန်ပြောပါတယ်။ “ဟုတ်ကဲ့ရှင့်၊ ကျွန်မက ဒေါ်လာ သန်း (၁၀၀) လောက်နဲ့ဆိုရင် ကျွန်မ မသိတဲ့ အမျိုးသားတစ်ယောက်နဲ့ ညအိပ်ပါတယ်။” အဲဒီနောက် အမျိုးသားက မေးပါတယ်။ “ကျွန်တော်နဲ့ ဆိုရင် ဆင့် ( Cents ) ငါးဆယ် လောက်နဲ့ အိပ်လို့ မရဘူးလား။” ရိုင်းပြတဲ့ အမူအရာနဲ့ အမျိုးသမီးက ပြန်ပြောပါတယ်။ “မရဘူး ရှင့်၊ ဘာဖြစ်လို့ ကျွန်မကို […]


လူူတစ်ယောက်က လမ်းလျှောက်လာပြီး ပန်းခြံထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတယ်။ အဘိုးအိုက အသက် ရှစ်ဆယ့် အရွယ်လောက်ရှိပြီး မျက်လုံးထဲကနေ မျက်ရည်ကျတဲ့ အထိ ငိုကြွေးနေပါတယ်။ ပထမလူက အသက်ရှစ်ဆယ့် အဘိုးအိုနား ချည်းကပ်သွားပြီး မေးပါတယ်။ “ဘာများ ဖြစ်လို့ပါလဲ” အသက် ရှစ်ဆယ့် အဘိုးအိုက ပြန်လည် ပြောပါတယ်။ “ငါက အသက်နှစ်ဆယ့် အရွယ် မိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့တယ်။ ပြီးတော့…” ပထမလူက အဘိုးအိုကို စကားဆက်ပေးလိုက်ပါတယ်။ “ပြီးတော့..ဟုတ်လား။ ခင်ဗျာမှာ ပြဿနာများ ရှိလို့လား။” “အို..မရှိပါဘူး။မရှိပါဘူး။ ငါမှာ ငါ့တစ်သက်လောက် အလွန်ဆိုးရွားတဲ့ အင်အားတွေ ရှိပါတယ်။ ဒါကြောင့် ငါတို့တွေက တစ်ရက်ကို အကြိမ် နှစ်ဆယ့် သုံးကြိမ်လောက် ချစ်ခဲ့ကြတယ်။” ပထမလူက အလွန် အံ့ဩသွားပြီး […]


ဒီမနက်ခင်းတွင် အလွန်ဝမ်းနည်းစရာ ကောင်းတဲ့ ရေကြီးမူက သမ္မတ George W.Bush ရဲ့ ကိုယ်ပိုင် စာကြည့်တိုက်ကို ဖျက်ဆီးသွားခဲ့ပါတယ်။ ရေလွှမ်းမိုးမူက စာအုပ်တွေထားတဲ့ သမ္မတရဲ့ ရေချိုးခန်းကနေ စတင်ပါတယ်။ စာအုပ်တွေ အားလုံး ဆုံးရှုံးသွားခဲ့ပါတယ်။ သမ္မတရဲ့ ပြောရေးဆိုခွင့့် ရှိသူတစ်ယောက်က သမ္မတဟာ ဒုတိယစာကြည့်တိုက်ကို ဆေးရောင် ဆိုးပြီးခါနီး ဖြစ်တာကြောင့် သမ္မတက အလွန်ပဲ စိတ်ထိခိုက်သွားပါတယ်လို့ ပြောခဲ့ပါတယ်။ အိမ်ဖြူတော်က FEMA ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဖြေမရ ခဲ့ပါဘူး။


မစ္စတာ ရောဘင်ဆန်က သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် မစ္စစ် ရောဘင်ဆန်က သူတို့ရဲ့ အိမ်ငယ်လေး ထဲမှာ တစ်ယောက်တည်းသာ နေထိုင်ခဲ့ပါတယ်။ သူမက အသက်အရွယ် အလွန်ကို အိုမင်းနေပါပြီ။ သူမရဲ့ သားဖြစ်သူ ဂျွန်က တခြားလမ်းတွင် သူဇနီး၊ ကလေးနဲ့ အတူ နေပါတယ်။ သူက သူ့မိခင်ကို မကြာခဏ ပြောပါတယ်။ “အမေ၊ ကျွန်တော့်တို့နဲ့ အတူ လာနေလှည့်ပါ။” ဒါပေမယ့် သူမက အမြဲတမ်း အဖြေပေးခဲ့ပါတယ်။ “ဟင့်အင်း၊ ငါက ငါ့အိမ်ငယ်လေးမှာပဲ နေရတာ ပျော်တယ်။ ငါ အဲဒီအိမ်လေးကို မခွဲနိုင်ဘူး။” တစ်နေ့ နံနက်ခင်း ရှစ်နာရီအချိန်လောက်တွင် အဘွားအိုက သားဖြစ်သူဆီကို ဖုန်းဆက်ပါတယ်။ ပြီးတော့ ပြောပါတယ်။ “ငါ့ အိမ်ကို ခဏလာခဲ့ပါဦး။” ပြီးတော့ […]


အသက်အရွယ် ခပ်လတ်လတ် လယ်သမား အမျိုးသားတစ်ယောက်က ရုပ်ရှင်ကြည့်ဖို့ဆိုပြီး မြို့ကို တက်သွားပါတယ်။ ရုပ်ရှင်ရုံတွင် လက်မှတ်စောင့် အမျိုးသမီးက ပြောပါတယ်။ “ဆာ၊ ရှင့် ပခုံးပေါ်က ဘာများလဲ” လယ်သမားက ပြန်ပြောပါတယ်။ “ဒါက ငါ့ရဲ့ အိမ်မွေး ကြက်ကလေးပါ။ ငါ ဘယ်သွားသွား သူကိုလည်း ခေါ်သွားတယ်” အဲဒီအခါ လက်မှတ်စောင့် အမျိုးသမီးက ပြောပါတယ်။ “ဆာ၊ ဝမ်းနည်းပါတယ်။ ကျွန်မတို့က ရုပ်ရှင်ရုံထဲကို ဘယ်အိမ်မွေး တိရစ ္ဆာန်ကိုမှ ခေါ်ဆောင်ခွင့် မပေးပါဘူး။ အိမ်မွေးကြက်ကို လည်း လက်မခံပါဘူး။” လယ်သမားက ထောင့်တစ်နေရာကို သွားပြီး ကြက်ကို သူ့ဘောင်းဘီ သိပ်အိတ်ထဲ ထည့်လိုက်ပါတယ်။ သူက လက်မှတ်အရောင်းခန်းကို သွားပြီး လက်မှတ်တစ်စောင်ဝယ်ပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံထဲကို ဝင်သွားပါတယ်။ […]


ဝန်ထမ်း အစည်းအဝေးတစ်ခုတွင် သူဋ္ဌေးက သူကို ဝန်ထမ်းတွေက လေးစားမူ မရှိတဲ့ အကြောင်း ဆူပူ ငေါက်ငမ်းနေပါတယ်။ နောက်တစ်နေ့ နံနက်ခင်းတွင် သူက အခန်းထဲမှ ထွက်လာပြီး “ငါက မင်းတို့ သူဋ္ဌေးပဲ” ဆိုတဲ့ စာတန်းတစ်ခုကို ယူလာပါတယ်။ ပြီးတော့ သူ့ရုံး တံခါးဝတွင် တိပ်ကပ်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ သူ နေ့လည်စာ စားပြီး ပြန်လာတဲ့ အခါတွင် တစ်စုံတစ်ယောက်က သူ တိ်ပ်ကပ်ထားတဲ့ စာတမ်းတွင် စာကြောင်းတစ်ကြောင်း ရေးထားတာကို တွေ့လိုက်ပါတယ်။ အဲဒီ စာကြောင်းကတော့… “ဆရာ ဇနီးက သူ့စာတန်းကို သူပြန်ပြီး လိုချင်တယ်လို့ ဖုန်းဆက်ထားပါတယ်။”


Murphy က Dublin တွင် အခြေတည်ထားတဲ့ အိုင်ရစ် ဌာနတစ်ခုတွင် အင်ဂျင်နီယာ နေရာအတွက် အလုပ်လျှောက်ခဲ့ပါတယ်။ အဲဒီအလုပ် နေရာအတွက် အမေရိကန် လူမျိုးတစ်ယောက်ကလည်း လျှောက်ထားခဲ့ပါတယ်။ တူညီတဲ့ အရည်အချင်း ရှိတဲ့ လျှောက်ထားသူနှစ်ဦးကို ဌာန မန်နေဂျာက အင်တာဗျူး တစ်ခု လုပ်ဖို့ ပြောပါတယ်။ အင်တာဗျူး ဖြေပြီးသွားတဲ့အခါ သူတို့နှစ်ယောက်စလုံးက မေးခွန်းအားလုံးထဲက တစ်ခုကို မဖြေနိုင်ခဲ့ပါဘူး။ မန်နေဂျာက Murphy ဆီကို သွားပြီး ပြောပါတယ်။ မန်နေဂျာ – သင့်ရဲ့ စိတ်ဝင်စားမူအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမေရိကန် လူမျိုးကို အလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ Murphy – ဘာလို့ အဲလို ဆုံးဖြတ်လိုက်တာလဲ။ ကျွန်တော်တို့နှစ်ယောက်လုံး မေးခွန်းကိုးခု မှန်တယ်။ […]