DaveJanuary 21, 20101min761
သတင်းစာဆရာ၊ စာရေးဆရာလူထုဦးလှ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ၁၉ရက်၊ နံနက် ၁၁နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅-၈၆လမ်းကြားနှင့် ၃၅လမ်း မဏိရတနာရာမ၊ မြတောင် ကျောင်းတိုက်အတွင်းရှိ မြတောင်သာသနာနှစ်၁၀ဝပြည့် ဗိမာန်တော်ကြီးတွင် ကျင်းပရာ ရန်ကုန်နှင့် မန္တလေးမှ စာပေညာရှင်များနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။ မြတောင်တိုက်မှ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက် ကပ်လှူဒါန်းပြီး တက်ရောက်လာသောဧည့်ပရိသတ် များကို နေ့လယ် စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဆရာကြီး ဦးသော်ကောင်း၊ ဦးဝင်းတင်၊ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၊ ဒဂုန်တာရာ၊ ဦးဝင်းငြိမ်းတို့မှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားသည်။ ဆရာလူထုစိန်ဝင်း၏ “ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ ´´စာတမ်းကို ဆရာကျော်ရင်မြင့်က လည်းကောင်း၊ ခင်နှင်းဦး၏ “ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ပုံရိပ်များ´´ စာတမ်းကို ဆရာမမိချမ်းဝေကလည်းကောင်း ဖတ်ကြားသည်။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)က […]