BayoteApril 2, 20101min1000
နိုင်ငံပေါင်း (၁၅၆) နိုင်ငံတွင် ကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်းသစ်ကို စစ်အစိုးရက ယမန်နေ့မှစ၍ ထုတ်လွှင့်လိုက်သည်။ မြန်မာအင်တာနေရှင်နယ်ကို Shin Corp Thaicom 3 Satellite ဂြိုဟ်တုမှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ပြီး အာရှဒေသ၊ မြောက်အမေရိက၊ ဥရောပ၊ ဩစတြေးလျနိုင်ငံတို့တွင် (၂၄) နာရီပတ်လုံး ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာပြည်တွင်းတွင်မူ နံနက် (၉) နာရီမှ (၁၁) နာရီအထိသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ “ပြင်ပကမာ္ဘအနေဖြင့် မြန်မာနိုင်ငံအကြောင်းကို မသိရှိသေးသည့်အချက်များစွာ ရှိနေကြောင်း၊ မြန်မာအင်တာနေရှင်နယ်၏ အင်္ဂလိပ်ဘာသာ အစီအစဉ်များသည် မြန်မာကို ပြင်ပကမာ္ဘက ပိုမိုချိတ်ဆက်စေမည်ဖြစ်ပြီး ပြင်ပကမာ္ဘအနေဖြင့်လည်း မြန်မာကို အမှန်တကယ် နားလည်လာနိုင်မည်ဖြစ်ကြောင်း” ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားသည်။ အဆိုပါ ရုပ်သံလိုင်းသစ်ကို […]