ဂ်စ္စူNovember 2, 20101min620
နိုင်ငံတော်အလံသစ် အဓိပ္ပာယ်ဖွင့်ဆိုချက် လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာ၌ အစားထိုး သင်ကြားသွားမည် ”နိုင်ငံတော်အလံသစ် စလွှင့်တဲ့နေ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ညွန်ကြားချက်ဝင်တာ ရှိတယ်။ လာမယ့်နှစ်ကစပြီး သင်ကြားဖို့ ရှိပါတယ်။ နဂိုရိုက်ပြီးသား ပုံနှိပ်စာအုပ်တွေကတော့ ပြင်လို့မရတော့ဘူး။ အဲဒါကြောင့် အချပ်ပိုသဘောမျိုးနဲ့ ထည့်ဖြစ်ဖို့များမယ်ထင်တယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂၅ တွင် ပြောသည်။ သင်ရိုးပြုစုရေးအဖွဲ့အနေနှင့်လည်း သင်ကြားမည့် သင်ခန်းစာနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်က စတင်လွှင့်ထူလိုက်သော ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင် အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ၅ ခု […]


ဂ်စ္စူOctober 26, 20101min940
နိုင်ငံတော် အလံသစ် များ ဝင်းသူဇာ အရောင်းဆိုင် များတွင် ရောင်းချ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသစ် ပြင်ဆင် သတ်မှတ် လိုက်သည့် မြန်မာနိုင်ငံတော် အလံ အသစ်ကို ဝင်းသူဇာ အရောင်းဆိုင် များတွင် အောက်တိုဘာ ၂၁ ရက်မှ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။ အလံတော် အသစ် များကို ခြောက်ပေ၊ လေးပေ အရွယ် နှင့် ကိုးပေ၊ ခြောက်ပေ အရွယ် ဟူ၍ နှစ်မျိုး ခွဲခြား ထားပြီး ပိတ်သားကို ဖဲသားနှင့် ရိုးရိုး ပိတ်သား နှစ်မျိုးဖြင့် ရောင်းချ သည်။ ဈေးနှုန်း များမှာ ခြောက်ပေ၊ လေးပေ […]


ဂ်စ္စူOctober 22, 20101min1616
ယမန်နေ့က နိုင်ငံတော် အလံသစ်လွှင့် တင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေဟာ အထက်အာဏာပိုင်တွေက ဗေဒင်ကိန်ခန်းအတိုင်း အချိန်နာရီ၊ နေ့သင့်နံသင့် မွေးနေရှင်တွေကအစ အတိအကျ လုပ်ရမယ်ဆိုတဲ့ အမိန့်စာကို ကြံ့ဖွံ့တွေ အကြားမှ ယခင်ကတည်းက လျှို့ဝှက်ဖြန့်ချိထားတယ်လို့ သိရပါတယ်။ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က) ပါ နိုင်ငံတော်အလံ စတင်လွှင့်ထူ ခြင်း” ဖြစ်ပေါ်လာသည့် ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ဥပဒေကို ပြဋ္ဌာန်းပြီးနောက် အလံဟောင်းနှင့် အလံသစ်ကို လဲလှယ်လွှင့်ထူရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ၁။ အလံနှစ်ခု လဲလှယ်သည့် အချိန်တွင် အလံတိုင်၌ နိုင်ငံတော်အလံ လစ်ဟာသွားခြင်း မရှိစေရေး ဆောင်ရွက်ရမည်။ ၂။ အလံလဲလှယ် လွှင့်ထူမည့်သူများအဖြစ် နေ့သင့်နံသင့် အလိုအရ အင်္ဂါနေ့ မွေးဖွားသူတဦးနှင့် ဗုဒ္ဓဟူးနေ့ မွေးဖွားသူတဦးတို့ […]