Linn LettSeptember 28, 20101min1260
အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။ ဥပမာ (၁) ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်လေးတစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ မောင်မောင်သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင်မကြိုက်လို့ပဲ။ အလုပ်စောစောဆင်း၊ ကိုယ်တိုင် ချက်ပြုတ်စားသောက်၊ အဝတ်လျှော်ဖို့ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့အလုပ်ကို မောင်မောင် မရှာချင်ခဲ့ဘူး။ ကျောင်းနေဖက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေ […]