ငယ်ငယ်ရွယ်ရွယ် ကျောင်းသားဘဝကတည်းက ချစ်ခင်လေးစားရတဲ့ ဦးလေးတစ်ယောက်က Diary ရေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လူတစ်ယောက်အတွက် ဦးဏှောက်ဆိုတာ ဘဝတစ်လျှောက်လုံးကို မမှတ်မိနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် နေ့စဉ်ဒိုင်ယာရီရေးဖို့ လိုတယ်လို့ အကျိုးအကြောင်းနဲ့ ပြောပြခဲ့ပါတယ်။ ထိုစဉ်ကစလို့ Diary ကို နေ့စဉ် ရေးသားဖြစ်ခဲ့ပါတယ်။ (ယခုတော့ ထူးထူးခြားခြား အဖြစ်အပျက်တွေရှိမှပဲ ရေးဖြစ်ပါတော့တယ်။) ဒီလိုနဲ့ နှစ်သစ်တစ်နှစ် ပြောင်းတော့မယ်ဆိုရင် Diary ဝယ်ရသည်က အကျင့်တစ်ခု ဖြစ်သွားခဲ့တာပေ့ါ။ ဟိုးးးးးး အရင်တုန်းကတော့ စာအုပ်လှလှလေးကို ရှာဝယ်တတ်သလို၊ လက်ရေးလှလှလေးနဲ့ မှတ်တမ်းတင်နိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်။ ဤသို့ လက်ရေးလှလှလေးနှင့် မှတ်တမ်းတင်ထားသော စာမျက်နှာများကို တခါတရံ ပြန်လည်ဖတ်ရှု့ကြည့်မိသောအခါတွင် စိတ်ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် စုံလင်၍နေရာ ရသစုံလင် ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသည်နှင့်ပင် တူနေသေးတော့သည်။ တစ်ရက်လျှင် ကျောင်းမုန့်ဖိုး၊ […]