ကျနော်အိပ်ခါနီးတိုင်း ….အိပ်ယာထဲဝင်ပြီဆိုလျှင် နှာသီးဖျားလေးကို စိတ်ပို့ရျ် အာနာပါန ခေါ် ထွက်သက်ဝင်သက်ရှုမှတ်ခြင်းကို ပြုလေ့ရှိ၏။ ပထမဆုံး အလေ့အကျင့်မရခင်မှာ မိမိစိတ်ကိုတည်ငြိမ်အောင် ၅ မိနစ်ရရန် မနဲကြိုးစားရသည်။ စိတ်တို့သည် ဟိုဟိုဒီဒီ ပြေးကြကုန်၏။ နေ့ခင်းပိုင်းကမကျေနပ်မှုများ … မပြီးပြတ်မှုများ … သူများကိုပြောချင်သည့်စကားများ စိတ်ထဲတွင်ပြောနေလေ့ရှိသည်။ နောက်နေ့အတွက် ကြိုတင်စဉ်းစား နေသည့်အခါလည်းရှိ၏။ အာနာပါန အရှိန်ရလာသောအခါ တဖြည်းဖြည်း စိတ်ကလေးပြေးတာကို သတိထားနေရာမှ ငြိမ်သက်မှု လေးရလာသည်။ ထိုငြိမ်သက်မှု ပီတိလေးကို မိနစ်အနည်းငယ်ခံစားပြီးမှ စိတ်ကို ( ဘဝင်စိတ် ) ကိို အသာလေးဖြုတ်ချပြီး အိပ်စက်ခြင်းကို ယူလိုက်ပါသည်။ ထိုအခါအများအားဖြင့် အိပ်မက်မက်လေ့မရှိ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်သဘောပင်။ အိပ်မက်တို့မည်သည်မှာ နိုးတဝက်ပျော်တဝက်မှာမှ မက်တတ်ကြောင်း သိရသည်။ မနေ့ကမူ ဇာတ်လမ်းကြည့်တာများသွားသဖြင့် ခါတိုင်းကဲ့သို့ မအာနာပါနနိုင်တော့ […]