natureSeptember 20, 20111min65523
အရင်က မြန်မာပြည်မှာ ကားတွေ ရောက်လာရင် ရောက်ရောက်ခြင်း ကားမှ သာမိုစတက်ကို ဖြုတ်ကြပါတယ်။ သာမိုစတက်ဟာအင်ဂျင်ကိုအေးအောင်လုပ်တဲ့ (Cooling System) ရေလိုင်းကို ပိတ်ထားတာကို တွေ့ရတာကြောင့်ပါ လို့ပြောပါတယ်။ သာမိုစတက် ကို မဖြုတ်ကြဖို့ အကြံပေးချင်ပါတယ်။ ကြိုက်တဲ့သူတွေကတော့ယူကြပါ။ မကြိုက်တဲ့သူတွေကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ။ ကန့်ကွက်စရာမရှိပါ။ ကားမှသာမိုစတက်ဟာ ရေလိုင်းကို ပိတ်ထားတာကြောင့် အင်ဂျင်စမောင်းမောင်းခြင်းအင်ဂျင် အပူချိန် ကို အလျှင်အမြန်တက်စေပါတယ်။ အင်ဂျင်အပူချိန်တက်လာရင် ရေလိုင်းကို ပိတ်ထားတဲ့ သာမိုစတက်ဟာ ဟ သွားပြီး အင်ဂျင်ရဲ့ အအေးပေးစံနစ်ကို စတင် လည်ပတ်စေပါတယ်။ အအေးပေးစံနစ် ရေရဲ့ လည်ပတ်မှုကို အပူချိန် ၊ သာမိုစတက်နဲ့ ထိမ်းညှိ ပေးထားခြင်းဖြစ်ပါတယ်။ သာမိုစတက်ဟာ အင်ဂျင်ရဲ့အလုပ်လုပ်လို့ကောင်းမဲ့ အပူချိန်ကို အလျှင်အမြန်ရောက်ရှိအောင် အလိုအလျှောက်ထိန်းညှိ ပေးတာဖြစ်ပါတယ်။ […]