natureApril 5, 20111min21919
ဘုရင့်နောင်ပွဲရုံတန်းနဲ့ ဘုရင့်နောင်တံတားအဆင်းလမ်းတွေဟာ ညနေစောင်းလာရင်ဖြစ်နေတဲ့ကားဂျမ်းဟာ တဖြေးဖြေး ပိုစိတ်လာပြီး ပိုဆိုးလာပါတယ်၊ သင်္ကြန်နီးတာလဲပါပါလိမ့်မယ်။ ကားဂျမ်း မဖြစ်စေရေးအတွက် ရွာသားများထံမှ အကြံဉာဏ်များ ပေးကြပါရန်ဖိတ်ခေါ်ပါတယ်။ ညနေအလုပ်ဆင်းချိန်မှာ ရန်ကုနမြို့်တမြို့လုံးမှာ အလုပ်ဆင်းနေတဲ့ လှိုင်သာယာ ရွှေပြည်သာကဝန်ထမ်းတွေ အိမ်ပြန်ရင်လဲ ဒီလမ်းကပဲ ပြန်ရပါတယ်၊လှိုင်သာယာ ရွှေပြည်သာကဝန်ထမ်းတွေ မြို့ထဲပြန်ရင်လဲဒီလမ်းကပဲပြန်ရပါတယ်။ ကားဂျမ်းဘာ့ကြောင့်ဖြစ်ရလဲ ဘယ်လိုဖြေရှင်းရင်ရနိုင်သလဲဆိုတာ ဝိုင်းဝန်းအကြံပေးစေလိုပါတယ်၊ ကျနော့်အမြင်ကတော့ ဘုရင့်နောင်ပွဲရုံတန်းကလမ်းတွေဟာ နဂိုက ၂လမ်းမောင်းပါ၊ အခုတော့တလမ်းမောင်းတွေဖြစ်နေပါတယ်၊ ဒါကြောင့်ကိုလိုတဲ့နေရာကိုရောကဖို့အတွက် ကွေ့ပတ်မောင်းရလို့ လမ်းကြောကိုရှည်စေပါတယ်၊ဒါကြောင့် ရေတမာလမ်း၊ခရေလမ်း တို့လိုကားသိပ်ကျပ်တဲ့လမ်းတွေကို တလမ်းမောင်း သတ်မှတ်ပြီး ကျန်လမ်းတွေကို ၂လမ်းမောင်း သတ်မှတ်သင့်တယ်လို့ထင်ပါတယ်။ ဆိုင်ကယ်တွေပြန်စီးခွင့်ပြုခြင်းဟာလည်း ကားဂျမ်းကို သက်သာစေနိုင်တယ်လို့ ထင်ပါတယ်၊ ကုန်တင်ယာဉ်တွေရဲ့ကုန်တင်ခွင့်ကုန်ချိန်ကို လျှော့ချလိုက်တဲ့အတွက် ကုန်တင်ကားစိးရေဟာ ၂ဆတိုးလာတာလည်း ပါမယ်လို့ထင်ပါတယ်၊ ဘုရင့်နောင်ဈေးဘေးကနေ ဗဟိုလမ်းဘက်ကို ဖောက်ထွက်ဖို့ တလမ်းလောက် ရှိသင့်တယ်လို့ထင်ပါတယ်။ ယာဉ်ထိမ်းရဲများကတော့ […]