Shwe EiSeptember 4, 20141min48239
(၁) ပွိုင့်စိမ်းဘီဟေ့ ဆိုသော အသံနဲ့အတူ ဆောင့်ထွက်လိုက်သော ဘတ်စ်ကားပေါ်သို့ မီးပွိုင့်မှ ကားတက်စီးကြသော သူငယ်မတစ်စု အပြေးအလွှားခုန်တက်လာတာမြင်လိုက်၏။ ကားခပ်ချောင်ချောင်ပေါ်တွင် သက်တောင့်သက်သာ စီးရချည်ရဲ့အောက်မေ့ နေရာမှ ပွိုင့်ဖြတ်မယ်နော် တန်းတွေ ကွင်းတွေ ကိုင်ထား ဟူသော အသံနှင့်အတူ ဒေါက်ဖိနပ်ချွန်ချွန်နှင့် ခြေဖမိုးကို အားပါးတရတက်နင်းခံလိုက်ရလေသည်။ ကားပေါ်တက်တက်ချင်း မှီရာလှမ်းဆွဲဖို ့ မစဉ်းစားဘဲ ထိုင်ခုံနေရာရှာနေသော အနှီ ပေမမှီဒေါက်မမှီ တစ်ယောက်ကို ခပ်ချဉ်ချဉ်ရှိတာနဲ့ မျက်စောင်းလှည့်ထိုးလိုက်မိသည်။ ဘယ့်နှယ့်တော် ဒေါက်ဖိနပ်အချွန်စီးပီး တန်းမမှီရတဲ့ကြားထဲ ထိုင်ခုံလဲရှာနေသေး ကိုဖာသာ အေးဆေးရပ်နေတဲ့လူခြေထောက်ကို လဲ လာတက်နင်းရသေး…ဒွတ်ခ (၂) ကဲ ဒီဘက်က အမ အပေါက်ဝပိတ်မရပ်နဲ့ အလယ်ခေါင်ကိုတိုး….ကားကအချောင်ကြီးကို ဘယ့်နှယ့်အေပေါက်ပိတ်ရပ်နေတုန်း…ကွကို မစီတတ်ရင် စပယ်ယာဝင်လာလိုက်မယ်နော်…အိုက်ကျမှ ဘာဖစ်တယ် ညာဖစ်တယ် မလာနဲ့ ..ဟွန်း သောက်ကျိုးနဲ […]