ေအမီNovember 16, 20111min70451
မိန်းကလေးတွေဟာ ပန်းသီးပင်ပေါ်က ပန်းသီးလေးတွေနဲ့ တူတယ်တဲ့။ ဘာကြောင့်ပါလိမ့်……… အကောင်းဆုံး အလုံးတွေက အပင်ရဲ့ထိပ်ဆုံးမှာရှိတတ်ကြတယ်၊ ဒါပေမဲ့ ယောကျာ်းလေးတွေကတော့ အကောင်းဆုံးအလုံးဆီကိုရောက်ချင်စိတ်မရှိကြပါဘူး၊ ဘာကြောင့်လဲဆိုတော့ အပင်ထိပ်ကနေပြုတ်ကျမှာကို ကြောက်ကြလို့ပေါ့။ အဲဒိတော့ အပင်ခြေမှာကျနေကြတဲ့ အလုံးတွေကိုပဲကောက်သွားကြတယ်။ အဲဒိအလုံးတွေက ထိပ်ဆုံးကအသီးတွေလောက် မကောင်းကြပေမဲ့ လွယ်လွယ်ရနိုင်တယ်လေ။ ဒီတော့ ထိပ်ဆုံးကပန်းသီးလေးတွေက စဉ်းစားတယ်…….”အင်း..သူတို့တွေတော့ တစ်ခုခုတော့မှားနေပြီ”….လို့။ အမှန်တော့ သူတို့တွေဟာ တကယ်ကိုအဖိုးတန်လေးတွေပါ။ သူတို့တကယ်လုပ်ရမှာက သူတို့ရှိတဲ့အပင်ထိပ်ဖျားထိ သတ္တိရှိရှိတက်လာရဲတဲ့ သူရဲကောင်းကိုစောင့်နေဖို့ပါပဲ။ အေမီ နားလည်သလိုခံစား ဘာသာပြန်လိုက်ပါတယ်။ မှားတာရှိရင် သည်းခံပါနော်။ ဒါကတော့ မူရင်းစာသားတွေပါ………….. Girls are like apples on trees. The best ones are at the top of the tree. […]


smytu1996October 25, 20101min801
မြန်မာနိုင်ငံမှာ ၂၀၁ဝ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်ဩဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။ ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ […]


smytu1996October 6, 20101min942
ဒီစာကို ယခုလက်ရှိချစ်သူရှိသူ ချစ်ကျွမ်းဝင်တဲ့သူ အသဲကွဲသူတွေအားလုံးနဲ့ သက်ဆိုင်မယ်ထင်တယ်။ ခုတလောဆိုရင် အရမ်းခေတ်စားနေတဲ့ ကိုးရီးယားကားထဲကလို တယောက်ကိုတယောက် ပျော်ရွှင်မှုတွေမပေးနိုင်လို့ ထွက်ခွါသွားကြတာမျိုးတွေကို ကြည့်ရှုနေကြရမှာပါ။ ဒါပေမဲ့ သင်စဉ်းစားဖူးလား။ သင်က သူ့အတွက် သူက သင့်အတွက် အပျော်ရွှင်ဆုံးဆုလာဒ်ပဲဆိုတာကိုပေါ့။ တယောက်ကိုတယောက် ပျော်ရွှင်မှုတွေပေးရမယ်ဆိုတဲ့ တာဝန်ကို ထွက်ပြေးတိမ်းရှောင်ကြတာလား။ အမှန်ဆိုရင် တယောက်ကိုတယောက်ပျော်ရွှင်အောင်ထားနိုင်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။ သင်ထွက်ခွါသွားပေးတာဟာ သူ့ကိုမနာကျင်စေလို့ ဒုက္ခမရောက်စေချင်လို့ဆိုပြီး သင်ဆင်ခြေတွေပေးမယ်။ ဒါပေမဲ့ သင်ထွက်ခွါသွားတာကမှ သူ့အတွက် အနာကျင်ဆုံး အပြင်းဆုံးဒဏ်ရာတွေ သူ့ကို သင်ပေးလိုက်ပြီ ဆိုတာကို သင်စဉ်းစားမိလား။အချစ်ဆိုတာ ထာဝရလက်တွဲရဖို့ ကြိုးစားရမှာ မဟုတ်လား။ ထွက်ခွာသွားမှာကြောက်လို့ နားလည်မှုတွေပေးတယ် နားလည်မှုပေးတယ်ဆိုတာ ချစ်လို့ ဒါဆိုရင် ဘာလို့ ကြောက်နေအုန်းမှာလဲ။ အချစ်ဆိုတာ တာဝန်တခုလိုပါပဲ လွယ်လွယ်နဲ့ မထားခဲ့ပါနဲ့ မထွက်ခွသွားပါနဲ့။ ပျော်ရွှင်မှုကို […]


smytu1996October 6, 20101min630
ဆရာ့ရဲ့ဟောပြောချက်ထဲက မှတ်သားဖွယ်ရာ ဟောပြောချက်တစ်ခုကတော့ အသိပညာရှင်ဆိုတာ ကိုယ့်ဦးနှောက်ကို သစ္စာရှိရတယ်.. ရိုသေရတယ်။ အနုပညာရှင်ဟာ ကိုယ့်နှလုံးသားကို သစ္စာရှိရတယ် ရိုသေရတယ်..။ ကျွန်တော့်အသိဉာဏ်ဟာ တစ်ထွာဖြစ်ချင်ဖြစ်မယ်.. တစ်မိုက်ဖြစ်ချင်ဖြစ်မယ်.. တစ်တောင်ဖြစ်ချင် ဖြစ်မယ် တစ်လံဖြစ်ချင်ဖြစ်မယ်.. ဒါပေမယ့် ကျွန်တော်အသိဉာဏ်ကို ကျွန်တော်သစ္စာရှိတယ်.. ဒီနေ့အထိ ကျွန်တော်မယုံကြည်တဲ့ စကား ဘယ်သူခိုင်းလို့မှ ကျွန်တော်မပြောဘူး.  PLEASE CLICK THIS(02 AungThin_PyawBwal)


smytu1996September 20, 20101min943
(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။ (၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။ (၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။ (၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ […]