smytu1996October 6, 20101min953
မြန်မာနိူင်ငံကျောင်းသား သမဂ္ဂဖွဲ့စည်းရေးကို ယခုအခါကျောင်းသားများစီစဉ်ဆောင်ရွက်နေသည်။ သင်တို့၏ အကြံညဏ်ကောင်းများနှင့်လက်တွဲပူးပေါင်းလိုသူတိုင်း အောက်ပါ လိပ်စာအတိုင်းဆက်သွယ်နိူင်ပါသည်။ myanmarkyaungthargroup@gmail.com ———- Forwarded message ———- From: arkar moewai Date: 2010/6/8 Subject: Fwd: ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့ To: ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့ သူငယ်ချင်းတို့ရေ ဒို့တိုင်းပြည်ရဲ့ နိူင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ဘယ်လို အရေးအခင်းဘဲဖြစ်ဖြစ် ဒို့ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်ခဲ့တာဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာလည်း သူရဲ့နိူင်ငံရေးလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဘဝကစခဲ့တာပါဘဲ။ ၁၉၈၈ အရေးအခင်းမှာဆို အလယ်တန်းကျောင်းသား အဆင့်တောင် ပါဝင် ဆင်နွှဲခဲ့ကြတယ်။ ဒို့လက်ထက်ကျမှတော့ သမိုင်းအရိုင်းမခံကြနဲ့တော့ သူငယ်ချင်းတို့ရေ။ ငါတို့တွေလည်း မညံ့ဘူးဆိုတာ ပြကြဖို့ အချိန်ရောက်ပြီ သူငယ်ချင်းတို့ရေ။ ဒို့တွေဟာ မိဘရင်ခွင်မှ စွန့်ခွာကာ တက္ကသိုလ် ပညာကို […]


smytu1996October 4, 20101min710
အမေ…နေကောင်းပါရဲ့လား အမေ…ခြံနံပတ် ၅၄ ကိုအမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကိုတက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်စောင့်နေဆဲပါ အမေ… ရှိပါတယ်အမေ…ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်…သူတို့လည်း နေကောင်းကြပါရဲ့ တချို့ကတော့နိုင်ငံသားပြောင်းလဲခံယူရင်းမြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေဇာတိမြေကို အလည်အပတ်ပြန်တိုင်း“အရင်အတိုင်းပဲနော်” လို့ဝတ်ကျေတန်းကျေနှုတ်ဆက်ဈေးဝယ်မပျက်ကြပါဘူး တချို့ကတော့ဒုက္ခသည်ယောင်ဆောင်ရင်း(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့နယူးယောက်ကနေအမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။ အမေ့ပါတီလည်း ရှိပါသေးတယ် အမေ…တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြောပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့ကြေညာချက်မထုတ်တော့တာကလွဲရင်အရင်လို ခမ်းခမ်းနားနားပါပဲ အမေ… ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ…ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်တချို့က ထမင်းမချက်နိုင်တော့ထမင်းရည်ဝယ်သောက်ကြရတယ် အမေဘာပဲပြောပြော အမေရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူးသူတို့နှစ်ဦးလောက်တော့ဘယ်သူမှ အလုပ်မများဘူးလေ အမေအမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊ရွေးကောက်ပွဲ၊ နေပြည်တော် – ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်အပြောင်းအလဲတွေကတော့အများကြီးပေါ့အမေရယ်ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေကနိုင်ငံခြားသားလုပ်ပြီး ပြန်လာဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်မချိပေမယ့် […]