thihayarzarSeptember 29, 20101min52818
ပြင်ဦးလွင်မှရက်ရက်စက်စက်လူသက် အနုကြမ်းစီးတဲ့အမှုကြီးပါ..လွန်ခဲ့တဲ့ ၂၅.၉.၂၀၁ဝ ည ရးဝဝ လောက်မှာဖြစ်ခဲ့တာပါ… ဖြစ်ပုံမှာ အသက် ( ၅၂ )အရွယ်အမျိုးသမီးကြီးတစ်ယောက်ကို ရက်ရက်စက်စက် ဓားနှင့်အချက်ပေါင်းများစွာ ထိုးပြီးတော့ ပစ္စည်းများကိုယူသွားတာပါ… ပြင်ဦးလွင်ရဲ့မြို့လယ်ခေါင် မြို့ပတ်လမ်းနံဘေး စာပန်းအိမ် ဘော်ဒါဆောင် ရုံးချုပ်နားက အိမ်ကြီးတစ်အိမ်မှာပါ … အသက် (၅၂ )အရွယ်အမျိုးသမီး တစ်ဦးတည်းနေထိုင်တဲ့ အိမ်ကြီးမှာဖြစ်ပျက်ခဲ့တာပါ .. အမျိုးသမီးဟာ ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရပါတယ်.. ထိုမိန်းမကြီးကိုသတ်သွားတဲ့တရားခံဟာ .. အသက်က (၃၂)အရပ်ရှည်ရှည်နဲ့ဖြစ်ပါတယ်… တရားခံ၏ထွက်ဆိုချက်အရ ည ရးဝဝ လောက်အချိန်တွင်ဖြစ်ပါသည်… သူသည်အုတ်နံရံကိုကျော်တက်ပြီးအိမ်ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ် … သေဆုံးသူအမျိုးသမီးသည် အိမ်တံခါးများကိုပိတ်ပြီးတော့ တီဗီကြည့်နေတာပါ.. အိမ်ရဲ့နောက်ဖေးအပေါက်မှာ အသံကြားလို့ ထပြီးတံခါးဖွင့်ပြီး ကြည့်လိုက်ရာ တရားခံကအမျိုးသမီးကိုဆောင့်ထွန်းလိုက်ရာ လှဲကြသွားပါသည်… အမျိုးသမီးက ကယ်ကြပါဦး ဟုအော်ဟစ်အကူအညီတောင်းရာ တရားခံသည် အသင့်ပါလာသည့် […]