“ …….” ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းလေး ပန်းရောင်ဂါဝန်လေးနဲ့ သိပ်လှပါတယ်။ တကယ်ပါ အဲဒီသူငယ်ချင်းက မင်းသမီးရှူံးလောက်အောင်ကိုလှပါတယ်။ နဂိုကလှပြီးသားအပေါ်မှာ လိုက်ဖက်လွန်းတဲ့အပြင်အဆင်ထပ်ပေါင်းပြီး သိပ်လှနေတဲ့သူငယ်ချင်း ကျွန်မကိုဘာမှမပြောပဲ အကြာကြီးရပ်ကြည့်နေတယ်။ ………………………………………………………………………………………………………………………………………. Feels like I’m walking in the rain… I find myself trying to wash away the pain…… ဖုန်းမြည်သံနဲ့အတူ လန့်နိုးပြီး နာရီကြည့်လိုက်တော့ နံနက် ၂ နာရီနဲ့ ၁ဝမိနစ်ကိုပြနေသည်။ ကျွန်မ မအိပ်ခင် ဖုန်းပိတ်ဖို့မေ့ခဲ့သည်ပဲ။ ကြည့်လိုက်တော့ မသိတဲ့နံပါတ်မို့ မကိုင်တော့ပဲပိတ်ပစ်လိုက်ပါသည်။ ကျွန်မအိပ်မက် မက်နေခဲ့တယ်။ မိန်းကလေးတစ်ယောက် အလှဆုံးအရွယ်လို့ပြောလို့ရတဲ့ ၁၉ နှစ်အရွယ်မှာ လောကကြီးကိုအရှုံးပေးပြီး ထွက်ပြေးသွားတဲ့သူငယ်ချင်းလေးကို ကျွန်မအိပ်မက်ထဲမှာပြန်တွေ့ခဲ့တယ်။ ဪ မနက်ဖြန်ဆို […]