Moe ZJanuary 6, 20121min49147
ကျွန်မတို့သည် စကားလုံးများကို အသုံးပြုပြီး မိမိတို့၏အတွေးအခေါ်များနှင့် အကြောင်းပြချက်များကို တွေးတောဖော်ထုတ်ခွင့်ရကြပါသည်။ စကားလုံးများကိုအသုံးပြုရာ၌ ဝေါဟာရမကြွယ်ဝလျှင် အကြောင်းပြချက်များအားနည်း နိုင်ပါသည်။ တစ်နည်းအားဖြင့် ဝေါဟာရကြွယ်ဝပါက ဆိုလိုရင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာပေးနိုင်သည့်အပြင် ရေရှည်အဖိုးတန်သည့် စကားပြောစွမ်းရည်ကို မြင့်မားစေပါသည်။ ထိုသို့ဖြစ်စေရန် စကားလုံးများ၊ ဝေါဟာရများကို နှစ်ခြိုက်တတ်ရန် လိုအပ်ပါသည်။ အင်္ဂလိပ်ဘာသာစကားတွင် ဝေါဟာရပေါင်း (၅၀၀၀၀၀) ကျော်ရှိသည့်အနက် (၃၀၀၀) ခန့်ကိုသာ ကျွန်မတို့နေစဉ် ပြောဆိုအသုံးပြုပါသည်။ ထိုစကားလုံးများထဲ၏ ၆၅%ဖြစ်သော ဝေါဟာရ (၄၀၀)ခန့်ကိုသာ ကလေးများအတွက်ထုတ်သောစာအုပ်များတွင် တွေ့ရပါသည်။ ကျွန်မတို့နေ့စဉ်သုံး ဝေါဟာရ (၃၀၀၀)တွင် ရှေ့ဆက်များ ဖြစ်သည့် dis-, mis-, re-, နောက်ဆက်များဖြစ်သည့် -ed, -ful စသည်ဖြင့် စကားလုံး (၅၀၀၀)ခန့်တိုးလာပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်သည် ထိုရှေ့ဆက်၊ နောက်ဆက်စကားလုံးများကို သိရှိနားလည်လာပြီဆိုပါက […]