နည်ရဲဇော်April 23, 20114min13310
မိုးကြိုးပစ် လွတ်ကြစေ ကျွန်တော်တို့မြန်မာလူမျိုးများ တစ်ခုခုအလေးအနက်ထားပြောချင်လျှင် “ဘုရားစူးပါစေရဲ့။ မိုးကြိုးပစ်ပါစေရဲ့။´´ စသည်ဖြင့်ကျိန်ပြောတတ်ကြသည်။ မိုးကြိုးဆိုသည်မှာ အင်အားပြင်းထန်သော၊ လူကို သေစေနိုင်သော၊ အန္တရာယ်ပေးနိုင်သောအရာဟုသိကြသည်။ ဩောင်းတစ်ရာ့ရှစ်ကွက် ဂါထာလာ “ဝရဇိတ်လက်နက် ဗြဟ္မာစက်၊ မိုးကြိုးလက်နက် သိကြားစက်´´ ဆိုတာကိုလည်း လူကြီးတွေ ရွတ်ဆိုတာကြားဖူးသည်။ အမိအဘ ကိုစော်ကားသူမိုးကြိုးပစ်တတ်တယ်ဟုလည်းလူကြီးတွေဆုံးမတာနာယူခဲ့ဖူးသည်။  တစ်ချို့ဂမ္ဘီရလိုက်စားသည့် သူများကျတော့ မိုးကြိုးသွား ဆိုတာကိုသဲကြီးမဲကြီးလိုက်ရှာကြပြန်သည်။ မိုးကြိုးသွားရရင် “ဘာကောင်းတယ်၊ သေနတ်ပီးတယ်၊ မီး မကူးဘူး´´ စသည်ဖြင့်ယုံတမ်းစကားတွေငယ်ငယ်က ကြားခဲ့ဖူးသည်။ အခုအထိတော့ မိုးကြိုးသွားဆိုသည်မှာ ဘာမှန်းမသိ။ မိုးကြိုးသွား ရသွားသည့်သူကိုလဲ မမြင်ဘူးသေး။ မိုးဦးကျလေဦးကျ တဝုန်းဝုန်းမိုးချိန်းသံနှင့်အတူ ဝင်းလက်တောက်ပသွားသည့် အလင်းတန်းကိုကြည့်ပြီးငယ်ငယ်က တအံ့တဩနှင့် ကောင်းကင်ပေါ်က ဘယ်သူဓါတ်မီးနှင့် လှမ်းလှမ်းထိုးသလဲဟု ကလေးဘဝက အဖေ့ကိုမေးဖူးသည်။ အဖေကတော့ ခပ်လွယ်လွယ်ပင် ကောင်းကင်ပေါ်က သိကြားမင်းကြီးက မိဘစကားနားမထောင်သည့်သူများကို မိုးကြိုးလက်နက်နှင့်လှမ်းဆုံးမကြောင်းပြောတတ်သည်။ ဒီလိုနဲ့အသက်တွေကြီးလာတော့ […]