pazflorJanuary 24, 20131min44520
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေလစာဟာ အလွန်ဘဲ နည်းကြပါတယ်။ မိဘနှစ်ပါးလုံး အစိုးရဝန်ထမ်းဖြစ်ခဲ့ကြလို့ ကျွန်တော်ငယ်စဉ်အခါက မိသားစုဟာ အလွန်ကျပ်တည်းခဲ့ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေ ပင်စင်ယူလိုက်တဲ့ အခါ မိသားစုမှာ ဘာမှ စုဆောင်းငွေဆိုတာမရှိပါဘူး။ ရသမျှ အဖေနဲ့ အမေ့ လခတွေဟာ စားစရိတ်၊ ကျောင်းစရိတ်နဲ့တင် အလျှင်မမှီခဲ့ပါ။ ကျွန်တော့် မိဘတွေဖြတ်သန်းခဲ့ရတဲ့ ဘဝကို ကြည့်ပြီး အတော်ထိတ်လန့်ခဲ့ဖူးပါတယ်။ ဒါမို့ အစိုးရဝန်ထမ်းလုပ်ချင်စိတ်ကို လုံးဝမရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာ ဂွင်ကောင်းလို့ ရတဲ့လစာနဲ့ မတန်အောင် ချမ်းသာနေကြတဲ့ အစိုးရဝန်ထမ်းတွေလည်း အများကြီးတွေ့ဖူးပါတယ်။ ငယ်စဉ်က အားကျစိတ်ဖြစ်ခဲ့ပေမဲ့ အတန်ငယ်အသက်ရလာတဲ့ အချိန်မှာ ရှက်ရမှန်းသိလို့ သူများမသာထှာရေစာစားမှ၊ ခိုးမှ လူစဉ်မှီနေနိုင်မဲ့ အစိုးရဝန်ထမ်းဘဝကို လုံးဝသွားချင်စိတ်ကို ကုန်သွားပါတယ်။ ဆောင်ပုဒ်လေးတစ်ခုရှိတယ်လေ ဘာတဲ့ “ဝန်ထမ်းကောင်းမှ တိုင်းပြည် ကောင်းမည် […]