True AnswerSeptember 13, 20111min1449
မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး သတင်းတွေ၊ ဆောင်းပါးတွေကို နေ့စဉ်နဲ့အမျှ ဖတ်နေတွေ့နေရပါသည်။ ဖတ်ခဲ့ရသည့် သတင်းတွေအရ ဒီရေကာတာတွေအတွက် တရုတ်ရဲ ့ ရင်းနှီးမြှုပ်နှံမှုဟာ မနည်းပါ။ အဲဒီ့အတွက်ကြောင့် တရုတ်ဘက်ကလည်း လက်ရှိအနေအထားအထိ ကုန်ကျခဲ့တဲ့ သူတို့ ရဲ ့ အရင်းအနှီးတွေ မဆုံးရှုံးစေရေးအတွက် ဒီစီမံကိန်းကို တော်ရုံနဲ့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ တိုက်ပွဲတွေဖြစ်နေတဲ့ ကြားထဲကကို အလျော့မပေးဘဲ ဆက်လက်ပြီးတော့ ဆောက်လုပ်နေဆဲပါ။ တရုတ်က သူတို့ရဲ ့ ငွေအရင်းအနှီး ကိုတောင် မဆုံးရှုံးအောင် ကြိုးစားနေကြပါတယ်။ မြန်မာတွေ ဘက်ကရော ? ပထမဆုံး ဆောက်လုပ်ရေးအတွက် မြေနေရာတွေရှင်းလို့ မြန်မာ့တောတွေ ဆုံးရှုံးနေပြီ ( ရှင်းလိုက်တဲ့သစ်တွေ ဘယ်ရောက်သွားပြီလဲ ) တောတွေမရှိတော့ တောထဲနေရတဲ့ ရှားပါးတိရိစာ္ဆန်တွေကိုလည်း ဆုံးရှုံးနေပါပြီ ( […]