weiweiMay 2, 20113min22322
Sichuan ခရီးစဉ် (၁) တိဗက်မှာ ရ ရက်တာ လည်ပတ်ခဲ့ပြီး ၈ ရက်မြောက်နေ့မှာ တိဗက်ပြည်နယ် လားဆားမြို့လေဆိပ်မှ မနက် ၉ နာရီခွဲလေယာဉ်နဲ့ စီချွမ်ပြည်နယ်မြို့တော် ချန်သူး (Chendu) ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ စီချွမ်မှာ ၄ ညပဲ အချိန်ရလို့ ကျွန်မတို့ အဓိကသွားချင်တဲ့ (Jiuzhaigou) ကျိုကျိုက်ကုန်း နဲ့ giant Buddha ရှိတဲ့ (leshan) လဲ့ရှန်းကိုပဲ သွားဖို့ စီစဉ်ခဲ့ပါတယ်။ တိဗက်ကထွက်လာတော့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ထဲပဲ စီချွမ်ကိုခရီးဆက်ခဲ့တယ်။ ခရီးသွားကုမ္ပဏီနဲ့ မဆက်ပဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ခရီးစဉ်ကို ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်က စီချွမ်ငလျှင်ပြီးတာ ၂ လ ပဲ ရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး တော်တော်လေး ဆိုးနေသေးတဲ့အချိန်ဆိုတော့ […]