Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဂ်စ္စူMay 14, 20121min69333
သူတို ့နှစ်ယောက်ကို ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ပထမအကြိမ် မြင်ဖူးခဲ့ပါသေးတယ်။ တစ်ယောက်က အရပ် ခပ်ရှည်ရှည်၊ ကျန်တစ်ယောက်က သူ ့ထက် ခပ်ပုပု ခပ်ငယ်ငယ်။ အဲတုန်းက ခပ်ရှည်ရှည် တစ်ယောက်က ပိုလီယို ဆွဲသလို ခေါင်းက စောင်းငန်းစောင်းငန်း၊ ခြေလှမ်းက လိမ်ဖယ်လိမ်ဖယ်နဲ ့ အရှေ ့ကလျှောက်နေတာကို ခပ်ငယ်ငယ် ပုတုတုတစ်ယောက်က အနောက်ကနေ ပိုလီယို ့ဖင်ကိုစောင့်စောင့် ကန်ရင်းနဲ ့ နှစ်ယောက်သား ပျော်ရွှင်ရယ်မောပြီး ကျနော့်ရှေ ့က ဖြတ်သွားကြတာကို ပထမဆုံး မြင်မိတာပါ။ ကျနော်လဲ သူတို ့ကို ကြည့်ပြီး ပျော်သလို ခံစားမိပေမဲ့ ပိုလီယိုနဲ ့ သူတောင်းစားပမာ နှစ်ယောက်ကို သနားသလိုလို ဂရုဏာဖြစ်ပြီး စိတ်မကောင်းဖြစ်မိပါသေးရဲ့ဗျား။ အခုလဲ.. သွားရင်းလာရင်းနဲ […]


ဂ်စ္စူMay 5, 20121min53726
http://komoethee.blogspot.com/2012/05/blog-post_05.html  ကနေ တွေ ့မိတာပါ ဒီလို ရေးထားပါတယ်။ တနသာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာ (မြိတ်မြို့အရှေ့ဘက်ကမ်း) တွင် နေထိုင်သူ မသန်းနု၊ အသက် ၃၈ နှစ် အိမ်ထောင်ရှိ၊ အမျိုးသမီးအား ခဲအိုဖြစ်သူက စုန်းဟု ယိုးကာ၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာသို့ခေါ်ဆောင်ပြီး ဆရာကြမ်း (ဆရာယောင်ယောင် သမားယောင်ယောင်) ဦးမဲကြီးထံတွင် ၄ရက်တာ ဆေးကုသမှု (ရိုက်ပြီးကု၊ အရက်တိုက်ကု) ခံယူရင်း သေဆုံးသွားခဲ့ပါသည်။ ဖြစ်စဉ်မှာ မသန်းနု အား (စုန်း) ဟု ယိုးမယ်ဖွဲ့ပြီး ပယောဂဆရာမဲကြီး၊ သူမ၏ ခဲအို၊ ကျန်အပေါင်းအပါ ၂ဦး။စုစုပေါင်းအမျိုးသား ၄ ဦးတို့မှမတရားရိုက်နှက်နှိပ်စက်ကာ၊ ၄ရက်လုံး ထမင်းလဲမကျွေး၊ ဆဲဆို၊လက်နက်ဖြင့်၎င်း အမျိုးမျိုးသော ရက်စက်မှုတို့ဖြင့် ကုသရာ ၄ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။ ၎င်းတရားခံများကို ကျွန်းစုမြို့နယ် ရဲစခန်းတွင် အချုပ်ဖြင့်ထားရှိကြောင်း […]


ဂ်စ္စူMay 5, 20123min64540
V.1 သောက်ရင် မူးမှ မူးရင် အိပ်ရမှ အိပ်ရင် ပျော်မှ ပျော်ရင် က ရမှ က ရင် ညောင်းမှ ညောင်းရင် နားရမှ နားရင် ပက်လက်လန်မှ လန်ရင် ဖုံးရမှ ဖုံးရင် ပိတ်မှ ပိတ်ရင် ပြန်မပွင့်မှ ပွင့်ရင် လှမှ လှရင် ရမှ ရ ရင်  ပြန်မပေးရမှ ပေးရင် ယူမှ ယူရင် အကြွေးရမှ အကြွေးဆို အတိုးမပါမှ ပါချင်ရင် အိမ်သာအားမှ အားရင် အတင်းပြောနေရမှ ပြောရင် နားထောင်မှ ထောင်ရင် မတ်နေမှ မတ်ဆို နေမပူမှ ပူရင် အဲကွန်းအေးမှ အေးရင် ကွေးရမှ ကွေးရင် ပုဇွန်တုပ်လိုမှ တုပ်ရင် သေမှ သေရင် […]


ဂ်စ္စူApril 26, 20121min141548
မပြောချင်ပဲ ပြောရဦးမယ်ဗျ စောစောစီးစီး ကျက်သရေတုံးပါတယ်..။ ဒီနေ ့မနက် လေးနာရီဝန်းကျင်လောက် တစ်ရေးနိုး ရေထသောက်ပြီး ပြန်အိပ်ဖို ့ မျက်လုံးကြောင်နေတာနဲ ့ ဟိုလှိမ့်.ဒီလှိမ့်လုပ်ပြီး အိပ်လို ့ကို မပျော်ဘူးဖြစ်နေရော။အဲတာ.. အရင် အရူးမ အိပ်တဲ့နေရာနားက တစ်အီ..အီနဲ ့ခွေးအီသံကြားရပါရောဗျာ။ ဒီခွေးအသံကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလဲ တစ်ခါကြားဖူးတယ်။အဲတုန်းက အသံကြားကြားချင်း ဆိုင်ရှေ  ့ အပြင်ကိုချောင်းကြည့်တာ ငနဲတစ်ကောင် ခွေးကို မုန် ့ကျွေးပြီး ဘာလုပ်နေလဲမသိ။ကိုယ့်နေရာနဲ ့မနီးတော့ သူ ့ခွေးနဲ ့ ဆော့နေသလားပဲဆိုပြီး မစပ်စုပဲ ပြန်အိပ်ခဲ့တာကိုးဗျ။   ဒီနေ ့မနက် ၄ နာရီကျော်လောက်လဲကြရော အဲလို အီသံထပ်ကြားရတော့ သိပ်မင်္ကာလို ့ ထချောင်းမိတာ။ အဲမှာ စတွေ ့တာပဲဗျာ..။နားနဲ […]


ဂ်စ္စူApril 1, 20122min89941
ဓာတ်ပုံ Reuters ဒီအောက်ကပုံတွေကတော့ ကိုအောင်မျိုးလွင်ရဲ့ဖေ့စ်ဘွတ်က လို ့ပြောပါတယ်.. ကျနော်က ဧရာဝတီက ယူလာတာပါဗျာ။ ဒီအောက်ကပုံတွေက AP ကပါဗျို ့ ကလိန်ကကျစ်၊ညစ်နည်းပေါင်းစုံနဲ ့ အမှန်ခြစ်လို ့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ သေရွာကလူတွေရဲ့နာမည်တွေ ထည့်ထားတာတွေ၊အသက်မပြည့်တဲ့ခလေးတွေထည့်ထားတာတွေ၊ မိသားစုစာရင်းဖျောင်ထားတာတွ၊မဲပေးလို ့မရအောင် အမျိုးမျိုး နှောင့်ယှက် လုပ်ကြံထားသမျှတွေအတွက် သဲထဲရေသွန်သလို အရာမထင်ခဲ့ပဲ- နောက်ဆုံးတော့ အပြတ်သတ်ပဲ ရှုံးခဲ့ကြပါပကောလားဗျို ့။ ကဲ.. ကျုပ်တော့… ဒိုးမယ်.. လန်းမယ်.. ဖလန်းဖလန်း ထမယ် သောက်မယ်..အဲ..အဲ..များကြီးသောက်ရင် မိန်းမဆူမှာစိုးလို ့..အာစွတ်လျှာစွတ် တစ်ဂွပ်..နှစ်ဂွပ်ပဲ တစ်ဂွပ်ဆိုတာ ဘယ်လိုတစ်ဂွပ်လဲတော့ လာမမေးနဲ ့..ကွိ..ကွိ.. ခင်ဗျားတို ့လဲ ဘာလုပ်နေကြသတုန်း ထ.က ကြပါတော့လား..လို ့ (စည်းကမ်းရှိရှိ အောင်ပွဲခံကြပါစို ့နော့)    


ဂ်စ္စူMarch 31, 20122min48014
မနက်ဖြန် ဆိုတာနဲ ့ မဲတွေ ထည့်ရတော့မယ် ခုထိ ဘာမဲတစ်ပြားမှ မရသေးဘူး..အဲတာနဲ ့.. ကိုယ်တစ်ယောက်ထဲလား အောင့်မေ့တာ ကိုယ့်လိုပဲ မရတဲ့လူတွေတစ်ပုံကြီးဗျာ တစ်ချို ့ဆို တစ်လမ်းလုံးကို လာမပေးသေးတာ.. ထည့်ချင်လွန်းလို ့တစ်ချို ု့များ ခွပ်ဒေါင်းအလံတွေ၊စတစ်ကာတွေ ကားမှာကပ်၊အိမ်မှာချိတ်၊ဆိုင်ကယ်မှာလွင့် နောက်ဆုံး စက်ဘီးဆိုက်ကားတောင် ခွပ်ဒေါင်း အလံတလူလူနဲ ့ မို ့ ကိုယ်တောင် မျက်စိနောက်မိသေးတယ် ဆက်ရရင်… ထည့်ချင်သပမို ့ မဲပေးမည် NLD ဆိုတဲ့လူတွေမှ တစ်ပုံကြီးပေါ့ဗျာ.. ခုတော့ ထည့်စရာမဲလာမပေးသေးဆိုတော့… သူ ့မေဂျီးဒေါ်အပြားမှာ ရေးပြီး သွားထည့်ရမှာလားဗျာ အဲတော့… မဲမရသေးလို ့ ရပ်ကွက်ရုံးသွား ရပ်ကွက်လူကြီးက ကော်မရှင်မူးကို ဘောလီဘောပုတ်တယ် ကော်မရှင်မူးကိုမေးတော့ တက္ကစီသွားဆွဲတာ မနက်ကတဲကဆိုပဲ အေလိုးကလဲ […]


ဂ်စ္စူMarch 9, 20121min41922
  ခုတလော …. ရွာထဲ မျက်ခွက်ပြောင်ပြီး အီးလိုက်ပန်းချင်ယောင်ဆောင်နေရင်း အပြင်မှာလဲ ဂယ်ပဲ ခဏခဏ အိမ်သာပြေးပြေးနေရပါပကော။ နဂိုထဲက အပူအစပ်နဲ ့ သိပ်မတည့်၊ ဝမ်းကလဲ မခိုင်တတ်၊ စားတတ်တာကလဲ ချဉ်ငံစပ်နဲ ့ ဗိုက်ခဏခဏ ရစ်တတ်တဲ့ အစားအစာတွေကများတော့ စားလိုက်၊ ပါလိုက်၊ စားလိုက်၊ ပါလိုက်နဲ ့ ရွာထဲမှာ အတိုင်း ခဏခဏ ပါပါနေရတယ်။ စကားနောက် တရားပါပြီး ပန်းကမ္ဘာထဲ တဝဲလည်လည်မဖြစ်အောင် ရွာထဲမှာလို သိပ်မပန်းမိအောင် မနဲ ထိန်းထိန်း နေရတယ်။ ဒါတောင် အရှိန်ကမသေတော့ အနဲငယ် ပန်းပန်းနေတုန်းပဲဗျ ရွာသားတို ့ရ 😆 ။   ငယ်စဉ် ကျောင်းသားဘဝတုန်းကဆို ထွက်ပါ ကျဖူးတယ်ဗျာ။ ညနေ ကျောင်းအဆင်း […]


ဂ်စ္စူFebruary 26, 20121min57635
သို ့/…………   ဂျစ်တစ်တစ်နဲ  ့ ရင်ထဲက အချစ်တွေကို မြိုသိပ်ထားတတ်တဲ့ ကို ချစ်ပါလျက်နဲ ့ အချစ်မပါတတ်သလို အမြဲပြုမူတတ်တဲ့ ကို လွမ်းတတ်သလောက် မလွမ်းတတ်အောင် ကြိုးစားနေတတ်တဲ့ ကို အပျင်းကြီးသလောက် အတင်းကြီး မချစ်တတ်တဲ့ ကို သိပါလျက်နဲ ့ မသိမသာ ဖာသိဖာသာ အလိုက်မသိချင်ယောင်ဆောင်တတ်တဲ့ ကို မထုံတတ်တေးနဲ ့ မယုံတတ်သေးရင် လူဇိုးရုပ်ထွက်တဲ့ ကို စိတ်ဆတ်သလောက် မနှိပ်စက်တတ်လဲ အိပ်မက်ဆိုးတွေနဲ ့ ပူဆွေးစေတဲ့ ကို အပြောဆိုးသလောက် အကြင်နာမိုးတွေလဲ ရွာသွန်းဖြိုးပေးတတ်တဲ့ ကို ——————————————————————————— ဪ…………………..   ကြာပါဒယ်.. ရွာထိပ် ဘီးအီးဆိုင်က စိတ်မချရတဲ့ကို ခွက်ပုန်းရန်က စိတ်မချရတဲ့ ကို မူးလာရင် တစ်လမ်းလုံပြည့်အောင် […]


ဂ်စ္စူFebruary 24, 20121min92557
သဂျီး တစ်တောင်လောက်ရှိတဲ့ တောက်တဲ့ကို တစ်လံလောက်ဖြစ်လာဖို ့ ဆွဲဆန် ့တတ်သလို ခင်ဗျားတို ့လဲ ကြမ်းပိုးကို လိပ်ဖြစ်အောင် လုပ်တတ်ကြပါစေ။ အူးသစ်မင်းကြီး ပညာ၊ကြင်ယာနဲ ့ပြည့်စုံပြီး ချစ်ခြင်းမေတ္တာတွေအပြည့်နဲ ့ အားလုံးကောင်းကျိုးအတွက် ဦးဆောင်တတ်သူဖြစ်သလို ခင်ဗျားတို ့လဲ အချိန်မီပြင်ဆင် ဆည်းပူး လေ့လာ မျှဝေ ရှာယူနိုင်ကြပါစေ။ ကိုပေါက်(မန္တလေး)ကြီး ကင်မရာတစ်လုံး ကိုင်မိရင် တစ်ဖျက်ဖျက် လိုက်ရိုက်တတ်ပြီး လူနဲ  ့မလိုက်အောင် သွက်လက်လှုပ်ရှားနိုင်နေသလို ခင်ဗျားတို ့လဲ  စိတ်သွားတိုင်းကိုယ်ပါပြီး ဖလန်းဖလန်း ထနေနိုင်အောင် ကြိုးစားကြပါ။ ဥိးပါလေရာကြီး ခလေးတွေဘယ်ကျောင်းထားရမလဲ စာရင်းကောက်နေသလို ခင်ဗျားတို ့လဲ ကိုယ့်ရင်သွေး အနာဂတ်လှပဖို ့ ကြိုတင်ပြင်ဆင် ထားကြဖို ့လိုပါတယ်။ အူးကြောင်ကြီး သဂျီးကို နင်လားငါလား ဖင်ပိတ်ငြင်းနိုင်သလို ခင်ဗျားတို ့လဲ အကုန်မသိတောင် […]


ဂ်စ္စူFebruary 22, 20121min69144
“ဖလမတွေ၊မအလတွေ၊ကိုယ့်တိုက်ခန်းနဲ ့ ကိုယ်နေတာ ဘယ်သူ ့သောက်ဂရုစိုက်ရမှာလဲ ငါ့ဘာသာနေချင်သလိုနေမယ် နင်တို ့အပူ ဘာပါလို ့လဲ..နင်တို ့…ငါ့ဘာသာ..နင်တို ့ငါ့ဘာသာ. !@…….@………” ဆိုတဲ့အသံ နန်းစတော့ထွက်လာတော့ နားညည်းပြီး ဆက်အိပ်လို ့မရတော့ အင်း..ဒီအသံထွက်လာပြီဆိုတော့ နာရီကြည့်စရာမလို ကိုးနာရီကျော် နေလောက်ပြီ ဆိုပြီး အင်းအဲ.အူးအားနဲ ့ အကြောဆန် ့ဟိုလှိမ့်.ဒီလှိမ့်လုပ်ပြီး အိပ်ယာထဖို ့အားယူနေလိုက်မိတယ်။ အပျင်းကြောဆန် ့ရင်း ခဏမှေးခနဲ ့ပြန်ဖြစ်တုန်း.. ဗျောင်း..ဗျောင်း..ဂျောင်း.ဖြောင်း ‘နင့်မေအဝှာဖြစ်လား..ငါ့မေအဝှာဖြစ်လား ဗျောင်.း…ဖျောင်း.ဖျောင်း ပါးစပ်ကလဲ ရွတ် လက်ကလဲ တုတ်တစ်ချောင်းနဲ ့ နံရံကို ဆက်တိုက်ရိုက်သံ ထွက်လာတော့ ဟမလေး ကိုးနာရီခွဲလောက်ပြီဟ ဆိုပြီး မထချင်ထချင်နဲ ့ ထပြီး ဆိုင်တံခါးရှေ ့မျက်နှာစာမှာ ညဘက်လာလာအိပ်တတ်တဲ့ အရူးမကြီးရဲ့ အခြေအနေကို […]


ဂ်စ္စူFebruary 16, 20121min91453
ကဲ..ကဲ. စိန်မျောက်မျောက် သမဒ ဖြစ်ရင်- ခလေးစီးယာဉ် တစ်လိုင်း (ကားပေါ်မှာခလေးထိန်းပါ ရှိမယ်) လူကြီးစီး ယာဉ်လိုင်း (ကားပေါ်မှာ အီးပါသေးပေါက် ပြုစုပေးမဲ့ နာ့စ် ရှိမယ်) အမျိုးသမီးစီးယာဉ်လိုင်း (မိန်းခလေးအချင်းချင်း လွတ်လွတ်လပ်လပ်စီးရမယ်.ပြောချင်တာပြော လုပ်ချင်တာလုပ်နိုင်မယ်) အမျိုးသားစီးယာဉ်လိုင်း (အပေါ်ကလိုပဲ လုပ်ချင်ရာ လုပ်နိုင်မယ်) အတွဲစီးယာဉ်လိုင်း (မွေ ့ယာ ဘညာ စမာကလာ ရေဘူး ခေါင်းအုံး အကုန်ပါမယ်) သံဃာတော်များအတွက် တစ်လိုင်း ( ကားစီးရင် မိန်းခလေးတွေကို ရှောင်စရာမလိုတော့ဘူးလေ) မယ်သီလရှင်များ တစ်လိုင်း (လိုင်းကားစီးရင်း ဝါသနာပါလို ့ အလှူခံရင် ရပ်စောင့်ပေးမယ်) မိန်းမလျှာယာဉ်လိုင်း (ဘညာခရမ်းသီး အကုန်ပါမယ်) ယောက်ျားလျှာ ယာဉ်လိုင်း (တောင်းဆိုတာ အကုန်စီစဉ်ပေးမယ် ) လိင်တူချစ်သူ ယာဉ်လိုင်း ( အိုဘားမားရဲ့ လိင်တူချစ်သူများအပေါ် […]


ဂ်စ္စူFebruary 11, 20121min49436
တဂျောက်ဂျောက် မြည်နေတဲ့ နာရီလက်တံက အသံရယ် တဝီဝီမြည်နေတဲ့ သွေးစုတ်ဖုတ်ကောင် ခြင်တစ်သိုက်ရယ် တဝေါဝေါမောင်းနေတဲ့ အရှေ ့လမ်းမက ကားသံတွေရယ် အချင်းချင်းရစ်နေတဲ့ အရက်သမားတစ်စုရဲ့ ဆူညံပူညံ အသံတွေရယ် တံခါးမှန်က အရိပ်ပေါ်နေတဲ့ သရဲလိုလို ကိုယ့်အရိပ်ကြီးရယ် ငုတ်တုတ်ထိုင် ဖွာထုတ်လိုက်တဲ့ စီးကရက်မီးခိုးငွေ ့တွေရယ် တစ်လပြည့်တာတောင် တစ်ဝက်ပဲ ဖတ်ဖြစ်သေးတဲ့ တက်ကျမ်းစာအုပ်တစ်အုပ်ရယ် စားချင်သလိုရှိသော်လဲ ဖောက်ရမှာပျင်းလို ့ မစားဖြစ်တဲ့ ကိတ်မုန် ့တစ်ချပ်ရယ် အင်တာနက်မရှိတဲ့ ခပ်ပေါပေါ ပီစီတစ်လုံးရယ် ပစ်ရမှာပျင်းလို ့ ထားထားတဲ့ အမှိုုက်ထုပ် တစ်ထုပ်ရယ် မအေးတော့တဲ့ ရေသန် ့တစ်ဗူးရယ် အခုမှတွေးဖြစ်သလိုရှိတဲ့ မနက်ဖြန်အတွက် အစီအစဉ်တွေရယ် အိစက်ညက်ညောမှုမရှိတဲ့ အိပ်ယာတစ်ချပ်ရယ် တောင်ရောက်လိုက် မြောက်ရောက်လိုက် အာရုံတွေရယ် ပေကလပ်ပေကလပ်နဲ ့ တော်တော်နဲ […]


ဂ်စ္စူFebruary 4, 20121min77643
အသက်တစ်ချောင်းကို အလေ့ကျ ပေါက်ပင်လိုများ မှတ်နေကြသလားဗျာ။ လူ ့ဘဝရဖို ့ဘယ်လောက်ခက်လဲ၊လူဖြစ်ရင်တောင် အလုံးစုံ ပြီးပြည့်စုံတဲ့ လူကောင်းတစ်ယောက်ဘဝရဖို ့ လူဝင်ဆံ့နိုင်တဲ့ ရုပ်ရည်၊ခန္ဒာကိုယ်၊အသားအရည်၊အရပ်အမောင်းနဲ ့ လူကောင်းပကတိ တစ်ယောက်ဘဝရဖို ့ ဘယ်လောက်ခက်လဲ။ ကိုယ့်အသက်အရွယ် မိဘတွေသင်ပေးခဲ့တဲ့ပညာအရည်အချင်း၊ကိုယ်ပိုင်ဦးနှောက်နဲ ့ ရှည်ရှည်ဝေးဝေး စဉ်းစား အဖြေထုတ်နေစရာတောင် မလိုဘူးထင်ပါတယ်ဗျာ။လူကောင်းဘဝတစ်ခု ပိုင်ဆိုင်ဖို ့ တယ်ကိုမလွယ်လှပါဘူး။ဒါကို သိသိကြီးနဲ  ့လူတစ်ချို  ့ဟာ..  အဘယ်ကြောင့် မိမိခန္ဒာကိုယ်နဲ ့  အသက်ကို ထိခိုက်ဆုံးရှုံးအောင် ဖန်တီးချင်ကြတာလဲ ကျုပ်ဖြင့် စဉ်းစားလို ့မရနိုင်ဘူး။   လူတိုင်း သေမှာကြောက်ကြပါတယ်။ယုတ်စွအဆုံး လူမပြောနဲ ့ တိရစ ္ဆာန်တောင် သူ ့အသက် သူတန်ဘိုးထား တယ်။ခွေးတစ်ကောင်ကို ချောင်ပိတ်ရိုက်ကြည့်၊ရိုက်တဲ့လူကို စိတ်ထဲကြောက်သော်လဲ သူ ့အသက်မသေဖို […]