ဒီသီချင်းလေးကတော့ ကျွှန်တော်တို့လို့ တောမှာ မွေးပြီး မြို့တက် လူလည်းလုပ်နေတဲ့သူတွေ အရမ်းကြိုက်တဲ့သီချင်းလေးပေါ့ဗျာ… တိုက်ဆိုင်တဲ့သူတိုင်းလည်း ကြိုက်မယ်ထင်ပါတယ် မကြိုက်တဲ့ မမ မြို့သူတွေလည်း သီချင်းလေးကို ခံစားတတ်အောင် တောသားမြို့တက် တစ်ယောက်လောက် ချစ်သူထားကြည့်ပေါ့ 🙂 အချိန်ဆိုတဲ့ နံရံကြီးက မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ကြားထဲမှာ တံတိုင်းတစ်ခုလို အထပ်ထပ်ချပြီး အတိတ်တွေကို ဝေးကွားစေခဲ့တယ် သတိယစရာတွေ၊ လွမ်းဆွတ်စရာတွေ၊ ရန်သူဖြစ်နေရင်တောင်မှ အမြဲသတိယနေတတ်တာ အဲဒီ အတိတ် ဆိုတဲ့အရာတွေပေါ့ဗျာ.. ဒီသီချင်းလေးက အဲဒီအရာ အားလုံးကို ထင်ဟပ်ပြစေတာပေါ့… … မြို့ကြီး ပြကြီး မနီးတဲ့ တောရပ်ရွာတွင် တောရပ်ဌာနေမှ အဲဒီကအစ လူဖြစ်ရတဲ့ ကို့ဘဝအခြေအနေ…….. … အဖော်တွေများနဲ့ ကစားခဲ့ကြခုံခုံမင်.. မမေ့နိုင်ဘူးအစဉ် ကိုယ့်ဇာတိမြေ မွေးရပ်ရွာကိုပင်…… … တစ်စစနဲ့ ကို့ဘဝမှာပင် […]