နွယ်ပင်June 15, 20111min31418
တနေ့တနေ့ နွယ်ပင်တို့လဲ အလုပ်သွားလိုက် အိမ်ပြန်ရောက်ရင် အိမ်အလုပ်လုပ်လိုက်နဲ့ အားတဲ့ရက်မှာ သူငယ်ချင်းတွေ တွေ့ရင်တွေ့ မတွေ့ရင် တစ်ပတ်စာ အိမ်အလုပ်ကုန်းလုပ်နဲ့ အချိန်တွေကိုကုန်ဆုံးနေရတယ် ။ ဒီတစ်ပတ်တော့ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက်က လှမ်းချိန်းတယ် ဆုံကြရအောင်တဲ့ အဲတော့ အိမ်အလုပ်သိပ်မလုပ်ချင်တာနဲ့ အတော်ပဲ ဆိုပြီး “အေး” တွေ့ကြတာပေါ့ ဘယ်သူတွေပါဦးမလဲ ဆိုတော့ ကျောင်းတက်တုန်းက state တက်တုန်းက သူငယ်ချင်းတွေချည်းပဲတဲ့ ။ အခုဒီနေ့က ဗုဒ္ဒဟူးဆိုတော့ ချိန်းထားတာက တနင်္ဂနွေဆိုတော့ တွေ့ဖို့ကကြားထဲမှာ (3) ရက်တောင်လိုနေသေးတာပဲ ။ အဲတာနဲ့ အလုပ်မှာကလဲ အားနေတာနဲ့ ဟိုတွေးဒီတွေးရင်းနဲ့က ကျောင်းတက်တုန်းက အချိန်လေးတွေကို ပြန်တွေကြည့်မိတော့ …… နွယ်ပင်တို့ ကျောင်းက အထက (၃) မဂင်္လာတောင်ညွန့် အောင်ဆန်းကွင်းရှေ့မှာ ရှိတာပေါ့ တျောင်းတက်တုန်းက […]