Ma MaDecember 8, 20111min71844
မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီဥတု ၃ မျိုး ရှိပါတယ်။ အဲဒီ ၃ မျိုးထဲမှာမှ နှင်းတွေဝေပြီး သဇင်တွေပွင့်တဲ့ အေးချမ်းတဲ့ ဆောင်းရာသီကို အနှစ်သက်ဆုံးပဲ။ ဆောင်းရာသီနဲ့ ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာတွေ စာတွေကလည်း များမှများလို့ ထင်မိပါတယ်။ (ရွာထဲမှာတင် ဆောင်းရာသီဖွဲ့ ကဗျာတွေ၊ ဓာတ်ပုံတွေ မနည်းဘူးပဲ။) တစ်နှစ်တာ မောပမ်းသမျှကို အေးချမ်းမှုပေးတဲ့ ဒီဇင်ဘာဟာ ဆောင်းရာသီလည်းဖြစ် တစ်နှစ်တာရဲ့ နောက်ဆုံးလလည်းဖြစ်ပြီး ပွဲလမ်းသဘင်နဲ့ အမှတ်တရတွေလည်း များပြားလှပါတယ်။ နှစ်တိုင်း ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ အလုံမြို့နယ်က အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာ Sweet December, Happy New Year ဆိုတဲ့ စာလုံးကြီးတွေကို ရေးထားတာတွေကလည်း ဒီဇင်ဘာရဲ့ အမှတ်တရတွေထဲက တစ်ခုပေ့ါ။ (ဘယ်အချိန်ကစပြီး […]