weiweiDecember 1, 20101min1497
အခုလို အကြောင်းအရာတွေကို မရေးချင်ပါဘူး … ဒါပေမယ့် အခြေအနေအရ ကိုယ်သိတာလေးကို ပြောပြရင်း သင်ခန်းစာယူနိုင်ရန် အတွက်ပါ … ကျွန်မတို့အိမ်နဲ့ မလှမ်းမကမ်းမှာ အစိုးရဝန်ထမ်းတွေနေတဲ့ ရပ်ကွက်တစ်ခုရှိပါတယ်။ အဲဒီက မိသားစုတစ်စုအကြောင်းပါ။ အဖေက ဝန်ထမ်း အမေက အလုပ်မရှိ သမီး (၂) ယောက်ရှိပါတယ်။ ကုရင်လူမျိုးနဲနဲစပ်ပါတယ်။ အသားအရည်လှပပြီး အရပ်တော်တော်ရှည်တယ်။ ခန္ဓာကိုယ်ကလဲ ရှယ်ပဲ။ အဲဒါနဲ့ မြို့နယ်က ကျင်းပတဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်တာ ဆုရတယ်။ အဲဒီအချိန်တုန်းက ကောင်မလေးက (၉) တန်း (၁၀) တန်း အရွယ်လောက်ပဲရှိသေးတယ်။ သူ့ကို နဲနဲလူသိများသွားပြီး ရန်ကုန်တိုင်း လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လေ့ကျင့်ပေးမယ် ဘာညာနဲ့ အဲဒီလိုင်းထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာမှတော့ ဖြစ်လာတာ မတွေ့ရဘူး။ […]


saundNovember 24, 20101min1222
နို့ညာမ မွေးတော့ စီးပွားတက်လွန်းလှ။ အဲဒီတုန်းက ပြားခေတ် ပဲခေတ် သျှီလင်ခေတ်။ ဆိုင်ပိတ်ရင် ရောင်းငွေသိမ်းရင် ပိုက်ဆံ ရာတန်တွေကို ဂုံနီအိတ်တွေနဲ့ ကို သိမ်းရတယ်။ အဲဒီတုန်းက ကားဆိုတာ ၉စီး ၁ဝစီး။ ဒီသမီးမွေးလို့ စီးပွားတက်တော့ စီးပွားရေး ကိုဘဲ ဂရုစိုက်ရတယ်။ ဆိုင်က စာရေးဆိုရင် ရွှေကြိုးမျက်မှန်နဲ့ ရွှေကြိုးလက်ပတ်နာရီနဲ့ မြင်းပွဲ အပတ်တိုင်းသွားတယ်။ သံသယ ရှိတော့ ကိုယ်လည်း ဆိုင်ထိုင်စစ်ရတယ်။ အဲဒီမှာတင် စာရေး ငွေခိုးတာ ပေါ်တာဘဲ။ အဲဒီထည်းက ကလေးတွေ အခိုင်းနဲ့ လွှတ်ထား ရတော့တယ်။ ပြည်သူပိုင်သိမ်းတော့ ဂိုဒေါင် ရလုံး လည်း အသိမ်းခံရ။ ရှိသမျှ စီးပွားရေးလည်း ကုန်။ ဘဏ်ထဲက ငွေတွေလည်း အသိမ်းခံရ။ ဝင်ငွေက မရှိ။ […]


saundNovember 22, 20101min590
အိမ်ထောင်ကျတော့ သားသမီးမျှော်ရတာ မိဘတွေရဲ့ ဆန္ဒ၊ မွေးလာတော့ သားလား သမီးလား ရင်တထိတ်ထိတ်နဲ ့ မေးရတယ်။ (ယခုလို ကိုယ်ဝန်သန်ဓေ ကို စကင် လုပ်မကြည့် နိုင်သေးတဲ့ အချိန်။)  အင်္ဂါ ပြည့်စုံရဲ့လား။ မျက်စိမြင်ရဲ့လား။ နားကြားရဲ့လား အအလေးများ ဖြစ်နေလား စစ်ရတာ အမော။ ဒီမိခင်ရဲ့ သဘာဝ။ ပထမဆုံး သမီးမွေးလာတော့ ဘာလေးဘဲ ဖြစ်ဖြစ် မိဘတွေက တဦးမို ့ချစ်ရသည်။ ဒုတိယကလေး ကျပြန်တော့ သမီးမို လို ့ခင်ပွန်းသည်က မပျော်ရွှင်၊ ကိုယ့်ရင်သွေးမို ့ ချစ်ရတာ တုန်လို ့။ နောက်သားလေး မွေးတော့ ခင်ပွန်းသည် ဆေးရုံတောင် မလာ။ သားမွေး ကြောင်းသိမှ ပြုံးပျော်တဲ့ မျက်နှာနဲ ့ဆေးရုံ […]