ကြိုဆိုပါတယ် ဧရာဝတီမြစ်ဆုံနဲ့ပတ်သက်ပြီးဆရာဦးထွန်းလွင်က မိန့်ခွန်းတွေပေးခဲ့ပါတယ်၊ခုလဲ မြစ်ဆုံရေကာတာအပါအဝင်ဧရာဝတီကရေကာတာစုစုပေါင်း ခုနှစ် လုံး ကိုလုံးဝ ရပ်ပြစ်ဘို့Facebook ဖေ့ဗုက်မှာ ” ကြိုက်” လက်မှတ် လိုက်စည်းရုံးနေတာတွေ့ ရပါတယ်၊ မိုးဇလ ညွှန်ချုပ်ဟောင်း (မိုးလေဝသ ပညာရှင်) လုပ်သက် ၄၅ နှစ် ဝါရင့်ပြီး ပါရဂူဘွဲ့နှစ်ထပ်ကွမ်းဆွတ်ခူးသူ လဲဖြစ်၊မိုးလေဝသ သီတင်းကိုနှစ်ပေါင်းများစွာ အသံလွှင့်ပေးခဲ့သူ လဲဖြစ်ကာ အထူးဘဲ ဂုဏ်ပြုလေးစားထိုက်သူလို့ ပြောပါရစေ၊ ရေကာတာ ခုနှစ်လုံး တောင်မှ ရပ်ပစ်ဘို့ ဆိုလို့တော်တော်အံ့ဩမိပါတယ်၊ မလွန်ဘူးလား? ဆိုပြီး ဆရာကြီးရဲ့အကြောင်းပြချက်တွေကိုလိုက် လေ့လာကြည့်ပါတယ်၊ ဆရာကြီးရဲ့ပညာ အတွေ့အကြုံနဲ့ဟာသတွေ၊ စေတနာနဲ့ သတ္တိတွေကလဲမိန့်ခွန်း မှာပေါ်လွင်နေပါတယ်၊ ၂၀၁၁ က မိန့်ခွန်းတွေဖြစ်လို့ တူညီချက်တွေ ရှိသလို၊ခု ၂၀၁၆ နဲ့ကွဲပြားနေတာ ကိုလဲတွေ့ရပါတယ်၊တိုင်းရေးပြည်ရေးဖြစ်လို့ ၎င်းကွဲပြားချက်တွေကိုဘဲတင်ပြ လိုပါတယ်၊ ၁၊ […]