fattyJune 8, 20111min1589
ဆင်တဲ ဆိုတဲ့ရွာလေးပါ …..။ယင်းမာပင်မြို့နယ် စစ်ကိုင်းတိုင်းမှာရှိတယ် …။ မြို့နဲ့အတော်လေးဝေးပြီး အများအားဖြင့်ရွာကလူတွေ မြို့ကိုတောင်မရောက်ဖူးကြပါဘူး ..။ အများစုက လယ်ယာလုပ်ငန်းလုပ်ကြတယ် .. ဆင်းရဲကြတယ် ..။ တစ်ယောက်သောကျောင်းသားလေး မောင်ဝင်းမင်း ကတော့ …… မူလတန်းမှာ ပထမဆုနဲ့အောင်ခဲ့တယ် ..။ ၁၁ နှစ်အရွယ်ရောက်တော့ ကျောင်းထွက်ပြီး လယ်ယာလုပ်ငန်းဘဲလုပ်ခဲ့ရတယ် ..။ မိဘတွေကိုရှာဖွေကျွေးမွေးဖို့ ၁၂ နှစ်သားမှာ ရွာကထွက်ခဲ့တယ် ..။ ဘုန်းတော်ကြီးအဆက်အသွယ်နဲ့သွားတာဆိုတော့ သာသနာ့ဘောင်ဝင်ပြီး နေ့ဝက် အတန်းပညာသင်ပြီး နေ့ဝက် တရားစာတွေသင်ယူခဲ့ရတယ် …။ ကျောင်းချိန်ပြင်ပမှာ စာကြည့်တိုက်မှာ အင်္ဂလိပ်စာ လေ့လာခဲ့ရပါတယ် …။ အင်္ဂလိပ်စာနဲ့ရူပဗေဒ ကိုအထူးစိတ်ဝင်စားခဲ့ပါတယ် …။ ၂၀၀၄ ခုနှစ် ၁ဝ တန်းအောင်တော့ ရန်ကုန်မှာပညာဆက်သင်ဖို့ အခွင့်အလန်းရသွားတယ် ..။ American center […]