lu ta loneMay 4, 20101min640
အောက်ခြေလွတ်နေတဲ့ ငါ… ဘယ်အခါမှ (ဖုတ်ခနဲ) ပြုတ်ကျမယ် မသိ… ပါးပါးလေး ချစ်မိတောင် ဒီလောက်ထိလွတ်နေရင်… များများလေးသာ ချစ်ခွင့်ရရင် ဘယ်လောက်များ လွင့်ထွက်(မိ) မလဲ … ငါမသိ… ကောင်မလေးရေ… မင်းနဲ့ ဝေးကွာမှု    အသက်ရှုမှု ခဏရပ် ဘယ်ဘက်မှာ ရပ်မလဲ… မမေးပါနဲ့ ငါ ဘယ်အကွက်ကို ရွေးမလဲ မင်းသိပါတယ်… ရင်နဲ့ ရင်းတဲ့   ချစ်ပျိုးပင်လေးကို နှလုံးသွေးမြေဆီ   မျက်ရည်အာပေါဓာတ် လိုအပ်ရင်   အသက်နဲ့ ခန်ဓာပေး သူလေးသာဖြစ်ထွန်းရင်   ငါ..နစ်မွန်းပါစေတော့….


lu ta loneMay 4, 20101min840
အောင်မြင်ခြင်းရော  ရှုံးနိမ့်ခြင်းရော ရလာဒ်တခုပါပဲ… အဲဒါကို လက်ခံနိုင်ရင် ရောင့်ရဲတယ်လို့ ခေါ်နိုင်မယ်ထင်တယ်… အတိတ်ကံ  ဝဋ်ကြွေးဆိုတာတွေကြောင့်လို့ အရှုံးကို စောဒကတက်ရင် ပြောရင် မှားတယ်… ခံယူစိတ်နဲ့ပဲ ဆိုင်တယ်… တခါတရံ ရောင့်ရဲခြင်းက စိတ်ချမ်းသာမှု ( ဝါ ) ကိုယ်ကျန်းမာမှု အတွက် သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတလက်ပဲ… မှတ်တိုင် တခုခု… (ဝါ) ဥပမာကောင်း တခုခုဖြစ်ခဲ့လည်း…မဆိုးပါဘူး…. လောကကို ကောင်းကျိုးပြုခဲ့တာပဲပေါ့….