maungmoenyoOctober 5, 20101min1152
နော်ဝေနိုင်ငံအခြေစိုက် Peace Research Institute Oslo (PRIO) မှ Oslo မြို့အခြေစိုက် Democratic Voice of Burma (DVB) ကို ရာထားတဲ့နောက်ဆုံးပိတ် (၃)ဦးစာရင်းမှာတနေ့ကထဲ့သွင်းကြေငြာခဲ့ကြောင်းသိရပါတယ်။ အခြားရာထားခြင်းခံရသူတွေကတော့ အာဖဂန်နစ်စတန်နိုင်ငံမှဆရာဝန်တဦးလည်းဖြစ်လူ့အခွင့်ရေးဆိုင်ရာကိစ္စတွေကိူရဲရဲဝံ့ဝံ့တိုကခိုက်ဝေဖန်ခဲ့သူ Sima Samar နဲ့၂၀၀ဝ ခုနှစ်ဝန်းကျင်က UN ရဲ့သဘောတူညီချက်နဲ့ဖွဲ့သည်းထားတဲ့ Sierra Leone နိုင်ငံက အထူးတရားရုံးတို့ဖြစ်ကြပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့ DVB ဟာ ၁၉၉၂ခုနှစ်မှာတည်ထောင်ခဲ့ပြီးမြန်မာစစ်အစိုး၇ရဲ့ရက်စက်တဲ့ဖိနှိပ်မှုတွေကိုအတွင်းကျကျဖေါ်ထုတ်ပြီး၊ ကမ္ဘာကိုဦးဦးဖျားဖျားသတင်းဖြန့်နိုင်ခဲ့တဲ့အတွက်ကြောင့်မြန်မာစစ်အစိုး၇ရဲ့အထူးမုန်းတီးခြင်းကိုခံရတဲ့အဖွဲ့အစည်းဖြစ်နေပါတယ်။ Burma DJ မှတ်တမ်းတင်ရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပြီး၊ Oscar ဆုလျာထားခြင်းခံရတဲ့အဆင့်အထိရောက်ခဲ့ပါတယ်။ တနေ့တခြားကျယ်ပြန့်လာတဲ့media လောက ရဲ့ကျိုးပမ်းအောင်မြင်မှုတွေဟာခေတ်နောက်ရောက်နေတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့အလယ်မှာအများကသတိပြုမိလာအောင်အတော်လုပ်နိုင်ခဲ့ပါတယ်။ ဒါတွင်မကအရင်ကကောဠဟလပါလို့ကမ္ဘာကိုပြန်တုံ့ပြန်တတ်တဲ့မြန်မာစစ်အစိုး၇ရဲ့လိမ်ဆင်ဇာတ်လမ်းတွေကိုသက်သေသာဓကတွေနဲ့ဖေါ်ထုတ်နိုင်ခဲ့ပါပြီ။ BBC,VOA,RFA နဲ့ DVBတို့ဟာမြန်မာအစိုး၇ရဲ့အဓိကပစ်မှတ်တွေဖြစ်နေရတာကဒီဖေါ်ထုတ်ချက်တွေကြောင်းဆိုရင်မမှားပါဘူး။ မြန်မာစစ်အစိုး၇ရဲ့ “ဆင်သေကိုဆိတ်ရေနဲ့ဖုံးရေး”အားးထုတ်မှုစီမံချက်ဟာ DVB အပါအဝင်ပြည်ပအသံလွှင့်နဲ့ရုပ်မြင်သံကြားဌာနတွေကြောင့်အဟောသိကံဖြစ်နေကြောင်းပါ။ (source: http://www.prio.no/About/PeacePrize/PRIO-Directors-Speculations-2010/) 

yit-boycott2010orgotohell1.jpg

ဘာကြောင့်မဲမပေးသင့်သလဲဆိုတာကို ကိုလင်းဝေကျော်ရဲ့ စက်တင်ဘာ ၂ဝနေ့မဲမပေးဘဲငုံ့ခံကြတော့မှာလားဆိုတဲ့ ပို့စ်အမှီ NCGUB ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းရဲ့ ဗွီအိုအေနဲ့ အင်တာဗျူးကို မိုးမခအင်တာနက် စာမျက်နှာမှာတွေ့လို့ ကော်ပီလုပ်တင် လိုက်ပါတယ်။ ကျွန်နော့်အမြင်ကတော့ သပိတ်မှောက်သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဆိုတာ တရားမဝင်လို့ပါ၊ ထပ်ဆက်တူးရရင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်လို့မရပါ၊ အဆုံးစွန်ထိ ဆက်ပြောရရင် ရွေးကောက်ပွဲလုပ်ခိုင်းတဲ့ နအဖရဲ့ တရားဝင်မှုကို ပြန်စဉ်းစားရပါမယ်။ ကျွန်နော်က ဒေါက်တာစိန်ဝင်း ပရိတ်သတ်တယောက် မဟုတ်ပါဘူး ဒါပေမဲ့သူ့အင်တာဗျူးက ကောင်းလို့ ပြီးတော့ မြန်မာလိုလည်း တင်ထားတာရှိလို့ မျှလိုက်ပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရက ကျင်းပ ပြုလုပ်တော့ပါမယ်။ ဒီရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင် သပိတ်မှောက်ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိကြပေမယ့် […]


CharTooLanSeptember 17, 20101min670
ပဲခူးမြို့မှာ အရပ်သားလူငယ် ၂ ဦးကို ပစ်သတ်မှု ဖြစ်အပြီး တပတ်ကျော် အချိန်မှာပဲ ပဲခူးမြို့က လူစည်ကားရာ နာရီစင် ပန်းခြံမှာ ၂၀၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ပလတ်စတစ် ဗွီနိုင်းဆိုင်းဘုတ်ကြီး တခုကို လုံခြုံရေး တင်းကျပ်တဲ့ ကြားကပဲ ချိတ်ဆွဲသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။ စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတဲ့ အရပ်သားလူငယ် ၂ ဦးရဲ့ ဈာပနအပြီး လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတဲ့ ပဲခူးမြို့မှာ မနေ့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲမပေးဘဲနေဖို့ ဆန့်ကျင်စာများ ထွက်လာခဲ့သလို ဒီနေ့မှာတော့ ၅ ပေ x ၆ […]