weiweiJuly 14, 20111min67828
ကျွန်မတို့အမျိုးသမီးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ အဝလွန်ရောဂါတွေ တဖြည်းဖြည်းချင်း ဖြစ်လာကြပါတယ်။ အဆီအစိမ့် အသားငါးတွေ အစားများလာကြတယ်။ ကလေးတွေစားပြီးမကုန်တာတွေကိုလဲ နှမြောပြီး စားကြတယ်။ အိမ်အလုပ်တွေလုပ်ရတာ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်လဲ အိပ်ပျော်ကြပါတယ်။ အဲဒီလိုနဲ့ တစ်နေ့တစ်ခြား ဝလာကြပါတော့တယ် … အလုပ်မှာ အတူတူလုပ်ကြတဲ့သူတွေက ဒီနှစ်ဝါတွင်းမှာ ကုသိုလ်လည်းရ၊ ပိန်လဲပိန်အောင် သတ်သတ်လွတ်စားကြမယ်လို့ တိုင်ပင်ကြရာက သတ်သတ်လွတ် ဘာဟင်းတွေချက်စားရင် စားလို့လဲအဆင်ပြေ၊ ကျန်းမာရေးအတွက်လဲ ကောင်း၊ အကုန်အကျလဲ ချွေတာရာရောက်မယ့် ဟင်းလျှာတွေက ဘာတွေများဖြစ်မလဲလို့ ပြောဆိုနေကြတာကြားမိတော့ ဆရာ မလုပ်ရ မနေနိုင်တာနဲ့ တစ်လစာ သတ်သတ်လွတ်ဟင်းလျှာကို ဇယားဆွဲပေးလိုက်ပါတော့တယ်။ ပထမပါတ်အတွက် စနေနေ့ ပဲကြီးနှပ်၊ ခရမ်းချဉ်သီးငပိချက်၊ ကန်စွန်းရွက်ကြော် တနင်္ဂနွေနေ့ ကုလားပဲနဲ့အာလူးကို မန်ကျီးသီးအချဉ်နဲ့ မဆလာနဲနဲချက်၊ အသားတု ဘလချောင်ကြော်၊ ဟင်းနုနွယ်ရွက်ကြော် တနင်္လာ […]


weiweiJune 24, 20112min80136
မုန့်ဟင်းခါးကို ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်သက်စွာစားသုံးကြပါတယ်။ တစ်နိုင်ငံလုံးနေ့စဉ်စားသုံးနေကျ အစားအစာတစ်ခုဖြစ်ပါတယ်။ နေရာဒေသအလိုက် ချက်ပြုတ်ပုံချင်း မတူကြပေမယ့် နှစ်သက်စွာစားသုံးတာကတော့ အတူတူပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငါးပေါလို့ မုန့်ဟင်းခါးကို ငါးများများနဲ့ချက်ကြပါတယ်။ အညာဘက်မှာတော့ ပဲတွေ မြေပဲတွေကို များများထည့်ပြီး အစိမ့်အရသာပိုထွက်အောင်ချက်ကြပါတယ်။ နေပြည်တော်ဘက်မှာ မုန့်ဟင်းခါးထဲ ကြက်သားကိုတောင် ထည့်ချက်ကြတယ်။ ရန်ကုန်မှာကတော့ နံမည်စုံနဲ့ လက်ရာစုံ ချက်ရောင်းကြပါတယ်။ ရန်ကုန်မှာ အချိန်မရွေးဝယ်စားလို့ရလို့ သိပ်မသာပေမယ့် နိုင်ငံခြားမှာ ကြာကြာနေလိုက်ရင်တော့ မုန့်ဟင်းခါးကို သတိရတောင့်တကြတယ်။ ရယ်ဒီမိတ်တွေကို ချက်စားကြပေမယ့် လတ်ဆတ်တဲ့မုန့်ဟင်းခါးလောက်တော့ စားလို့မကောင်းပါဘူး။ ကျွန်မကတော့ အစားအစာကို ကိုယ်တိုင်ပဲ ရိုးရိုးရှင်းရှင်းချက်ရတာကို ဝါသနာပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရသာတွေ အနံ့တွေစုံနေအောင်ထည့်ချက်တာကို မကြိုက်တာနဲ့ စားချင်စိတ်ပေါက်လာရင် ကိုယ့်ဟာကိုယ်ပဲ ချက်စားလေ့ရှိပါတယ်။ ကျွန်မချက်လေ့ရှိတဲ့ အလွယ်နည်းလမ်းကတော့ မုန့်ဟင်းခါးတစ်ပိသာအတွက် …. […]


weiweiJune 17, 20111min36615
ကြက်သားကြော်ကို ကလေးတွေ သိပ်ကြိုက်ကြပါတယ် … ဆိုင်မှာသွားစားတိုင်း ဘယ်လောက်စားစားမဝဘူးလို့ပြောတတ်ကြလို့ ကျောင်းပိတ်ရက် အိမ်မှာပဲ ကြော်ကျွေးလေ့ရှိပါတယ် … ဆိုင်မှာဝယ်စားတာထက် ပိုသန့်ပြီး ဈေးနှုန်းလဲ ပိုသက်သာပါတယ် … လွယ်လွယ်ကူကူ ကြော်စားလို့ရပါတယ် … ပါဝင်သောပစ္စည်းများ ကြက်သား (အသားတိုးကြက်) ……… ၂ ပိသာခန့် ဆီ ………. ၇ဝ ကျပ်သားခန့် ဆား ………. အနဲငယ် ကော်မှုန့် ………. ၁၅ ကျပ်သား ကြက်ဥ ………. ၅ လုံး bread crumb (ပေါင်မုန့်ခြောက်အမှုန့်) …….. ၂၀ဝ ဂရမ် တစ်ထုပ် ပြုလုပ်နည်း ကြက်သားကို အနေတော်အတုံးလေးများတုံးပြီး သေချာဆေးကြောကာ ဆားနဲ့နယ်ထားရပါမယ်။ တစ်နာရီခန့်ဆားနဲ့နှပ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားရပါမယ်။ ကြက်ဥကို အကာသီးသန့်ထုတ်ပြီး […]


weiweiJune 6, 20111min48824
Hot pot ဆိုင်မှာသွားစားလျှင် ဈေးကြီးပြီးမတန်တာနဲ့ ကျွန်မကတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လုပ်စားပါတယ် … သူငယ်ချင်းတွေတစ်ရက်ဆုံဖြစ်ကြတော့ hot pot လုပ်ကျွေးရင်း ရွာသားတွေကို သတိရတာနဲ့ လုပ်နည်းလေး တင်ပေးလိုက်ပါတယ် … hot pot လုပ်စားရာတွင် ကိုယ်ထည့်ချင်သော အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ရေစင်စင်ဆေးပြီး သင့်တော်သလို လှီးဖြတ်ထားပြီး ပန်းကန်ထဲတွင် ထည့်ထားရပါမည်။ အရိုးပြုတ်ရည်အိုး (သို့မဟုတ်) ရိုးရိုးရေဖြင့်လည်း ပြုတ်စားလို့ရပါသည်။ အရေးကြီးသော ပြင်ဆင်မှုမှာ တို့စားရန်အချဉ်စပ်နည်းဖြစ်ပါသည်။ ကျွန်မ၏ အချဉ်စပ်နည်းကို မျှဝေပေးလိုက်ပါသည်။ ပါဝင်သောပစ္စည်းများ golden mountain တံဆိပ် ငရုတ်သီးအချဉ် …. တစ်ပုလင်း (အသေး) golden mountain တံဆိပ် ခရမ်းချဉ်သီးအချဉ် …. တစ်ပုလင်း (အသေး) […]


weiweiMarch 18, 20111min40323
သတ်သတ်လွတ် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ ထမင်း (နို့ဆီဗူးတစ်ဗူး) အာလူး (၁၅ ကျပ်သားခန့်) ခရမ်းချဉ်သီး (၁၅ ကျပ်သားခန့်) ကြက်သွန်ဖြူဆီချက် ဆား ပြုလုပ်ပုံအဆင့်ဆင့် အာလူးနှင့် ခရမ်းချဉ်သီးကို နူးအောင်ပြုတ်ရပါတယ်။ ထို့နောက် အခွံခွာပြီး အတုံးသေးသေးလေးတွေတုံးပါတယ်။ ထမင်း အာလူးနဲ့ ခရမ်းချဉ်သီးကို ကြက်သွန်ဖြူဆီချက်မှ ဆီနှင့် ဆားသင့်တော်သလိုထည့်ပြီး နယ်ရပါတယ်။ ခပ်စေးစေးပိုင်ပိုင်ဖြစ်အောင် နယ်ပြီးနောက် လက်နှစ်ဖက်ဖြင့် အလုံးပုံသဏ္ဍာန်ဖြစ်အောင် ပြုလုပ်ပါတယ်။ ကြက်သွန်ဖြူ ဆီချက်အဖတ်၊ မြေပဲကြော်၊ ပဲပုတ်ကြော်နှင့် ဂျူးမျှစ်အစိမ်းတို့ပြီး စားနိုင်ပါပြီ … အကုန်အကျသက်သာပါတယ်။ ပြုလုပ်ရတာလည်းလွယ်ပါတယ်။ အလုပ်တော့ နဲနဲရှုပ်တယ်။


weiweiMarch 15, 20111min26621
  အခုတလော သတ်သတ်လွတ်စားဖြစ်တာများတော့ စားစရာတွေကို ကြံဖန်လုပ်စားရင်း ဒီနေ့ လုပ်စားဖြစ်တာလေးကို မှတ်တမ်းတင်ထားလိုက်ပါတယ်။ ရှမ်းရိုးရာ ဟင်းထုတ်ပါ .. သတ်သတ်လွတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရှမ်းလူမျိုး သူငယ်ချင်းတစ်ယောက် လုပ်ကျွေးဖူးတာကို ပြန်စဉ်းစားပြီး အတတ်နိုင်ဆုံး တူအောင် လုပ်ထားပါတယ်။ ပါဝင်သော ပစ္စည်းများ ကြက်သွန်မိတ် ခရမ်းချဉ်သီး ဂေါ်ဖီထုတ် ယိုးဒယားမယ် အမှုန့် (သို့) ရှမ်းဆန်အမှုန့် ဆီ၊ ဆား ငှက်ပျောဖတ် ပြုလုပ်ပုံအဆင့်ဆင့် အနေတော်လှီးဖြတ်ထားသော ကြက်သွန်မိတ်၊ ဂေါ်ဖီနှင့် ခရမ်းချဉ်သီးကို ယိုးဒယားမယ်အမှု့န့် ဆား ဆီသင့်တော်သလိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး နှံ့အောင် မွှေရပါတယ်။ ထို့နောက် အနေတော်ဖြတ်ထားတဲ့ ငှက်ပျောရွက်ထဲမှာ ဂေါ်ဖီရွက်နဲနဲခံပြီး ထည့်ထုတ်ပါတယ်။ ထုတ်ပြီးသားအထုတ်များကို ပေါင်းအိုးဖြင့် နာရီဝက်ခန့် ပေါင်းပြီးပါက စားသုံးနိုင်ပါပြီ။ […]


weiweiJanuary 5, 20111min30612
ဆလပ်လုပ်နည်းတစ်မျိုး … ကျွန်မသူငယ်ချင်း ဥဇဘတ်လူမျိုး ကောင်မလေးလုပ်စားနေကျ ဆလပ်ဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများက ဆလပ်ရွက်၊ ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူး၊ ဥနီနဲ့ မရောနိ၊ ဆား တို့ဖြစ်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူးကို ကျွန်မကတော့ ခပ်လွယ်လွယ်ပဲ ရောပြုတ်လိုက်ပါတယ်။ ကျက်ခါနီးမှာ ဥနီလှီးထားတာထည့်လိုက်တယ်။ ပြီးတော့ အအေးခံပြီး အားလုံးကို လှီးလိုက်တယ်။ အားလုံးရောပြီး မက်ရောနိရယ် ဆားရယ် တစ်ခါတစ်လေတော့ သကြားနဲနဲထည့်တယ်။ ရောမွှေလိုက်ရုံပဲ။ သူက အဲဒီဆလပ်နဲ့ ပေါင်မုန့် အကြမ်းနဲ့ကို အမြဲတမ်း စားလေ့ရှိပါတယ်။


weiweiDecember 19, 20101min42312
ဒါလဲပဲ တော်တော်လွယ်တဲ့ဟင်းတစ်မျိုးပဲ … ပဲကြီးကို တစ်ညရေစိမ်ထားလိုက်တယ် … ပွလာတော့မှ အခွံတွေ ခွာလို့ရပါတယ် … ပြီးတော့ အိုးထဲမှာ ဆီနဲနဲထည့် ကြက်သွန်နီနဲနဲဆီသတ်ပြီး ပဲကြီးထည့်ကြော်လိုက်တယ် .. ဆားနဲနဲထည့်ပြီး ရေနဲ့ နာရီဝက်လောက်ချက်ထားလိုက်ပြီး ရေခန်းတာနဲ့ စားလို့ရပါပြီ .. အရောင်လှချင်ရင် ဆီသတ်နေချိန်မှာ ဆနွင်းနဲနဲထည့်ရပါမယ် … ကြက်သွန်နီကြော်လုပ်ရတာအဆင်ပြေရင်တော့ ပဲကြီးချက်ပြီးပန်းကန်ထဲထည့်ပြီးချိန်မှာ အပေါ်ကဖြူးလိုက်ရင် လှပပြီး မွှေးသွားပါလိမ့်မယ် ..


weiweiDecember 14, 20101min47220
မီးဖိုမလို ဒယ်အိုးမလိုတဲ့ အလွယ်နည်းတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးပွကို ရေစေးပြီး အစေ့ထုတ်ထားလိုက်ပါတယ်။ ဝက်သားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ဆား၊ ကော်မှုန့်၊ သကြားအနဲတို့နဲ့ သမအောင် နယ်ရပါတယ်။ ထို့နောက် ငရုတ်သီးပွထဲကို သွတ်ထည့်လိုက်တယ်။ ကြွေပုဂံကို ဆီအနဲငယ်သုတ်ပြီး ငရုတ်သီးအစာသွတ်ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ ၁၅ မိနစ် အပူပေးလိုက်ပါတယ်။ ၅ မိနစ်စီရပ်ပြီး ငရုတ်သီးပွကိုလှည့်ပေးပါတယ်။ ပြီးရင် စားလို့ရပါပြီ … ဒီအတိုင်း ဝက်သားပေါင်းစားသလို စားလို့ရပါတယ် … အလွန်လွယ်ကူပါတယ် …