weiweiJanuary 11, 20111min52130
ဒီပို့စ်မှာတော့ အမှာစာလိုမျိုး နဲနဲရေးလိုက်ချင်တယ်။ ကျွန်မကစာရေးရင် ကိုယ်တွေ့တွေထဲကပဲ တခြားသူတွေသိသင့်တယ်ထင်တာကို ထုတ်ရေးလေ့ရှိပါတယ်။ ဗဟုသုတရအောင် တရုတ်ပြည်က အတွေ့အကြုံလေးတွေကို အလျဉ်းသင့်သလိုရေးရင်း အများအားဖြင့်တော့ ကိုယ်ညံ့တဲ့အကြောင်း မရေးဘူးပေါ့။ ဒါပေမယ့် တကယ့်တကယ်မှာတော့ ကောင်းတာနဲ့ဆိုးတာမှာ ကျွန်မအတွက်က ဆိုးတာက ပိုများပါတယ်။ ကျွန်မအသုံးမကျတာတွေကိုသာအကုန်စုပြီးရေးရင် ဝတ္ထုတစ်အုပ်စာလောက်ကို ရှိလောက်တယ်။ အဲဒီအထဲကမှ ရီစရာအဖြစ်အပျက်လေးတစ်ခုကို အရမ်းပြောပြချင်စိတ်ပေါ်လာတာနဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရအုန်းမှာပေါ့ .. ဒါပေမယ့် သိပ်မနာအောင် ဖြည်းဖြည်းပဲ ထောင်းမှာပါ .. 😛 ကျွန်မနေတဲ့မြို့မှာ ပန်းခြံတွေအများကြီးရှိပါတယ်။ မြို့သူမြို့သားနဲ့ ကလေးတွေ အပန်းဖြေဖို့လုပ်ထားတာမို့လို့ အများအားဖြင့် ဝင်ကြေးမပေးရပါဘူး။ ဒါပေမယ့် သေချာစီစဉ်ပြီး အကုန်အကျခံထားရတဲ့ ပန်းခြံတွေကတော့ ဝင်ကြေးပေးရတယ်။ ကျွန်မနှစ်သက်တဲ့ ပန်းခြံတစ်ခုက ဝင်ကြေး ၃ဝ ပေးရပါတယ်။ ကျွန်မတို့မြို့ကို လာလည်တဲ့ ဗမာသူငယ်ချင်းတွေကို အဲဒီပန်းခြံကို […]


weiweiJanuary 6, 20111min40024
နတ်ပြည်မှာ နတ်သမီးတွေအလွန်များပြီး နတ်သားအလွန်နဲတယ်တဲ့။ အဲဒါနဲ့ ဒကာတစ်ယောက်က သိချင်လို့ ဆရာတော်ကြီးတစ်ပါးကို သွားလျှောက်မေးတယ်။ အရှင်ဘုရား နတ်ပြည်မှာ နတ်သားနဲပြီး နတ်သမီးတွေများနေတာ ဘာကြောင့်ပါလဲဘုရား တဲ့။ ဆရာတော်က ပြုံးပြီး ပြန်ပြောလိုက်တယ် … ကဲ .. ဒကာ၊ ဒကာတို့အိမ်မှာ မနက်ပိုင်း ဆွမ်းဝေယျာဝစ္စလုပ်တာ ဒကာလား၊ ဒကာ့မိန်းမလား ? ဆွမ်းချက်ပြီး ဆွမ်းလောင်းတော့ရော .. ဒကာလား၊ ဒကာ့မိ်န်းမလား ? ဘုရားပန်း၊ ဆွမ်း၊ ရေချမ်းကပ်တော့ ဒကာလား၊ ဒကာ့မိန်းမလား ? ဘုရားရှိခိုး၊ မေတ္တာပို့၊ တရားနာနဲ့ ရိပ်သာဝင်တော့လဲ ဒကာမတွေပဲ ထိပ်ဆုံးက၊ ဒကာတွေက မပါသလောက်ပဲ ? ဘယ်မှာလဲ ဒကာတို့လုပ်တဲ့ ကောင်းမှုကုသိုလ် … ကဲ .. (၅) […]


weiweiJanuary 5, 20111min46233
သိတာနဲ့ မသိတာ ဘယ်ဟာပိုကောင်းလဲ ?? ကျွန်မတို့ မောင်နှမနှစ်ယောက် ရောက်တက်ရာရာပြောကြရင်း သူ့ကို မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ “အကုသိုလ်ကို သိရက်နဲ့ လုပ်တဲ့သူနဲ့ မသိပဲနဲ့ လုပ်တဲ့သူ ဘယ်သူက ပိုအပြစ်ကြီးမယ်ထင်သလဲ” သူသေသေချာချာစဉ်းစားပြီးတော့မှ ဖြေတယ် …. “သိရက်နဲ့ လုပ်တဲ့သူက ပိုအပြစ်ကြီးတယ်”… ကဲ … အခုဒီစာကို ဖတ်မိတဲ့သူတွေလဲ အဖြေတစ်ခုခုတော့ ရှိမှာပါ … ဘယ်လိုထင်သလဲ ??? ကျွန်မကလဲ သူအဲဒီလိုပဲ ဖြေမယ်လို့ ကြိုသိနေပါတယ်။ အဲဒါနဲ့ ပြန်ရှင်းပြလိုက်တယ် … “မဟုတ်ဘူး … မသိပဲနဲ့လုပ်တဲ့သူက ပိုအပြစ်ကြီးတယ်” လို့ … “မသိလို့အမှားလုပ်တာ အပြစ်မှမရှိတာပဲ … ဥပဒေမှာတောင်မှ မရည်ရွယ်ပဲနဲ့ ပြစ်မှုကျူးလွန်ရင် အပြစ်ပေါ့တယ်လေ” သူက အချက်အလက်နဲ့ အမြဲပြန်ငြင်းလေ့ရှိပါတယ်။ “ငါပြောနေတာက […]


weiweiJanuary 4, 20111min24412
ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်း ကျွန်မနဲ့ ကျွန်မမောင်လေးနဲ့က စကားကြီး စကားကျယ်တွေအမြဲပြောပြီး ငြင်းခုန်လေ့ရှိတယ်။ သူခြောက်တန်း ကျောင်းသားအရွယ် ကျွန်မဆယ်တန်းဖြေထားပြီးတစ်ရက်မှာ ထမင်းစားနေရင်း ကျွန်မက စပြောလိုက်ပါတယ်။ ” လောကကြီးမှာ တည်မြဲတဲ့ချမ်းသာခြင်းဆိုတာမရှိဘူး။ အခုပဲကြည့် ထမင်းကိုစစားတုန်းက စားလို့ကောင်းတယ်၊ စိတ်ချမ်းသာနေတယ်၊ အခုဗိုက်လဲဝရော ထပ်မစားချင်တော့ဘူး၊ ထပ်စားမိရင် ဆင်းရဲတော့မယ်၊ ချမ်းသာခြင်းပျောက်ပြီး ဆင်းရဲခြင်းရောက်တော့မယ်” ” အင်း၊ အဲဒါတော့ ဟုတ်တယ်” ” သီချင်းနားထောင်တာလဲ အတူတူပဲ၊ ခဏနားထောင်တုန်းက နားထောင်ကောင်းတယ်၊ ချမ်းသာတယ်လို့ထင်ရတယ်၊ ကြာလာတော့ နားငြီးလာရော၊ ပိတ်လိုက်မှ စိတ်ချမ်းသာတယ်၊ ချမ်းသာခြင်းပျောက်ပြီး ဆင်းရဲခြင်းရောက်လာတာပဲ” ” အင်း၊ အဲဒါလဲ ဟုတ်တာပဲ” ” မျက်စိလဲကြည့်ပါလား၊ ရုပ်ရှင်ကြည့်နေတာ ကောင်းပေမယ့် ကြာကြာကြည့်တော့ မျက်စိပူလာတယ်၊ နားလိုက်မှ စိတ်ချမ်းသာတယ်၊ ချမ်းသာတာကုန်ရင် […]


weiweiJanuary 2, 20111min47824
တရုတ်နှစ် ၁၂ နှစ်ကို အစဉ်အတိုင်း စီလိုက်ရင် Rat, Ox, Tiger, Rabbit, Dragon, Snake, Horse, Sheep, Monkey, Rooster, Dog, Pig 2011 မှာ ကျရောက်မဲ့ ယုန်နှစ်က သတ္ထုယုန်နှစ်ဖြစ်ပါတယ်။ အကောင်တစ်မျိုးကို (၅) မျိုး ပြန်ခွဲတယ်။ ယုန်မှာလဲ … သတ္ထုယုန်၊ ရေယုန်၊ သစ်သားယုန်၊ မီးယုန်နဲ့ မြေယုန်ဆိုပြီးရှိသေးတယ်။ ယုန်တစ်မျိုးက နှစ်ပေါင်း (၆၀) မှာမှ တစ်ကြိမ်သာကျရောက်မှာဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဂေါဂယ်ထဲမှာ ရှာဖတ်လို့ရပါတယ်။ ယုန်ဆိုတာက ပညာရှိမို့လို့ ယုန်နှစ်မွေးတဲ့သူတွေက ပညာဉာဏ်ကြီးတယ်လို့ အကြမ်းဖျဉ်းပဲ မှတ်ထားသားဖူးပါတယ်။ အကောင် ၁၂ ကောင်နဲ့ ပတ်သက်ပြီး ကြားဖူး သိဖူးတာလေးတွေ ဗဟုသုတရအောင် မှတ်မိသလောက် […]


weiweiJanuary 2, 20111min2198
ဗာဟုသစ္စဉ္စ ဧတံမင်္ဂလ မုတ္တမံ … ယခုခေတ်ကာလနဲ့ အလွန်ကိုက်ညီသော မင်္ဂလာတစ်ပါးဖြစ်ပါသည်။ ဗဟုသုတ အကြား အမြင် များနိုင်လေ ကောင်းလေဖြစ်ပြီး ဗဟုသုတ ရှာဖွေစုဆောင်းဖို့ အခွင့်အလမ်းအများဆုံးရှိသော အချိန်ကာလလည်းဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် လက်လှမ်းမှီသလောက် စာအုပ်စာပေနဲ့ ရေဒီယိုကလွဲပြီး အပိုဗဟုသုတမရနိုင်ပေမယ့် အခုခေတ်မှာတော့ အင်တာနက်ခေတ်ကိုရောက်နေတော့ ဘာမဆို အလွယ်တကူ မြင်နိုင်ကြားနိုင်နေပါပြီ။ မြင်ဖို့ ကြားဖို့ မျက်စိကိုဖွင့် နားကိုစွင့်ထားရန်သာ လိုအပ်ပါသည်။ သို့ရာတွင် တစ်ခုတော့ သတိချပ်ရန် လိုအပ်ပါသည်။ စာရေးသူတစ်ယောက်က သူ့အမြင် သူ့အကြားကို သူ့အတွေးဖြင့် ရေးထားသည်များကို မျက်ကန်းစုံမှိတ်တော့ ယုံကြည်ရန် မသင့်လျှော်ပါ။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဗဟုသုတနဲ့ စဉ်းစားချင့်ချိန်ရန်လည်း လိုအပ်ပါသေးသည်။ စာနဲ့ လက်တွေ့ချင့်ချိန်ပြီး စဉ်းစားတတ်အောင် လက်တွေ့ပိုင်းလဲ ကွင်းဆင်းသင့်ပါသည်။ မှတ်မှတ်ရရ ဘုန်းကြီးတစ်ပါးနဲ့ သိကျွမ်းခွင့်ရခဲ့ဖူးပါသည်။ […]


weiweiDecember 29, 20101min67412
အရိုက်အလွန်ကြမ်းသော စတုတ္ထတန်းမှ ဆရာတစ်ဦးကို ကျွန်မတစ်သက် ဘယ်လိုမှမေ့လို့မရပါ။ သူက ကျွန်မ (၄) တန်းတုန်းက အတန်းပိုင်ဆရာဖြစ်ပါတယ်။ ကျွန်မတို့ (၄) တန်းကျောင်းသားအားလုံး သူ့ရဲ့နောက်ဆုံးတပည့်တွေလဲဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ၄ တန်းဖြေပြီးတဲ့ နွေရာသီမှာပဲ ဆရာကွယ်လွန်သွားလို့ ဖြစ်ပါတယ်။ ဆရာက သချင်္ာကို အဓိကထားသင်ပြီး အဲဒီခေတ်တုန်းက ဘာသာစုံကို ဆရာတစ်ဦးတည်းကသင်ရတဲ့အချိန်မို့လို့ တခြားဘာသာတွေလဲ သူပဲသင်ပါတယ်။ ဒါပေမယ့် သူက သချင်္ာပဲစိတ်ဝင်စားပါတယ်။ ကျောင်းစတက်တဲ့အချိန်တိုင်းမှာ သချင်္ာနဲ့စသင်ပြီး တစ်ခန်းလုံးကို စိတ်မချမ်းမသာဖြစ်အောင်လုပ်တော့တာပဲ။ သချင်္ာတွက်ရင် အယောက် (၂၀) ပြီးလို့ စာအုပ်ထပ်ပြီးတာနဲ့ ကျန်တဲ့ ကျောင်းသား ၅ဝ က စာအုပ်ဆက်တင်ခွင့်မရှိတော့ပဲ ခုံပေါ်မတ်တပ်ရပ်နေရပါတယ်။ စာအုပ်တင်လိုက်တဲ့ ကျောင်းသား ၂ဝ ကလဲ ဘုရားတရားသာတနေပေတော့။ မှားလို့ကတော့ အရိုက်ခံရပါတယ်။ ကြိမ်လုံးအကြီးကြီးနဲ့တော်တော်နာအောင်ရိုက်တဲ့ဆရာပါ။ တစ်နှစ်လုံး […]


weiweiDecember 29, 20101min5038
အသိတစ်ယောက်က တရုတ်စာသင်ချင်တာ ဘယ်လိုသင်ရင်ကောင်းမလဲလို့ အကြံတောင်းလာတယ်။ ကျွန်မလဲ ဘယ်လိုအကြံပေးရမှန်းမသိဖြစ်သွားပါတယ်။ အခုခောတ်က ရန်ကုန်မှာ အလုပ်လုပ်ရင်ဖြစ်ဖြစ်၊ စင်ကာပူသွားလုပ်ရင်ဖြစ်ဖြစ် တရုတ်စာနဲ့စကားတတ်ဖို့ လိုအပ်နေတော့ တရုတ်စာသင်တာ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။ ကျွန်မသိသလောက် ကြုံတွေ့ခဲ့ရသလောက်ကို တခြားသူတွေ ချင့်ချိန်စဉ်းစားနိုင်အောင် ရေးလိုက်မယ်စိတ်ကူးပြီး ဒီပို့စ်ကို ရေးဖြစ်သွားပါတယ် …. ကျွန်မကတော့ ၉ တန်းစာမေးပွဲဖြေပြီးတဲ့အချိန်ကစပြီး တရုတ်စာကို စသင်ခဲ့ပါတယ်။ ကျွန်မတို့မြို့နယ်က တရုတ်စာကောင်းကောင်းတတ်တဲ့ တရုတ်အဖိုးကြီးတစ်ယောက်ဆီမှာ သွားသင်ရပါတယ်။ ဘာမှမသိတဲ့ ကလေးတစ်ယောက်အနေနဲ့ စာသင်ရတာ လွယ်သယောင်ယောင်ပါပဲ … သူသင်သမျှ သူပြောသမျှလဲ အမှန်တွေချည်းပဲလို့လဲ ထင်ခဲ့မိပါတယ် … ဒါပေမယ့် နောက်ပိုင်းကျောင်းပိတ်ရက်တွေမှာ ဆက်မသင်ဖြစ်ပါဘူး။ တရုတ်စာဆိုတာနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ နောက်တစ်ခေါက် တရုတ်စာသင်ဖြစ်တာကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က မနက်ပိုင်း ဒီပလိုမာသင်တန်းမှာပါ။ ဘွဲ့ရပြီးတဲ့အချိန်မှာ တက်ဖြစ်တာဖြစ်ပါတယ်။ အဲဒီမှာ သင်ကြားတဲ့စနစ်က […]


weiweiDecember 27, 20101min1414
ကျွန်မအတွက် မသက်သာသော discount လျော့ဈေးအစီအစဉ်တွေကတော့ နေရာတိုင်း ဆိုင်တိုင်းမှာ အမျိုးမျိုးပုံစံနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ အမြဲတမ်းနစ်နာနေခဲ့တယ်။ အများအားဖြင့် ကျွန်မက တစ်ယောက်ထဲ ဈေးဝယ်ထွက်လေ့ရှိတယ်။ တစ်ယောက်ထဲ ဆိုင်မှာစားလေ့လဲရှိပါတယ်။ ဈေးဝယ်ထွက်ရင်းမောလို့ ရေခဲမုန့်စားမယ်ဆိုပါစို့ … မက်ဒေါနယ်က ရေခဲမုန့်တစ်ခုကို ၉ ရွမ်၊ ၂ ခု ဝယ်ရင် လျော့ဈေး ၁၂ ရွမ် လို့ကြော်ငြာထားပါတယ်။ တစ်ခုတောင် အနိုင်နိုင်စားရမှာဆိုတော့ မတတ်နိုင်ဘူးလေ … မတန်မှန်းသိသိနဲ့ တစ်ခုကို ၉ ရွမ်နဲ့ဝယ်စားရပါတယ်။ ကျွန်မခဏခဏသွားစားဖြစ်တဲ့ မြေအိုးမြီးရှည်လိုဆိုင်ကလဲ တစ်ပွဲထဲဆိုရင် ၂ဝ ရွမ်၊ ၂ ပွဲဝယ်ရင် ရ ရွမ်တန်တဲ့ အအေး ၂ ခွက်ရယ်၊ ၁ဝ ရွမ်တန်တဲ့ မုန့်တစ်ပွဲရယ် လက်ဆောင်ပေးပါတယ်။ […]


weiweiDecember 25, 20101min33916
ခရစ်စမတ်အကြို ဈေးရောင်းပွဲတွေနဲ့ စည်ကားနေတဲ့ တရုတ်ပြည်က စူပါမတ်ကတ်တွေမှာ လျှော့ဈေးနဲ့ရောင်းတာတွေတွေ့မိတော့ ကျွန်မတစ်ခါ ခံခဲ့ရတာလေးကို ပြန်အမှတ်ရမိပါတယ်။ အကွက်စေ့စေ့နဲ့ လူလည်ကျတတ်တဲ့ တရုတ်ပြည်က လျော့ဈေးအစီအစဉ်တွေထဲက တစ်ခုပါ။ ဗဟုသုတရအောင်ပေါ့ … လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက တရုတ်နှစ်သစ်ကူးနီးတဲ့တစ်ရက်မှာ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်ထွက်ကြပါတယ်။ စူပါမတ်ကတ်နားလဲရောက်ရော အထူးအစီအစဉ်ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ကြော်ငြာတွေကပ်ထားတယ်။ စိတ်ဝင်စားတာနဲ့ ဝင်ကြည့်လိုက်ပါတယ်။ ငွေရှင်းကောင်တာတွေမှာလဲ ရေးထားပါတယ်။ သူတို့ရေးထားတဲ့စာလုံးက ၁၃ဝ ဖိုးဝယ်ရင် ၁၀ဝ ဖိုး လက်ဆောင်ပေးမယ်တဲ့။ ကျွန်မတို့ တော်တော်အံ့ဩသွားပါတယ်။ အဲဒီစာလုံးလောက်ကို ကောင်းကောင်းဖတ်တတ်တော့ မှားစရာလဲမရှိဘူးပေါ့။ ဒါပေမယ့် အံ့ဩလွန်းလို့ အရောင်းစာရေးတစ်ယောက်ကို သေချာအောင်ထပ်မေးကြည့်ပါတယ်။ သူကလဲ ဟုတ်ပါတယ်တဲ့။ ၁၃ဝ ဖိုး ဘောက်ချာတစ်စောင်ပြနိုင်ရင် ၁၀ဝ ဖိုး အလကားပေးမှာတဲ့။ တော်တော်တန်နေပြီပေါ့နော် […]


weiweiDecember 21, 20101min1996
အပိုင်း (၁) မှာတုန်းက စာဖတ်များပြီး အတွေးတွေလွန်တဲ့အကြောင်း ရေးခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်တွေမှာတော့ တရားအသိကြောင့် ဘယ်အရာမှ ပျော်စရာမကောင်းဘူးလို့ ထင်ခဲ့တယ်။ ဘယ်သူ့ကိုပဲကြည့်ကြည့် စိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။ အမြင်မတော်သလိုလို သူတို့ဘာလို့ပျော်နေကြလဲ စဉ်းစားလို့မရဖြစ်ခဲ့ဖူးပါတယ်။ စာကိုလဲ မသင်ချင်ဖြစ်ခဲ့တယ်။ စာမေးပွဲအောင်ရုံလောက်ပဲ ကြိုးစားပြီး ကျောင်းစာတွေကို စိတ်မဝင်စားခဲ့ပါဘူး။ တစ်ခါတစ်လေ ဆရာတော်ကြီးဆီသွားပြီး သွားလျှောက်တဲ့အခါမှာ ဆရာတော်က ရီရုံပဲရီနေပြီး ဘာမှမပြောပါဘူး။ ကျွန်မစိတ်အခြေအနေနဲ့ အဖြစ်အပျက်တွေကို နားလည်နေတဲ့ ဆရာတစ်ယောက်က ကျွန်မကို စိတ်အကြောင်း ရှင်းပြခဲ့ပါတယ်။ စိတ်ကိုထားတတ်ဖို့အကြောင်းပါ။ အဓိက သူပြောခဲ့တာကတော့ နှိမ့်ချခြင်းဖြစ်ပါတယ်။ မာန်တက်နေတဲ့စိတ်ကို နှိမ့်ချပစ်လို့ အကြံပေးပါတယ်။ အမြင်တွေကို ပြောင်းလဲပစ်ဖို့အတွက်ပါပဲ။ သံဃာတွေကို အရိယာသံဃာတော်တွေလို့ စိတ်ထဲမှာသွင်းပြီး ရိုသေလေးစားဖို့ကို ပထမဆုံးလေ့ကျင့်ခိုင်းပါတယ်။ ကိုရင်သေးသေးလေးကို တရိုတသေနဲ့ သေသေချာချာ ကန်တော့ကြည့်ပါတဲ့။ ကျွန်မအိမ်မှာ ဆွမ်းခံကိုယ်တော်တွေအများကြီးရှိပြီး […]


weiweiDecember 20, 20101min2196
အကြီးနဲ့အငယ် အခုကျွန်မရေးမှာက ကျွန်မ အသက် ၂ဝ ကျော်လောက်မှာ ဆရာတစ်ယောက်က ဆုံးမခဲ့ဖူးသော အကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီဆရာလဲ ဆုံးပါးသွားတာကြာပါပြီ။ အရိယာပြစ်မှား ဒါဏ် (၁၀)ပါးဆိုပြီး ပြောပြရင်းကနေ လူကိုမြင်တိုင်း မပြစ်မှားမိစေဖို့ အသိပေးတဲ့ ဆုံးမစကားဖြစ်လို့ ဆရာ့ကျေးဇူးကိုလဲ သတိရရင်း တခြားသူတွေကိုလဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျွန်မတို့ လူဘာသာစကားနဲ့ပြောမယ်ဆိုရင်တော့ အသက်ပိုကြီးရင် အကြီး အသက်ပိုငယ်ရင် အငယ်ဆိုပြီး အကြီးအငယ်ကို အသက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ အသက်ကြီးသူကို ရိုသေရမယ်လို့ လူကြီးတွေက ဆုံးမကြပါတယ်။ ဒါပေမယ့် ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အကြီးအငယ်ဆိုတာကို အသက်နဲ့တိုင်းတာလို့မရပါဘူး။ ရ နှစ်သားကိုရင်လေးကိုတောင်မှ အဘိုးကြီး အဖွားကြီးတွေက ထိုင်ကန်တော့ရတယ်မဟုတ်လား။ သံဃာဆိုတာ ရတနာသုံးပါးထဲမှပါလို့ သံဃာဖြစ်တာနဲ့တင် ကန်တော့ဖို့ ထိုက်တန်ပြီး ကုသိုလ်လဲရပါတယ်။ အကြီးနဲ့ပတ်သက်ပြီး တရားတစ်ပုဒ်မှာ နာခဲ့ဖူးတာကတော့ မြတ်စွာဘုရား […]


weiweiDecember 20, 20101min35313
ကလေးဘဝ အသက် ၁၈ နှစ်အထိ အတွေ့အကြုံကို ဗုဒ္ဓဘာသာနဲ့ ကလေးဘဝ နံမည်နဲ့ ရေးသားပြီးဖြစ်ပါတယ်။ ဒီနေ့တော့ ၁၈ နှစ်နောက်ပိုင်း လူကြီးအတွေ့အကြုံပေါ့ … (နောက်ထပ် ၁ဝ နှစ်စာ .. အသက် ၂၈ လောက်အထိ) ကျွန်မတို့ခောတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက် နားလိုက်ရသေးတယ် … တရားရိပ်သာကပြန်လာပြီးတော့ ဝိပသနာတရားကို အရမ်းစိတ်ဝင်စားမိပါတယ်။ အိမ်လဲရောက်ရော စာအုပ်တွေရှာဖတ်ပါတော့တယ်။ အဲဒီတော့မှ သတိထားမိတာက ကျွန်မအိမ်ပေါ်မှာတင် တရားဘဏ္ဍာတိုက်ကြီးရှိနေပါတယ်။ ၁၈ နှစ်လုံးလုံး ကိုယ်နဲ့မဆိုင်သလို ဖတ်ရကောင်းမှန်းမသိ လူကြီးတွေကလဲ ဖတ်ပါလို့ မတိုက်တွန်းခဲ့တဲ့ စာအုပ်ဘီဒိုအကြီးကြီးတစ်လုံးထဲမှာ တရားစာအုပ်တွေ အပြည့်ပါပဲ။ ကျွန်မလဲ ဝမ်းသာလုံးစို့ပြီး ဘယ်စာအုပ်က စဖတ်ရမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ်ဆုံးဖြတ်ပြီး ဝိပသနာဆိုတဲ့နံမည်ပါတဲ့ စာအုပ်တွေကို ပထမဦးစားပေးအနေနဲ့ရွေးဖတ်ပါတယ်။ […]