weiweiDecember 20, 20101min2267
တရုတ်ပြည်မှ တက်စီများ ဒီနေ့ အပြင်သွားတော့ တက်စီစီးဖြစ်တယ်။ ခါတိုင်းအပြင်ထွက်ရင် မလိုအပ်ပဲ စကားသိပ်ပြောလေ့မရှိပေမယ့် ဒီနေ့တော့ စပ်စုချင်တာနဲ့ ခရီးကလဲဝေးတာနဲ့ ကားဆရာကလဲ သဘောကောင်းပုံပေါ်တာနဲ့ စကားလက်ဆုံကျသွားမိပါတယ်။ ဗဟုသုတရအောင် ပြန်လည်ဝေငှပေးလိုက်ပါတယ်။ တရုတ်ပြည်မှာတော့ တက်စီကို တာတီးလို့ အလွယ်ခေါ်ပါတယ်။ တက်စီတွေမှာ ကုမ္ပဏီတံဆိပ်တွေပါပါတယ်။ ကုမ္ပဏီပေါ်မူတည်ပြီး တက်စီရဲ့အရောင်တွေကွာပါတယ်။ လူတစ်ယောက်က တက်စီမောင်းတဲ့အလုပ်လုပ်ချင်ရင် တက်စီတစ်စီးဝယ်ပြီး ကုမ္ပဏီမှာစာရင်းပေးပြီး အခွန်ဆောင်ရပါတယ်။ ကားက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရပေမယ့် ကုမ္ပဏီနံမည်နဲ့မှ လိုင်စင်က အဆင်ပြေတယ်လို့သိရပါတယ်။ ကားတစ်စီးရဲ့သက်တမ်းကိုလဲ ၁ဝ နှစ်အထိပဲ သတ်မှတ်ထားပါတယ်။ ၁ဝ နှစ်ပြည့်ရင် ကားအသစ်နဲ့ အလိုက်ပေးပြီး ပြန်လဲရပါတယ်။ တက်စီအများစုက သစ်လွင်တောက်ပနေပါတယ်။ ထိုင်ခုံတွေကို ပိတ်အဖြူရောင်အစွပ်တွေနဲ့ စွပ်ထားကြရတယ်။ ကားတွေက လူမပါပဲသွားနေရင် ကားရှေ့မှာ အနီရောင်စာတမ်းလေးနဲ့ ကားအလွတ်လို့ ရေးထားပြီး အဝေးကနေမြင်နိုင်ပါတယ်။ […]


weiweiDecember 19, 20101min34315
သောဝါစဿတာ ဧတံ မင်္ဂလ မုတ္တမံ ဆုံးမရလွယ်ကူခြင်းသည် မြတ်သော မင်္ဂလာဖြစ်၏။ ထုံးစံအတိုင်းပဲ ငယ်ငယ်တုန်းက အကြောင်းကို စဉ်းစားမိပါတယ်။ ကျွန်မတွေ့ဖူးကြုံဖူးသလောက်တော့ လူတော်တော်များများဟာ ဆုံးမရမလွယ်ပါဘူး။ ကိုယ့်လုပ်တာမှန်တယ် ကိုယ်ထင်တာမှန်တယ်လို့ ထင်နေကြလို့ ဆုံးမဖို့ဝေးလို့ ဝေဖန်မိရင်တောင်မှ မကြိုက်ကြပါဘူး။ တစ်ခုခုကို သိတဲ့သူက ပြောပြရင်လဲ သူကဘယ်လောက်သိလို့ ဆရာလုပ်တာလဲဆိုပြီးလဲ ထင်ကြပါတယ်။ ဝေးဝေးမကြည့်ပါနဲ့ အိမ်မှာ မိဘက သားသမီးကိုပြောရင်တောင် မိဘတွေကို သူတို့ခောတ်ကနဲ့မတူဘူး သူတို့မသိပဲဝင်ပါတယ်ဆိုပြီး စိတ်ဆိုးလေ့ရှိပါတယ်။ ကျွန်မ ကလေးတုန်းကတော့ ဆုံးမမှာကို မကြိုက်လို့ မခံချင်လို့ အတတ်နိုင်ဆုံး လိမ်မာအောင် ကြိုးစားပြီးနေခဲ့ဖူးပါတယ်။ အဲဒီလိုနေတဲ့ကြားထဲက အမြင်မတော်လို့ ဆုံးမတာကိုခံလိုက်ရရင် သေချာမှတ်ထားပြီး နောက်တစ်ခါမလုပ်မိအောင်သတိထားလိုက်ပါတယ်။ ကလေးတုန်းကတော့ မိဘ ဘိုးဘွားတွေကို ချစ်ခင်လေးစားတဲ့စိတ်ရှိနေတော့ သူတို့တွေနဲ့လဲ အဆင်ပြေပြေနေနိုင်ခဲ့ပါတယ်။ အဆင်မပြေခြင်းကတော့ ၁ဝ […]


weiweiDecember 18, 20101min52323
အနုပညာနှင့် ကလေးဘဝ ပြီးခဲ့တဲ့နေ့က ဆရာမ မေငြိမ်းရဲ့ စာပေဟောပြောပွဲနားထောင်ရင်းနဲ့ အနုပညာအကြောင်း တွေးမိခဲ့ပါတယ်။ ငယ်ငယ်တုန်းက အနုပညာဆိုတာ ဘာမှန်းမသိခဲ့ပေမယ့် အနုပညာအလုပ်တွေ အလိုအလျောက်လုပ်ခဲ့မိပါလားလို့ ပြန်တွေးမိပါတော့တယ် … ကျွန်မတို့မိသားစုတွေ ဆွေမျိုးတွေထဲမှာတော့ အနုပညာရှင်တစ်ယောက်မှမရှိပါဘူး။ အများစုက အရောင်းအဝယ်အလုပ်ကိုပဲ လုပ်ကြပါတယ်။ ကျွန်မတို့ခေတ်မူလတန်းက ကျောင်းတက်ရုံနဲ့ပြီးတယ် .. ကျူရှင်မရှိသေးဘူး။ အချိန်တွေပိုတာပေါ့။ ရွှေသွေး၊ တေဇနဲ့ မိုးသောက်ပန်းကို ထွက်သမျှဝယ်ပေးပါတယ်။ အဲဒါတွေကိုပဲ အလုအယက်ဖတ်ခဲ့ရတယ်။ ညအိပ်ခါနီးရင် မေမေက ပုံပြောပြပါတယ်။ အများအားဖြင့် သီချင်းဆိုပြတာများတယ်။ ကျွန်မ အမေက ဝင်းဦးကို သိပ်ကြိုက်တော့ ဝင်းဦးသီချင်းအားလုံးကို အလွတ်ရပါတယ်။ ကျွန်မတို့ကို ခဏခဏဆိုပြတော့ ကျွန်မတို့လဲ ကလေးဘဝကထဲက ဝင်းဦးသီချင်းတွေကို အလွတ်ရနေပါတော့တယ်။ ကျွန်မ ၅ တန်းရောက်တဲ့အချိန်မှာတော့ အိမ်မှာ တီဗီနဲ့ ဗီဒီယိုစက် […]


weiweiDecember 16, 20101min28012
ဆောင်းနှင်းဖွေးဖွေး အအေးပိုလို့ တစ်ရေးနိုးမိတယ် အပြင်ငေးတော့ နှင်းဖွေးဖွေးတွေ ထထိုင်လို့ကြည့် အတွေးနယ်ချဲ့မိတယ် …. နှစ်စဉ်ကြုံတွေ့ မထူးဆန်းပေမယ့် အခုတစ်ခါတော့ ခံစားချက်ပြောင်းလို့ နှုတ်ဆက်သည့်နှင်း မျက်တောင်မခတ်ကြည့်မိတယ် … ဦးဆုံးနှင်းတုန်းက ရင်ခုန်လှုပ်ရှား အပေါင်းအသင်းများနဲ့ ခုန်ပေါက်ပြေးလွှားလို့ ချမ်းတာကိုမေ့ နှင်းတွေကိုပွေ့ဖက်ခဲ့ဖူးတယ် … တစ်ကြိမ်မှာတော့ နှင်းမှုန်နဲ့ချော်မိ ဘိုင်းကနဲလဲလို့ မျက်ရည်ထွေထွေကျ မလှုပ်နိုင်ေအောင် နာကျင်ခဲ့ရဖူးတယ် … နှင်းကြောက်တဲ့စိတ် အရိုးထိအောင်စွဲ အဖော်တွေလဲကွဲတော့ အပြင်မထွက်ရဲနဲ့ မြင်သာမြင်မကြင်ရ သူများပျော်လို့မပျော်နိုင် ဖြစ်ခဲ့ရဖူးတယ် … နှင်းကိုမြင်တော့ အထီးကျန်စိတ်က အတိတ်ကိုတွေးလို့ သူငယ်ချင်းတွေတမ်းတ အလွမ်းတွေပြန်ထ အေးစက်စက်ခံစားခဲ့ရဖူးတယ် .. ဖွေးဖြူတဲ့နှင်းတွေ အလွန်စွဲဆောင်လို့ စိတ်ကိုရဲဆေးတင် နှင်းဖတ်တွေကိုင်ကြည့်ဖို့ မနှစ်တုန်းကတော့ ချိနဲ့နဲ့ထွက်လျှောက်ခဲ့ဖူးတယ် … အခုတော့လည်း နှင်းကိုချစ်မိလို့ ခွဲရမည့်အသိက နှမြောတသ […]


weiweiDecember 15, 20101min61823
တရုတ်စာလုံးတွေကို တစ်လုံးမှ မသိသောသူများအတွက် ဗဟုသုတပါ။ ကျွန်မတို့ မြန်မာပေမယ့် မြန်မာစာကို မသင်ထားဘူး မတတ်ဘူးဆိုရင် ကကြီးကို ပုတ်လောက်ရေးပြထားရင်တော့ ဘာရေးထားမှန်း မသိနိုင်ဘူး။ အင်္ဂလိပ်စာကို မသင်ဖူးရင်လည်း A ကို ပုတ်လောက်ရေးပြလဲ ဘာရေးထားမှန်း မသိနိုင်ဘူး။ ဒါပေမယ့် တရုတ်စာလုံးကတော့ အဲဒီလိုမဟုတ်ဘူး။ တရုတ်စာမသင်ထားပေမယ့် စာလုံးတွေကို ခန့်မှန်းလို့ရပါတယ်။ တရုတ်စာလုံးတွေက ပန်းချီကနေလာတာမို့လို့ပါ။ ဟိုရှေးတုန်းက သင်္ကေတအနေနဲ့သတ်မှတ်ကြရာမှာ မျက်စိနဲ့မြင်ရတဲ့သဏ္ဍာန်နဲ့ နီးစပ်ရာကို စာလုံးအနေနဲ့ တဖြည်းဖြည်း ပြောင်းသုံးခဲ့ကြလို့ပါပဲ။ အဲဒါကြောင့် အခုပို့စ်ကို ဖတ်ပြီးရင် အနဲဆုံး စာလုံးနဲနဲလောက်ကို မှန်းကြည့်နိုင်ဖို့ နည်းလမ်းလေးနဲနဲပြောပြချင်လို့ပါ။ မြန်မာတွေပြောလေ့ရှိတယ့် ပဲပင်ပေါက်စာလုံးတွေထဲက လွယ်တာလေးနဲနဲကို ရှင်းပြချင်ပါတယ်။ တစ်ဆိုတဲ့ စာလုံးကို တရုတ်က 一 (yi) ယီး လို့ ရေးတယ်။ အခြစ်ကလေးက […]


weiweiDecember 13, 20101min51014
ကွန်ပျူတာဘယ်တုန်းကထဲက ပေါ်နေလဲမသိပေမယ့် 1990 မှာ စမြင်ဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ပေမယ့် ခောတ်မှီတိုးတက်တာမြန်တော့ သမိုင်းတစ်ခုကို ပြန်ပြောသလိုတောင် ဖြစ်နေမလားပဲ။ ၁၉၉ဝ မှာ ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ကွန်ပျူတာသင်တန်းကို စတက်ဖြစ်ပါတယ်။ အဲဒီတုန်းက သင်တန်းကြေးက ၈၀ဝ ကျပ်ပဲ ပေးရတယ်။ ဒါပေမယ့် သင်တန်းတစ်ခုမှာ ကွန်ပျူတာ ၃ လုံးပဲရှိပြီး စာသင်ချိန်မှာ စာသင်ခန်းထဲမှာ ဒီအတိုင်းသင်ပြီး စက်ချိန်ဆိုပြီး သီးသန့် အချိန်နဲနဲလေးပဲ ပေးပါတယ်။ အဲဒီတုန်းက စက်တွေက 286 အမျိုးအစား ကွန်ပျူတာတွေဖြစ်ပြီး floppy drive အကြီးကြီးတွေကို သုံးရပါတယ်။ တစ်ချို့ကွန်ပျူတာတွေဆို harddisk တောင် မပါဘူး။ A:\ ကနေ DOS နဲ့ ဖွင့်ရပါတယ်။ mouse လဲ […]


weiweiDecember 12, 20101min31210
ကျွန်မနဲ့ ဗုဒ္ဓဘာသာ ….. အမှန်တကယ်တော့ ကျွန်မအနေနဲ့ ဘာသာရေးအကြောင်းကို စေ့စေ့ပေါက်ပေါက် နားမလည်ဘူးလို့ပဲ ရိုးသားစွာဝန်ခံပါရစေ။ ကျွန်မရေးချင်တဲ့အကြောင်းအရာက ကျွန်မရဲ့ ကလေးဘဝအတွေ့အကြုံနဲ့ အတွေးအခေါ်တစ်ချို့ပဲဖြစ်ပါတယ်။ ကျွန်မမွေးကထဲက အဖေနဲ့အမေက စီးပွားရေးအတွက် အလုပ်အမြဲရှုပ်နေပေမယ့် ကြီးဒေါ် အပျိုကြီး ၂ ယောက်ရဲ့ ထိန်းကြောင်းမှုနဲ့ ကြီးပြင်းခဲ့ပါတယ်။ အပျိုကြီးတွေ အလုပ်လဲသိပ်များများမရှိတာကြောင့် ဘာသာရေးကို အလေးပေးကြပါတယ်။ ဥပုသ်နေ့တိုင်း ရိပ်သာတစ်ခုကိုသွားပြီး သီလယူ ဥပုသ်စောင့်လုပ်ကြပါတယ်။ ကျွန်မကိုလဲ အမြဲတမ်းခေါ်သွားပါတယ်။ ကလေးဆိုတော့ သီလယူ တရားနာ တရားထိုင် လူကြီးတွေလို လိုက်လုပ်ပေမယ့် ညနေအိမ်ပြန်ရင်တော့ ထမင်းစားပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကို မြင်းလှည်းစီးသွားရလို့ ပျော်ပါတယ်။ သင်္ကြန်ရက်တွေဆိုရင်တော့ တစ်ပတ်ခန့် ရိပ်သာမှာပဲနေပြီး ဥပုသ်စောင့် တရားထိုင်လုပ်ပါတယ်။ ကျွန်မကလဲ တစ်ပတ်လုံး လိုက်နေပြီး အဲဒီအလုပ်တွေကို နိုင်သလောက် […]


weiweiDecember 9, 20101min2307
လူရယ်လို့ဖြစ်လာတာနဲ့ သင်ခန်းစာတွေကို တစ်ခုပြီးတစ်ခုသင်ကြားရပါတယ်။ လက်ဦးဆရာ မိဘနဲ့ ဆရာဆရာမတွေကလဲ သိသင့်သိထိုက်တဲ့ သင်ခန်းစာတွေ သင်ကြားပေးကြပါတယ်။ မိဘရင်ခွင်က ခွဲခွာပြီး အလုပ်ခွင်ထဲရောက်တော့လဲ အလုပ်ခွင်သင်ခန်းစာတွေအပြင် လူမှုရေးသင်ခန်းစာတွေပါ အမျိုးမျိုး သင်ကြားရတယ်။ သင်ခန်းစာတိုင်းမှာ တန်ဖိုးတစ်ခုခုတော့ ပေးဆပ်ရစမြဲပါပဲ။ တစ်ချို့လက်တွေ့သင်ခန်းစာဆိုရင် အရင်းအနှီးက မတန်တဆလဲ ဖြစ်နေတတ်ပါသေးတယ်။ ကျွန်မတရုတ်ပြည်ကို ရောက်ခါစ တစ်ပတ်အတွင်းမှာပဲ သင်ခန်းစာတစ်ခုကို ဈေးကြီးကြီးနဲ့ သင်ယူမှတ်သားလိုက်ရဖူူးပါတယ်။ အဲဒီနေ့ကတော့ ရောက်ရောက်ချင်းဆိုတော့ ဘယ်မှလဲ မသွားတတ်၊ ဘာမှလဲမဝယ်တတ်၊ အိမ်ကလဲ မသယ်လာတော့ လိုအပ်တဲ့ပစ္စည်းတွေကို အပူတပြင်းဝယ်ယူချင်နေပါတယ်။ ဘယ်သူမှလဲ ကူညီမဲ့သူမရှိနဲ့ တော်တော်ဒုက္ခရောက်နေတုန်း အဆောင်တစ်ခုပဲအတူနေတဲ့ ပါကစ္စတန်က ကောင်မလေးက စူပါမတ်ကတ်ကို သူလိုက်ပို့မယ်ဆိုပြီး ပြောတာနဲ့ အရမ်းဝမ်းသာပြီး သူနဲ့အတူ အနီးအနားက စူပါမတ်ကတ်ကို လိုက်သွားပြီး လိုအပ်တာသွားဝယ်ပါတယ်။ အဲဒီကောင်မလေးက ကုန်တိုက်အပေါက်ဝရောက်တော့ […]