weiweiDecember 30, 20103min38816
တရုတ်ပြည်မြောက်ပိုင်း liaonin ပြည်နယ်က Dalian မြို့လေးကို တောင်ပေါ်မှမြင်ရသော မြင်ကွင်းများဖြစ်ပါတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ခောတ်မီလှပ သန့်ရှင်းတယ်။ အခုလိုဆောင်းရာသီမှာတော့ နှင်းပုံထဲမှာရှိနေပြီး နွေရာသီမှာတော့ ဓါတ်ပုံထဲကလိုပဲ လှပနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ရိုက်ထားတာပါ။ အမြင့်ကကြည့်လေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်ရလေမို့လို့ တကူးတက တောင်ပေါ်ကို cable chair နဲ့ တက်ကြည့်ပြီး မြို့ရှုခင်းကို ဓါတ်ပုံရိုက်ခဲ့လိုက်ပါတယ်။ ကင်မရာက မြင်ကွင်းဆန့်သလောက်ပဲ ပါပြီး အပြင်မှာတော့ မျက်စိတဆုံးကျယ်ပြန့်ပြီး အပြာရောင်ပင်လယ်ကိုပါ မြင်ရတာ အရမ်းလှပါတယ်။ တောင်နိမ့်နိမ့်လေးတွေ ဝန်းရံထားလို့ မြို့ပုံစံကလဲ နေချင်စရာကောင်းပါတယ်။ တလျှန်က ကိုရီးယားနဲ့နီးလို့ ကိုရီးယားအစားအစာနဲ့ ကိုရီးယားဖက်ရှင်တွေ နံမည်ကြီးပါတယ်။ မနေ့က ပြခဲ့တဲ့ ရဲတိုက်ကြီးရှိတဲ့မြို့ပေါ့။ လှပတဲ့ ပန်းခြံတွေလဲ အများကြီးရှိပါတယ် …


weiweiDecember 30, 20104min1787
ရန်စီမြစ်ကြောင်းခရီးသွားတုန်းက ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာရှိတဲ့နေရာကို ဝင်ရောက်လေ့လာခဲ့ရပါတယ်။ အမှန်ကတော့ ဝင်ရောက်လေ့လာတယ်လို့ပြောလို့မရပါဘူး … အဝေးကနေ လှမ်းကြည့်ရုံပါပဲ။ အဲဒီမြင်ကွင်းကို မြင်နိုင်တဲ့ နေရာ ၃ နေရာကနေလှည့်ပတ်ပြီး ပြပါတယ်။ အဲဒီနေ့က မိုးအုံ့နေလို့ ဓါတ်ပုံတွေက သိပ်မသဲကွဲဘူးဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၄ လ လောက်ကမှ ရိုက်ထားတဲ့ဓါတ်ပုံတွေပါ။ အဲဒီစီမံကိန်းကို ၁၉၉၂ ကနေ စတင်ပြီး အဆင့် ၃ ဆင့်ခွဲပြီး တည်ဆောက်ခဲ့တာ ၂၀၀၉ မှာမှ အပြီးသတ် ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဟူးပေပြည်နယ်၊ ရီချန်မြိုု့နယ်အတွင်းမှာ တည်ရှိပါတယ်။ ရီချန်မြို့ပေါ်ကနေ အဲဒီကို ၂ နာရီခန့်ကားစီးပြီးသွားရပါတယ်။ လမ်းခရီးက တောင်တွေက အရမ်းလှပါတယ်။ မိုးရွာနေလို့ လျှပ်တစ်ပြတ်ဓါတ်ပုံတွေတော့ မရိုက်ခဲ့ရဘူး။ Three Gorges Dam Project is composed […]


weiweiDecember 29, 20103min2456
ဒီဓါတ်ပုံတွေက လွန်ခဲ့တဲ့ တစ်နှစ်ခွဲကမှ ရိုက်ထားတာပါ … လျှောင်နင်ပြည်နယ် တလျှန်မြို့ရဲ့ လှပတဲ့ နေရာတွေထဲက တစ်ခုပေါ့ … ဓါတ်ပုံရိုက်တဲ့သူတွေနဲ့ အမြဲစည်ကားနေတဲ့ ခောတ်မှီရဲတိုက်ပုံစံ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာမှ တည်ဆောက်ပြီးစီးထားပြီး ၂၀၁ဝ မှာ မရှိတော့ပါဘူး။ ဒီပုံတွေက ၂၀၀၉ တုန်းက ရိုက်ထားတာ … အခုထပ်ရိုက်လို့မရနိုင်တော့ပါဘူး။ ဘာလို့ အဲဒီအဆောက်အဦ အကောင်းကြီးကို ဖျက်ပစ်လိုက်တယ်တော့မသိဘူး … ကျွန်မအတွက်တော့ ဒီဓါတ်ပုံတွေက အနိစ္စကို ပြနေကြပါတယ်။ တလျှန်က ရှင့်ဟိုင်ကွမ်းချန် (xinghai guangchang) က ဖြစ်ပါတယ်။


weiweiDecember 20, 20102min30013
ဒီဓါတ်ပုံတွေက မနေ့ကရေးခဲ့တဲ့ တိဗက်ခရီးစဉ် (၂) မှာ လာဆားမြို့ကနေ နမ်ဆိုရေကန်ကိုအသွား လမ်းတစ်လျှောက်မှ ရှုခင်းများဖြစ်ပါတယ်။ ကားပေါ်ကနေရိုက်ထားခဲ့တာဖြစ်ပါတယ်။ တိဗက်က အိမ်ပုံစံ၊ တိဗက်စာလုံးနဲ့ သဘာဝရှုခင်းတွေကြည့်ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ် …