weiweiSeptember 13, 20121min39826
မနေ့က ရန်ကုန်မြို့ ဆည်းဆာအချိန် တိန်တောက်ချိန်လေးပါ … ဘာရယ်မဟုတ် ကိုပေါက်ကို အားကျပြီး လှမ်းရိုက်ထားလိုက်မိတာ … မိုးရာသီ ရန်ကုန် ညနေဆည်းဆာအချိန်တွေက အရမ်းလှပါတယ်။ မနေ့ကညနေက အရှေ့ဘက်အရပ်မှာ သက်တန့်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်သူ ရန်ကုန်သားများကတော့ သဘာဝတရားရဲ့ အလှကိုတောင် သတိမထားနိုင်လောက်အောင် လှုပ်ရှားရုန်းကန်နေရဆဲအချိန်ပါပဲ … သတိမထားမိသူတွေရော … အဝေးရောက် ရန်ကုန်သူ ရန်ကုန်သားများ အလွမ်းပြေကြည့်နိုင်အောင် တင်လိုက်ခြင်းဖြစ်ပါတယ်။


weiweiAugust 9, 20123min32612
ကမ္ဘာပေါ်တွင် အကြီးဆုံးသော လောကသရဖူ လျောင်းတော်မူ၏ ရုပ်ပွားတော်ကြီး သမိုင်း ဦးခေါင်းတော် အတောင်-၆၀ ရောင်လျှံတော် ၁၀-တောင် မျက်နှာတော် ၂၂-တောင် မျက်လုံးတော် ၇-တောင် နှုတ်ခမ်းတော် ၅-တောင် နားတော် ၁၉-တောင် လည်တိုင်တော် ၇-တောင် လက်မောင်းတော် အတောင်-၄၀ ခြေဖဝါးတော် ၂၂-တောင် ရောင်လျှံတော်ထိပ်မှ ခြေဖျားတော်အထိ ဉာဏ်တော် အလျား ၁၆၂-တောင်၊ တြင်းကြေ၊ နဝင်းကြေ၊ သတ္တဗိသကြေတည်း။ ပလ္လင်တော်အလျား မြောက်မှ တောင်အဆုံး အတောင်-၂၀၀၊ ၎င်းအနံတော် အတောင်-၄၀၊ မြေမှ အမြင့်-၅၂-တောင် ဖြစ်လေသည်။ ယင်း လောကသရဖူ လျောင်းတော်မူ ရုပ်ပွားတော်ကြီးသည်ကား ထားဝယ်မြို ့မှ အရှေ ့တောင် ခပ်ယွန်း ယွန်း ၄-မိုင်ခန့် ခရီးအကွာ “ ကူးတို့ရွာ […]


weiweiJuly 4, 20124min57224
မိုးရာသီရောက်လာပြီဆိုတော့ ခရီးသွားတာတွေ ရပ်နားပြီး အိမ်နဲ့ ရုံးနဲ့ ဈေးလောက်သာ သွားဖြစ်ပါတော့တယ်။ ဒါပေမယ့် ဝါသနာက ပါနေပြန်တော့ ပတ်ဝန်းကျင်မှာ မြင်တာလေးတွေကိုပဲ မရိုက်ရမနေနိုင်လို့ ရိုက်ဖြစ်ပြီး ပို့စ်တင်ချင်စိတ်လဲ ရှိနေတာနဲ့ပဲ ပို့စ်တစ်ခု တင်ဖြစ်သွားပါတယ် … ဘာမှမထူးခြားတဲ့ ပုံလေးတွေမို့ သီးခံပြီးသာ ကြည့်ကြပါတော့လို့ ….


weiweiJune 28, 20122min36010
ရှင်ကိုးရှင်ဘုရားထဲမှ တစ်ဆူအပါအဝင်ဖြစ်တဲ့ ရှင်ပင်ခရုစေတီတော်သည် ထားဝယ်မြို့ထဲတွင် တည်ရှိပါတယ်။ ဘုရားဉာဏ်တော်အတော်နိမ့်ပြီး ဘုရားပရဝုဏ်ကလဲ ခပ်ကျဉ်းကျဉ်းပါပဲ … မှတ်တမ်းတစ်ခုအနေနဲ့ ကျန်ရှိနေအောင် ဘုရားပုံအနဲငယ်ကို သမိုင်းကြောင်းနှင့်တွဲပြီး တင်ပေးလိုက်ပါတယ် … ရှင်ပင်ခရုဘုရားသမိုင်းအကျဉ်း ရှင်ပင်ခရုဘုရားသည်း ထားဝယ်မြို ့၊ ကရပ်ပြင်ရပ်၏ ရွာဘုရား၊ ရပ်ဘုရား ဖြစ်ပါသည်။ ဘုရားတည်ရှိသော နေရာတွင် ထားဝယ်ခေါ် ရှားပင် “ ခရေပင် ” နှစ်ပင် ညီနောင် ပေါက်ရောက်စည်ပင်ခဲ့ရာ ထိုခရေပင်နှစ်ပင်အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ ခရုခွံပေါ်တွင် စေတီတည်ခဲ့သည်ဟု ဆိုပါသည်။ ( ရှေးယခင်က စာပေပြုစု စုဆောင်းသူ ရှားပါးသဖြင့် သက္ကရာဇ် ရှာမတွေ့တော့ပါ။ ) “ ရှားပင် (ခရေပင်) နှစ်ပင် နှင့် ခရုပေါ်မှာဘုရား ” ဟူ၍ […]


weiweiJune 26, 20123min46516
ရှင်မုတ္ထီးဘုရားသည် ထားဝယ်မြို့ကနေ ငါးမိုင်ခန့်အကွာ ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် တည်ရှိပါသည်။ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းကတစ်ကြိမ် ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ထူးထူးခြားခြား ခေတ်မှီခဲ့တဲ့ ဘုရားတစ်ဆူအနေနဲ့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ တခြားမြို့များမှ စေတီပုထိုးများလည်း အလွန်သပ္ပါယ်နေပြီမို့ သိပ်မကွာတော့ပါဘူး။ ဒါပေမယ့် လက်ရာတစ်မူထူးခြားတဲ့ ရှင်ကိုးရှင်ဘုရားထဲမှ တစ်ဆူဖြစ်တဲ့ ရှင်မုတ္ထီးဘုရားကို ဖူးမျှော်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဘုရားသမိုင်းကို သိရှိလိုသူများအတွက် စာရေးဆရာ ရွှေဝယ်ဧ ရေးသားသည့် ထားဝယ်ရာဇဝင်သမိုင်းစာအုပ်ထဲမှ ကူးယူဖော်ပြပေးလိုက်ပါတယ် …. ရွှေမုတ္ထီး ဘုရားသမိုင်း ကောဇာသက္ကရာဇ် ၉၃ဝ (တစ်စောင်သောရာဇဝင်၌ ၈၀ဝ ပြည့်နှစ်) လွန်၍ မင်း ၆၆-ဆက် ရောက်လတ်သောအခါ သိဟိုဋ္ဌ်ကျွန်းကို အစိုးရတော်မူသော “ မဟာနာမင်း ” လက်ထက် အရှင်မဟာအရဟံ ရဟန္တာထေရ်မြတ်ကြီးသည် ကြီးစွာသော ဓမ္မသံဝေဂ […]


weiweiJune 21, 20123min33914
ထားဝယ်မြို့ထဲမှာ တည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။ ထားဝယ်မြို့က ဘုရားတွေ စေတီတွေ တန်ဆောင်းတွေရဲ့ ပုံသဏ္ဍာန်ကို သိရှိနိုင်အောင် တင်ပေးခြင်းဖြစ်ပါတယ် … ထားဝယ်ဘုရားပုံတွေကို စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ပါတယ် … ရှင်ကိုးရှင်ဘုရားတွေအတွက် သမိုင်းစာအုပ် ပြန်ရှာနေတုန်းမို့ နဲနဲလောက်စောင့်ပါအုန်းလို့ ကြိုတင်အသိပေးထားချင်ပါတယ် …


weiweiJune 13, 20124min29711
ပုံတွေတင်ရတာခက်လို့ အပိုင်း (၂) ခွဲတင်လိုက်ပါတယ် … ဘုရားပုံတွေနဲ့ ရေးမြို့ပုံလေးတွေ အားပေးပါအုန်း … ရေးမြို့ကို ရောက်တုန်း ရိုက်ထားတာလေးတွေကို ဝေမျှပေးလိုက်ပါတယ် …


weiweiJune 12, 20123min42219
ထားဝယ်သွားတဲ့အခါ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းအတိုင်း သွားရပါတယ်။ မော်လမြိုင်ကနေ ရေးကို မိုင် ၁၀ဝ နဲ့ ရေးကနေ ထားဝယ်ကို မိုင် ၁၀ဝ ရှိပါတယ်။ ထားဝယ်ကနေအပြန်နောက်ကျသွားတာကြောင့် လမ်းခုလတ်ဖြစ်တဲ့ ရေးမြို့မှာ တစ်ညဝင်အိပ်ခဲ့ရပါတယ်။ မနက်မိုးလင်းတော့ မြို့ထဲမှာ ဘုရားတွေလျှောက်ဖူးရင်း ဟိုရိုက် ဒီရိုက် ရိုက်ခဲ့တာလေးတွေ တင်ပေးလိုက်ပါတယ် … ဘုရားနံမည်တွေ မေ့နေပြီမို့ ဒီအတိုင်းပဲ ကြည့်ကြပါလို့ မေတ္တာရပ်ခံပါတယ် .. ကျွန်မတို့ ညဘက်ရောက်သွားတဲ့ ရေးမြို့လေးက တော်တော်လေးစည်ကားပါတယ်။ မြို့အနေနဲ့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဘုရားစေတီတွေမှာ မီးအလင်းရောင်အပြည့်နဲ့ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေမှာလဲ လူတွေအပြည့်နဲ့ စီးပွားရေးကောင်းမွန်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရေးမြို့မှာ ဟိုတယ်မရှိပါဘူး။ တည်းခိုခန်း ခပ်သေးသေးလေးတွေပဲ ရှိတယ်။ တည်းခိုခန်းတစ်ခန်းကို စုံစမ်းပြီး အဲဒီကိုပဲ သွားတည်းခဲ့တယ်။ အဲယားကွန်းပါတာ […]


weiweiMay 25, 20123min41314
ပြည်သွားရင်းနဲ့ ရွှေတောင်ကိုလဲ ဝင်ခဲ့ပါတယ်။ ရွှေမျက်မှန်ဘုရားနဲ့ ရွှေနတ်တောင်စေတီက ရွှေတောင်မြို့အထင်ကရဘုရားများဖြစ်ပါတယ်။ ဘယ်နှစ်ခေါက်သွားသွားမရိုးနိုင်အောင်လှတဲ့ ရွှေနတ်တောင်သွားလမ်းကလေးနဲ့ စေတီပတ်ဝန်းကျင်မြင်ကွင်းများကို အမှတ်တရ တင်ပေးလိုက်ပါတယ် ….


weiweiMay 22, 20123min2398
ရွှေဘုံသာမုနိကို ၃ ကြိမ် ရောက်ဖူးပါတယ်။ ပထမဆုံးအကြိမ်တုန်းက ဆယ်နှစ်ကျော်ပြီထင်ပါတယ် ပြုပြင်ဆဲကာလမှာ စေတီပတ်ဝန်းကျင် အရမ်းသာယာပါတယ်။ ဧရာဝတီမြစ်ရေတက်ချိန်မှာ ဘုရားနားရောက်တဲ့အထိ ရေတက်တာနဲ့ကြုံခဲ့ဖူးတယ်။ ဘုရားမှာပဲ ချက်ပြုတ်စားသောက်ခဲ့ကြတာကို ပြန်သတိရမိတယ်။ အခုအချိန်မှာ ပြုပြင်တည်ဆောက်မှု အားလုံးပြီးဆုံးသွားပြီး သန့်ရှင်းသပ်ရပ်နေပါပြီ။ သရက်သီးပေါ်ချိန်မို့လို့ မြကျောက်သရက်သီးဆိုင်တွေအများကြီးတွေ့ခဲ့ရတယ်။ အနောက်ဘက်မှ ဇရပ်အကြီးကြီးတွေရှိပြီး အေးအေးဆေးဆေး နားနေနိုင်ပါတယ်။ ကျွန်မတို့က နေ့လည် ၁၂ နာရီလောက်ကြီးရောက်သွားတာမို့လို့ ဇရပ်ပေါ်မှာ တစ်နာရီလောက်ထိုင်ပြီး နားနေခဲ့ကြသေးတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ တောင်တောင်သဘာဝပတ်ဝန်းကျင်များကြောင့် ဘုရားဖူးသွားရတာ ပျော်စရာကောင်းတယ်။ နွေနေပူပူနေ့လည်ခင်းဖြစ်နေလို့ ရင်ပြင်တော်ပေါ်မှာ ခြေချရ အင်မတန်ခက်နေချိန်ပေါ့ … တစ်နေရာနဲ့တစ်နေရာကို တစ် နှစ် သုံး ရေတွက်ပြီး အမြန်ဆုံးပြေးကြရတာ အမှတ်တရပါပဲ … မန်ကျီးပင်ကြီးအရိပ်အောက်မှာနားနေပြီး မန်ကျီးပန်းတွေကို တအံ့တဩဖြစ်ခဲ့ပါသေးတယ်။


weiweiMay 21, 20124min47822
ပြည်မြို့ကို ရောက်ဖူးကြတဲ့သူများပေမယ့် ဘုရားကို ကပ်ကျော်သွားလေ့ရှိပါတယ်။ တကူးတကမှ မသွားဖြစ်ရင် မရောက်ဖြစ်တဲ့နေရာဖြစ်တာမို့ ရောက်တုန်း မှတ်တမ်းကျန်ခဲ့အောင်နဲ့ မရောက်ဖူးတဲ့သူတွေလဲ ဖူးမြင်ရအောင် မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဆယ်ထပ်ကြီးဘုရားကို စောင်းတန်းတစ်ခုကနေ ဆင်းသွားလိုက်ပါတယ် … စောင်းတန်းအဆုံးအောက်ခြေရောက်တော့ ထူးခြားတဲ့ဒီဇိုင်းနဲ့ ခြင်္သေ့နှစ်ကောင်ကို သတိထားမိတယ်။ တစ်ကောင်က ပါးစပ်မှာ ကျားတစ်ကောင်ကိုက်ထားပြီး နောက်တစ်ကောင်က ဂျီတစ်ကောင်ကို ကိုက်ထားပါတယ်။ ဆယ်ထပ်ကြီးဘုရားမှာ ဇာတ်တော်ရုပ်ထုတွေအများကြီးတွေ့ခဲ့ရပါတယ်။ သန့်ရှင်းသပ်ယပ်တဲ့လက်ရာများနဲ့ လှပတဲ့ဆေးရောင်များကြောင့် လှပခေတ်မှီနေသလို အနီးအနားက ဟောင်းနွမ်းပျက်စီးနေတဲ့လက်ရာများနဲ့ တိုင်လုံးတွေနဲ့ ဘုရားစောင်းတန်းကလဲ ကဗျာဆန်နေပါတယ်။ တောင်တွေပတ်လည်၊ ဘုရားစေတီတွေ ပတ်လည်နဲ့ အချိန်များရရင် တစ်နေကုန်တောင်တက်ပြီး လျှောက်သွားချင်နေမိအောင်ပါပဲ … လောလောဆယ်တော့ အချိန်သိပ်မရတာကြောင့် သွားခဲ့သမျှလေးပဲ မျှဝေပေးရင်း ….