weiweiJanuary 23, 20131min35633
ကျွန်မတို့ အစိုးရဝန်ထမ်းလောကမှာ ပင်စင်ဆိုတာ ရှိပါတယ်။ အသက် ၆ဝ ပြည့်ရင် မဖြစ်မနေ ပင်စင်ယူကြရပါတယ်။ လုပ်သက် နှစ် ၃ဝ ရှိရင်လဲ ပင်စင်ယူချင်ရင် လုပ်သက်ပြည့်ပင်စင်ယူလို့ရပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေပါစေ အသက် ၆ဝ ပြည့်ရင်တော့ ပင်စင်ယူကြရပါပြပြီ။ ပင်စင်ယူသင့် မယူသင့် ဒွိဟဖြစ်ကြရတာကတော့ ပညာတတ်အရာရှိဝန်ထမ်းများဖြစ်ပါတယ်။ အသက် ၆ဝ ပြည့်သွားပေမယ့် လုပ်ငန်းလိုအပ်ချက်အရဆိုတဲ့ ခေါင်းစဉ်နဲ့ extension တစ်နှစ်ပြီးတစ်နှစ် တိုးယူရင်း ဆက်လုပ်လေ့ရှိကြပါတယ်။ ပညာရေး ခါးဆက်ပြတ်မှုတွေကြောင့် လက်ရှိအသက်ပြည့်နေတဲ့ လူကြီးတွေက လုပ်ငန်းအတွေ့အကြုံ လုပ်သက်အတွေ့အကြုံတွေကြောင့် မရှိမဖြစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ရှိနေကြပါတယ်။ ကျွန်မအလုပ်လုပ်ရတဲ့ ဌာနမှာ ဌာနမှူးက နောက် ၃ လ ဆိုရင် အသက် ၆ဝ ပြည့်ပါပြီ။ ပင်စင်ယူရတော့မယ်။ ကျွန်မတို့အားလုံးစိတ်ဝင်စားနေကြတာက […]


weiweiFebruary 18, 20121min30318
ဒီကနေ့ အငယ်ဆုံးတူလေးရဲ့ concert ကို အားပေးချင်တာနဲ့ မအားတဲ့ကြားထဲက အမျိုးသားဇာတ်ရုံကို အရောက်သွားခဲ့ပါတယ် … အချိန်နဲနဲစောသွားမိတာနဲ့ အပေါက်ဝကနေ ဟိုငေး ဒီငေး ဟိုတွေး ဒီတွေးနဲ့ ဦးဦးပါလေရာပို့စ်ကိုပါ သတိရသွားခဲ့ပါသေးတယ် .. ကလေးတွေ မိဘတွေ ကားအကောင်းစားတွေ … ချမ်းသာတဲ့မိဘတွေနဲ့ ကံကောင်းတဲ့ ကလေးငယ်တွေပေါ့ … ကလေးငယ်လေးတွေရဲ့ ဘဝအစမှာ ကြီးကျယ်ခမ်းနားမှုကို ခံစားနိုင်အောင် စီစဉ်ပေးနိုင်တဲ့ ILBC ကျောင်းကိုလဲ ချီးကျူးမိတယ် … marketing ကောင်းပုံကိုလဲ သတိထားမိရင်း ရွာထဲက ဆြာလေး ဂီဂီ ကိုလဲ သတိရမိသေးတယ် … ILBC က မူကြိုကို အထူးဂရိုစိုက်ပြီး အကောင်းဆုံး service ပေးခြင်းဖြင့် ကလေးမိဘတွေကို စွဲဆောင်နိုင်ပါတယ် … မူကြိုထားပြီးနောက် […]


weiweiNovember 25, 20111min43052
မြန်မာအိမ်အများစုမှာ ရိုးရာအယူအဆတစ်ခုလို အရိုးစွဲနေတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ယောက်ျား မိန်းမ ခွဲခြားဆက်ဆံလေ့ရှိတဲ့ သာဓကတစ်ခုလဲဖြစ်ပါတယ်။ အဝတ်အစားများကို သီးသန့်ခွဲလျှော်ခြင်းနဲ့ သီးသန့်မီးပူတိုက်ခြင်းကိစ္စပါပဲ။ ဟိုးအရင် အဝတ်လျှော်စက်တွေ မပေါ်ခင်တုန်းကတော့ မသိသာပေမယ့် အခုစက်တွေပေါ်လာချိန်မှာ နဲနဲတော့ ကသိကအောက်ဖြစ်ကြရလိမ့်မယ်ထင်ပါတယ်။ ကျွန်မတို့အိမ်မှာတော့ အဲဒီလိုပြသနာမရှိခဲ့ပါဘူး။ အဝတ်အစားတွေကို ယောက်ျားလေးပုဆိုးတွေကိုသပ်သပ်၊ အကျီတွေအားလုံးကို ယောက်ျားမိန်းမမခွဲခြားဘူး၊ မိန်းမထမီတွေကို သီးသန့်၊ အမျိုးအစားခွဲလျှော်လေ့ရှိပေမယ့် အဝတ်လျှော်စက်တစ်လုံးထဲပဲရှိပါတယ်။ တစ်လုံးထဲကိုပဲ အသုံးပြုတယ်။ မီးပူလဲ တစ်လုံးထဲပါပဲ။ အားလုံးကို တိုက်ပါတယ်။ ကျွန်မသူငယ်ချင်း လင်မယားနှစ်ယောက်ထဲနေပြီး အဝတ်လျှော်စက် ၂ လုံးတဲ့။ တစ်လုံးက ယောက်ျားအဝတ်တွေလျှော်ဖို့နဲ့ တစ်လုံးက မိန်းမအဝတ်တွေပဲလျှော်တယ်တဲ့။ မီးပူကလဲ ၂ လုံး၊ ထမီတိုက်ဖို့ တစ်လုံးသီးသန့်ထားတယ်တဲ့။ ဆပ်ပြာတောင်မှ ၂ တုံးထားခွဲပြီး သုံးတာတဲ့။ အံ့ဩကုန်နိုင်ဖွယ်ပါပဲ … ယောက်ျားတွေ […]


weiweiNovember 23, 20111min36722
နဲနဲတော့ကြာပါပြီ။ မပဒုမ္မာရေးခဲ့တဲ့ နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလားဆိုတဲ့ ဆောင်းပါးဖတ်ပြီးကထဲက ရင်ထဲမှာ ခံစားချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ FR ကြီးက နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ နိုင်ငံသားခံယူတာတွေကို အကောင်းဘက်က ရေးပြနေပြန်တော့ ပိုပြီး ခံစားလာရပါတယ်။ ကျွန်မက ပြည်တွင်းမှာနေတဲ့ ပညာတတ်လို့သတ်မှတ်နိုင်တဲ့သူတစ်ယောက်အနေနဲ့ တော်တော်လေး စိတ်ဓါတ်ကြံ့ခိုင်အောင် မွေးပြီးနေရသူဖြစ်ပါတယ်။ ကျွန်မရဲ့ ဆရာ ဆရာမတွေ၊ သူငယ်ချင်းတွေ အများစု နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး တချို့ဆို နိုင်ငံသားပါခံယူပြီး နေနေကြပါတယ်။ သူတို့မှာလဲ သူတို့အခက်အခဲနဲ့သူတို့မို့ နားလည်ပေးနိုင်ပါတယ်။ ကျွန်မအလုပ်ဝင်ခါစက အလုပ်အတူလုပ်တဲ့အဖွဲ့လေးက အင်ဂျင်နီယာ ၄ ယောက်အဖွဲ့ဖြစ်ပါတယ်။ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါ။ ကျွန်မတို့တစ်တွေက လုပ်ငန်းနဲ့ပတ်သက်ပြီး ဝါသနာပါကြတယ်။ တက်တက်ကြွကြွလဲ ရှိတယ်။ လုပ်နိုင်စွမ်းအားလဲ အများကြီးရှိကြပါတယ်။ ဒါပေမယ့် […]


weiweiOctober 22, 20111min37426
အခုတစ်ပတ်လုံးလုံး ကျွန်မအတွေးအားလုံးကို အကြောင်းအရာတစ်ခုထဲက လွှမ်းမိုးနေပါတယ်။ စတင်တွေးမိတာက ဖိတ်စာလေးတစ်စောင်ကြောင့်ပေါ့ … မင်္ဂလာဆောင်ဖိတ်စာလေးတစ်ခုပါ … ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ဖိတ်စာလေးမို့ လာနောက်နေတာများလားလို့ ဖိတ်စာကို ထပ်ခါထပ်ခါကြည့်မိတယ် … သေချာပါတယ် … ဘယ်လိုမှ မလွဲဘူး … မင်္ဂလာဆောင်မှာ သူမှသူအစစ် … ကျွန်မသူငယ်ချင်းအရင်းခေါက်ခေါက် အသက် ၄ဝ ထဲဝင်တော့မယ့် အပျိုကြီးမမ မင်္ဂလာဆောင်မှာတဲ့။ ကျွန်မတို့တွေ တက္ကသိုလ် တတိယနှစ်မှာစတင်ရင်းနှီးပြီး တစ်ဆောင်ထဲတစ်ခန်းထဲအတူနေခဲ့ကြတယ်။ ကျောင်းပြီးသွားပေမယ့်လဲ အဆက်အသွယ်မပြတ်ပဲ နေခဲ့ကြလို့ သူ့အကြောင်းကောင်းကောင်းသိနေတာပေါ့။ အိမ်ထောင်ပြုဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပြီး အကြိမ်ကြိမ်လွဲခဲ့လို့ လက်လျော့ခဲ့တာကြာပြီ။ သေချာပေါက် အပျိုကြီးဘဝနဲ့ ဒီတစ်သက်နေပါတော့မယ်လို့ ဆုံးဖြတ်ပြင်ဆင်နေခဲ့တာ ကျွန်မအသိဆုံးပဲလေ။ အခုမှ ကောက်ခါငင်ခါ ဆိုင်းမဆင့် ဗုံမဆင့်နဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကအထိတောင် ဘာအစီအစဉ်မှ မရှိခဲ့တာသေချာပါတယ်။ […]


weiweiSeptember 20, 20111min23717
ဒီကနေ့ ဥပုသ်နေ့မှာ အလုပ်ထဲမှမိတ်ဆွေတစ်ယောက်အလှူကို သွားခဲ့ပါတယ်။ အလှူလုပ်တဲ့နေရာက ဗဟိုလမ်းမပေါ် သမိုင်းကုန်းကျော်အနီးက မေတ္တာဝါဒီပရဟိတဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းဖြစ်ပါတယ်။ ငါးထပ်ကျောင်းဆောင်တစ်ခုနဲ့ ၉ ထပ်ကျောင်းဆောင်တစ်ခုတွေ့ခဲ့ပါတယ်။ ဆရာတော်ဆွမ်းဘုန်းပေးရာနေရာနဲ့ ရေစက်ချအမျှပေးဝေတဲ့နေရာက ငါးထပ်ကျောင်းဆောင် ပထမထပ်မှာ ဖြစ်ပါတယ်။ ကျွန်မတို့လဲ ရေစက်ချချိန်အမှီရောက်သွားပြီး နဲနဲပါးပါး စပ်စုခဲ့ရသလောက် မိဘမဲ့ကျောင်းသား ၄၀ဝ ကျော်ရှိတယ်လို့သိရပါတယ်။ အငယ်ဆုံး ၂ နှစ်ကနေ တက္ကသိုလ်ကျောင်းသားအရွယ်အထိ ရှိပါတယ်။ ယောက်ျားလေးများကိုသာတွေ့ခဲ့ရပြီး မိန်းကလေးလဲလက်ခံပါတယ်တဲ့။ အနီးအနားက သီလရှင်ကျောင်းတစ်ကျောင်းမှာ ထားလို့ ကျွန်မတို့မတွေ့ခဲ့ရပါဘူး။ မိန်းကလေး အယောက် ၅ဝ လောက်ရှိပါတယ်။ ဘုန်းကြီးနဲ့ကျောင်းသားအားလုံးစာအတွက် အာရုံဆွမ်း တစ်သိန်းခွဲ၊ နေ့ဆွမ်း နှစ်သိန်းခွဲနဲ့ ညနေစာ ကလေးတွေအတွက် တစ်သိန်းသတ်မှတ်ထားပါတယ်။ နေ့ဆွမ်းအတွက် ရေစက်ချတရားချီးမြှင့်ပြီး ဆရာတော်၊ ဦးဇင်း၊ ကိုရင်နဲ့ ဧည့်သည်များကို အရင်ကျွေးမွေးပါတယ်။ ကိုရင်ကလေးများ […]


weiweiSeptember 13, 20111min34524
ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး အကြောင်းတွေ သတင်းမှာကြားရ ဖတ်ရတာများနေပေမယ့် ဖာသိဖာသာပဲ နေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအနေနဲ့က ဆင်းရဲသားအခြေအနေထဲမှာမပါသလို ဆင်းရဲသားတွေကို ကူညီပေးနိုင်တဲ့ သူဌေးအခြေအနေထဲမှာလဲမပါဘူး။ ရာထူးအာဏာနဲ့ကူညီပေးနိုင်သူလဲမဟုတ်လေတော့ ဒီကိစ္စ ကျွန်မနဲ့မဆိုင်ဘူးလို့သာ သဘောထားခဲ့ပါတယ်။ ဒီအပတ် ဟင်းချက်စရာဝယ်ဖို့ ဈေးသွားတဲ့အခါမှာ အတွေးတစ်ခု တွေးမိသွားပါတယ်။ ကျွန်မက ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါ city mart မှာ လိုအပ်တာတွေဝယ်ပါတယ်။ လှည်းတန်းဈေးမှာ အသီးအရွက်သားငါး ဝယ်ပါတယ်။ ဈေးဝယ်တဲ့အခါတိုင်းမှာ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေဆီမှာ ဝယ်လေ့ဝယ်ထ နဲပါတယ်။ ဒီအပတ်တော့ စိတ်ကူးပြောင်းလိုက်တယ်။ လမ်းဘေးက ဗန်းကလေးတွေနဲ့ ချရောင်းရတဲ့ ဈေးသည်လေးတွေဆီက ဈေးမဆစ်ပဲနဲ့ ဝယ်ပါတယ်။ သူတို့ဆီမှာ မရနိုင်တာကိုမှ ဆိုင်ကြီးကြီးကနေ ဝယ်တယ်။ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးမှာ တစ်နိုင်တစ်ပိုင်ကူညီချင်တဲ့စိတ်နဲ့ပေါ့။ ပစည်းတွေ မနိုင်မနင်းဖြစ်နေပေမယ့် အမြဲတမ်းလမ်းလျှောက်ပြီး အိမ်ပြန်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဆိုက်ကားစီးပြီးပြန်လိုက်ပါတယ်။ […]


weiweiSeptember 9, 20111min25921
အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်တာများလာတာနဲ့အမျှ အလုပ်မလုပ်ချင်တာနဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း တောင်စဉ်းစား မြောက်စဉ်းစားနဲ့ မျက်စိရှေ့တည့်တည့်က စားပွဲကြီးကို ကြည့်နေမိတယ်။ စားပွဲကြီးက ကြီးလွန်းပြီး လေးလွန်းတယ်။ လူ ၄ ယောက်လောက်မမှ ကြွတယ်ဆိုရုံလေးဖြစ်ပြီး အခန်းအပြင်ကို ထုတ်လို့မရပါဘူး။ ကြည့်ရတာတော့ လက်သမားဆရာက အခန်းထဲမှာပဲ အဲဒီစားပွဲကြီးကို လုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။ စားပွဲမှာပါတဲ့အမှတ်အသားအရ ကျွန်မထက် အသက်ကြီးတဲ့ စားပွဲကြီးဖြစ်နေပါတယ်။ နာဂစ်တုန်းက ခေါင်းမိုးလန်သွားလို့ တစ်ခန်းလုံး ရေကြီးသွားတာတောင်မှ မပျက်စီးပဲ ကြံ့ကြံ့ခိုင်နိုင်တဲ့ ဒီစားပွဲက တော်ရုံထုထည်တော့ မဟုတ်ပါဘူး။ စားပွဲပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြီး အခုတော့ ကျွန်မစားပွဲဖြစ်နေရှာတယ်။ လူနဲ့စားပွဲနဲ့မလိုက်ပေမယ့် အပြင်ထုတ်မရတဲ့ပြသနာကြောင့် ကျွန်မကပဲ အမွေဆက်ခံခဲ့ရပါတယ်။ စားပွဲပေါ်က ခပ်စုတ်စုတ်ကွန်ပျူတာနဲ့ စားပွဲနဲ့တော့ လိုက်ဖက်နေသား …အလုပ်ရှုပ်ချင်ယောင်ဆောင်ဖို့ တမင်ရှုပ်ထားတဲ့ စာရွက်ပုံတွေကလဲ စားပွဲပေါ်မှာ ဖရုံဖရဲနဲ့ … […]


weiweiSeptember 4, 20111min35433
အခုရက်ပိုင်း အလုပ်နဲနဲပါးနေတုန်း ရွာထဲကို အချိန်ပြည့်လည်နေမိတယ်။ ဦးစံရှားနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဌိတွေကိုမြင်တော့ ချက်ခြင်းဖတ် ချက်ခြင်းစဉ်းစား ချက်ခြင်းဖြေနဲ့ အဖြေမမှန်တာတွေကို ခပ်လောလောဖြေမိလိုက်ပါတယ်။ အဲဒီတော့ ကျွန်မတစ်ယောက်ထဲ ကြိတ်ရယ်နေမိရင်း ငယ်ငယ်တုန်းက အကြွားသန်ခဲ့ပုံလေးတွေကို ပြန်မြင်ယောင်လာပါတော့တယ် … ကျွန်မငယ်ငယ်က တော်တော်ဆိုးခဲ့တာ … အလယ်တန်းလောက်ကထဲက ဆရာ ဆရာမတွေရဲ့ အမြင်ကတ်ခြင်းကို ခံခဲ့ရတယ်။ အခု လူကြီးစိတ်နဲ့ပြန်တွေးလိုက်တော့မှ သူတို့အမြင်ကတ်လဲ ကတ်ချင်စရာပါပဲ။ ကျွန်မရဲ့ကလေးဘဝ ဉာဏ်ရည်ဉာဏ်သွေးက တော်တော်မြင့်ခဲ့ပါတယ် (ကြုံတုန်းကြွားတာ)။ ဘာကျူရှင်မှလဲ မတတ်ပဲနဲ့ စာတွေကို အလိုလိုရနေပါတယ်။ အရင်ဘဝကထဲကများ သင်ခဲ့ဖူးလားတောင်ထင်ရတယ်။ ပြသနာက စာတွေရနေတာကို ငြိမ်ငြိမ်မနေတဲ့ကိစ္စ။ ဆရာမက စာတိုင်ပေးပြီး ပြန်ဆိုခိုင်းလိုက်တာနဲ့ ကျွန်မက အလွတ်ရနေပြီ။ စာအုပ်ကိုပိတ်လိုက်ပြီး ခပ်ကြွားကြွားလေး အလွတ်ရွတ်ပြလိုက်တော့ ဆရာမအမြင်ကတ်ပြီ။ ဆရာမလဲ စဉ်းစားပြီလေ။ ဒီကလေးမ […]


weiweiJuly 28, 20111min38620
လုပ်ချင်တာကတစ်မျိုး လုပ်သင့်တာကတစ်မျိုး၊ စားချင်တာကတစ်မျိုး စားသင့်တာကတစ်မျိုး၊ နေချင်တာကတစ်နေရာ နေသင့်တာကတစ်နေရာ၊ ချစ်ချင်တာကတစ်ယောက် ချစ်သင့်တာကတစ်ယောက်၊ ဝတ်ချင်တာကတစ်မျိုး ဝတ်သင့်တာကတစ်မျိုး စသဖြင့် မတူညီမှုတွေ ဆန္ဒနဲ့ဘဝ ထပ်တူမကျမှုတွေ လောကကြီးထဲမှာ စဉ်ဆက်မပြတ်ကြုံနေကြရမှာပါ … အသိဉာဏ်ရှိသူများကတော့ လုပ်သင့်တာကိုပဲ ရွေးချယ်လုပ်ကိုင်ကြပြီး ပုံစံခွက်ထဲမှာ နေထိုင်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေထိုင်ကြတာ တွေ့ရပါတယ်။ အရသာမကြိုက်ပေမယ့် ကျန်းမာရေးအတွက် သင့်တော်သည့်အစားအစာများကို စားသောက်ခြင်းဖြင့် အသက်ကို စောင့်ရှောက်ကြပါတယ်။ သူ့နေရာနဲ့သူ သင့်တော်တာကို ဝတ်ဆင်ခြင်းဖြင့် စိတ်လွတ်လပ်မှုကိုချုပ်တည်းပြီး ဂုဏ်ရှိအောင်ဝတ်ဆင်ကြပါတယ်။ ကိုယ်ချစ်တဲ့သူကို လက်မတွဲသင့်တာနဲ့ မချစ်ပေမယ့် သင့်တော်တဲ့သူနဲ့ လက်ထပ်ပြီးအိမ်ထောင်တည်ထောင်ကြတယ်။ မိဘအိမ်မှာနေချင်ပေမယ့် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးမှာ သွားနေရင်း ဘဝကို ရုန်းကန်ကြတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဘဝဆိုတာ တိုတိုလေးပါ။ နှစ်ပေါင်း ၄ဝ လောက် ပုံစံခွက်နဲ့နေထိုင်ခဲ့ပြီးချိန်မှာ […]


weiweiJune 25, 20111min46319
ကျွန်မတို့ သူငယ်ချင်းတွေ ရောက်တက်ရာရာပြောကြရင်း လူကောင်းလူတော်နဲ့ လူတော်လူကောင်းအကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်မကို သူငယ်ချင်းက လူကောင်းလူတော်ဖြစ်ချင်လား လူတော်လူကောင်းဖြစ်ချင်လားလို့ မေးပါတယ်။ စကားလုံးနှစ်ခုက တူမလိုလိုနဲ့ သေချာစဉ်းစားလိုက်တော့ မတူတာကို တွေ့လိုက်ရပါတယ်။ ကျွန်မကတော့ လူကောင်းလူတော်ပဲ ဖြစ်ချင်လို့ ဖြေလိုက်ပါတယ် …. ရှေးယခင် ဘိုးဘွားမိဘများလက်ထက်တုန်းက လူတွေမှာ လူကောင်းတွေများပြီး လူတော်နဲပါတယ်။ အကျင့်စာရိတ္တကောင်းပြီး ရိုးသားကြသူများ ပေါများခဲ့ကြပြီး အသိပညာအတတ်ပညာသင်ယူရန် အခွင့်အရေးနဲပါးခဲ့ခြင်းကြောင့် လူကောင်းပြီးမှ လူတော်ဖြစ်နိုင်လို့ လူကောင်းလူတော်ခေတ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ (လူကောင်းမှ လူတော်ဖြစ်နိုင်) အခုခေတ်ကျတော့ ပြောင်းပြန်ဖြစ်သွားတယ်။ လူတွေမှာ လူတော်များလာပြီး လူကောင်းနဲလာပါတယ်။ အသိပညာ အတတ်ပညာတွေသင်ကြားနိုင်လို့ လူတော်တွေပေါများလာပေမယ့် အကျင့်စာရိတ္တပိုင်းမှာ အားနဲလာပါတယ်။ ပညာပိုသင်နိုင်မှသာ အသိဉာဏ်တိုးမြင့်လာပြီး လူကောင်းဖြစ်လာမည့် အခွင့်အရေးရနိုင်မည်ဖြစ်ပေမယ့် ပညာသင်ယူခွင့်မရနိုင်တဲ့ လူတန်းစားများအတွက် လူကောင်းဖြစ်ရန် အခွင့်အရေးနဲလာပါတယ်။ […]


weiweiJune 21, 20111min33021
သူငယ်ချင်းတစ်ချို့ရဲ့ သားသမီးတွေတောင် ၁ဝ တန်းအောင်သွားကြပါပြီ။ အချိန်တွေကုန်တာ တော်တော်မြန်တာပဲနော်။ ဒီနှစ်အောင်တဲ့အထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့သမီးက ၆ ဘာသာဂုဏ်ထူးထွက်တယ်တဲ့။ နောက်တစ်ယောက်ရဲ့ သမီးကတော့ အောင်ရုံပဲအောင်ပါတယ်။ ကျွန်မနဲ့ ကလေးအမေတွေနဲ့ သူငယ်ချင်းတွေဆိုတော့ သမီးတွေကို ဘယ်မေဂျာယူရင် ကောင်းမလဲဆိုတာ ဝိုင်းဝန်းအကြံပေးရင်း ဦးနှောက်တော်တော်ချောင်သွားပါတော့တယ် ….. ကလေးတွေ ဘာကို ဝါသနာပါလဲ ? ဘာကို စိတ်ဝင်စားလဲ ? လို့ အရင်ဦးစားပေးပြီး မေးကြည့်လိုက်ပါတယ်။ သိပ်တော်တဲ့ကလေးတွေ … ဘာကိုမှ စိတ်မဝင်စားပါဘူးတဲ့၊ ဘာဝါသနာပါမှန်းလဲ မသိဘူးတဲ့၊ မေမေကောင်းသလိုပဲ စီစဉ်ပါတဲ့။ ကောင်းရောပဲ …. စိတ်တိုသွားပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ ခွင့်လွှတ်လိုက်ပါတယ်။ ကျွန်မ ၁ဝ တန်းအောင်တဲ့အထိ ဘာဝါသနာပါမှန်း တကယ်မသိခဲ့လို့ပါ။ ဘာဖြစ်ချင်မှန်းလဲ မသိခဲ့ပဲ ခပ်ပေါ့ပေါ့နေခဲ့မိပါတယ်။ ဝါသနာဘာပါမှန်း နောက်မှသိခဲ့ပေမယ့် […]


weiweiMay 27, 20111min19912
အရင်အပတ်က ငယ်သူငယ်ချင်းတွေ ဆုံမိခဲ့ကြပါတယ်။ လူ့ဘဝသက်တမ်း ထက်ဝက်ကျော်လာပြီဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းလေးယောက် တစ်နေရာထဲမှာ တွေ့ဆုံနိုင်တဲ့ အခွင့်အရေး အလွန်နဲပါးလာခဲ့ပါတယ်။ ကျွန်မသက်တမ်းတလျှောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ် လေးခုမှာ ပညာသင်ခဲ့ဖူးတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ အများအပြားရှိခဲ့ပေမယ့် စက်မှုတက္ကသိုလ်ဝင်းထဲက ဂျီဟောလ်ဆောင်မှာ တစ်ခန်းထဲအတူနေခဲ့ကြတဲ့ သူငယ်ချင်း ၄ ယောက်ကတော့ အချစ်ဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြပါတယ်။ 1998 ကျောင်းပြီးကထဲက တစ်ယောက်တစ်လမ်းစီလျှောက်ခဲ့ကြရင်း ရံဖန်ရံခါမှသာ ၄ ယောက်စုံနိုင်ပါတော့တယ်။ ၆ နှစ်လောက် မဆုံခဲ့ကြတဲ့သူတွေ ပြီးခဲ့တဲ့အပတ်က စင်ကာပူရောက်နေတဲ့ သူငယ်ချင်း ရန်ကုန်ကို ခဏပြန်လာတာနဲ့ အားလုံးတွေ့ရအောင် အတင်းစီစဉ်ပြီး ကျွန်မအိမ်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတော့တယ် … ပြောမနာ ဆိုမနာ အားမနာ ပါးမနာ ဝေဖန်ရန်ဖြစ်ခဲ့ကြတဲ့ ကျွန်မတို့တွေ […]