ဂ်စ္စူDecember 17, 20102min1321
‘အကြွင်းမဲ့ ပွင့်လင်း ပရိယာယ်ကင်းရေး’ဟူသည့် ရည်ရွယ်ချက်ဖြင့် ရရှိထားသမျှလျှို့ဝှက်ချက်များကို အများပြည်သူရှေ့ မှောက်ချပြနေသော ဝီကီလိခ်စ် အင်တာ နက် ဝက်ဘ်ဆိုက်နှင့်ပတ်သက်၍ အမေရိကန် သံတမန်ဆိုင်ရာ လျှို့ဝှက်ကြေးနန်းများ ပေါက်ကြားမှုအပေါ် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကီဗင်ရပ်ဒ်က အမေ ရိကန်နိုင်ငံကိုသာ ပြစ်တင်ဝေဖန်လိုက်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ တာဝန်အရှိဆုံးမှာမူ ယင်းသို့ ဆိုလိုက်ခြင်းသည် ဝီကီလိခ်စ် အင်တာနက်ဝက်ဘ် ဆိုက်ထူထောင်သူ ဂျူလီယာအက်ဆင်းကို ထောက်ခံပြောဆိုခြင်း မဟုတ်ဘဲ ဥပဒေကြောင်းအရ မူလ ပေါက်ကြားသူသာလျှင် တာဝန်အရှိဆုံးဟု ဆိုလိုခြင်းသာဖြစ်ကြောင်း ကီဗင်ရပ်ဒ်က ပြောသည်။ သို့ရာတွင် ယင်းဆိုလိုချက် သည် ဩစတြေးလျအစိုးရ၏ သဘော ထားတော့ မဟုတ်ပါချေ။ ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကမူ သူတို့နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျူလီယာအက်ဆင်း၏ လုပ်ရပ်သည် တာဝန်မဲ့ လှကြောင်း အပြစ်တင်ပါသည်။ လောလောဆယ်အားဖြင့် […]


kaiDecember 1, 20101min1013
ဝိကီလိခ့်ကနေ မြန်မာနဲ့ ပါတ်သက်တာ ဘာတွေထွက်သလည်း အချိန်ရရင်ရသလောက်ရှာနေပါတယ်..။ အဲဒါတခြား မြန်မာနဲ့ဆိုင်တာလေးတွေတွေ့ရင် တင်ကြပါဦး.။ အခုလောလောဆယ်တော့ .. မြန်မာပြည်အပေါ် ယူအက်စ်ရဲ့ အင်ထရက် ဘယ်လောက်ရှိသလဲ ခန့်မှန်းနိုင်မဲ့ ဇယား-ပုံတခုတင်ထားပါမယ်..။ အဝိုင်းရဲ့အရွယ်က စာတွေအဝင်ထွေက် ပမာဏဖြစ်ပြီး အရောင်ကတော့ .. အပြာဆို ထိပ်တန်းလျှို ့ဝှက်ဖြစ်ပြီး ..အစိမ်းကတော့ ..သာမန်ရုံးတွင်းစာပေါ့..။ ဇယားအရ ..မြန်မာပြည်အပေါ် ယူအက်စ်ရဲ့ စိတ်ဝင်စားမှုဟာ ၂၀၀၁ကနေခုန်တက်လာတာတွေ့ရပြီး .. ဘေးနိုင်ငံတွေနဲ့စာရင် အရောင်ရင့်တာမို ့.. အရေးကြီးတဲ့အဆင့်ရှိပါတယ်.။ ဒါတောင် မြန်မာပြည်ဟာ ယူအက်စ်သံအမတ်အဆင့် မထားရှိတဲ့ တိုုင်ပြည်ဖြစ်ပါတယ်..။စကေးအရ တွက်ကြည့်ရင် ..မြန်မာပြည်ကို မြောက်ကိုရီးယားထက်အလေးထားဟန်ရှိပြီး.. အရှေ ့တောင်အာရှမှာလည်း ထိပ်ဆုံးရှိနေတယ်လို့ ထင်ကြောင်းပါ..။ သတိတော့ ထားကြပေါ့နော..။ ယူအက်စ်ရဲ့ ထောက်လှမ်းရေးစံနစ်အရ ဝိကီလိခ့်ကစာတွေကို စောင့်ကြည့်နေပြီဖြစ်တာမို ့.. […]